ပြန်စာ
(၁)
AI Overview
ဋ္ဌာန (ချိတ်ပါသော ဋ-သံလျင်းချိတ် ဆင့်ထားသော ဋ္ဌ):
• အဓိပ္ပာယ်: ပါဠိဘာသာ သဒ္ဒါ သို့မဟုတ် ပါဠိဆင်းသက်သည့် ဝေါဟာရများတွင်သာ အသုံးပြုရိုး ရှိသည် (ဥပမာ - ပဒဋ္ဌာန်)။
• မြန်မာစာတွင် ရိုးရိုး "နေရာ" အဓိပ္ပာယ်ဖြင့် "ဋ္ဌာန" ဟု ရေးခြင်းသည် သတ်ပုံမှားယွင်းခြင်း ဖြစ်သည်။
(၂)
သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ် ‘ဌာန’ကိုလဲ ဌ-ဝမ်းဘဲမှာ ‘ချိတ်’နဲ့ ‘ဋ္ဌာန’လို့ မင်းရေးလေ့ရေးထ ရှိပြန်တယ်။ အဲဒါ မဟုတ်ဖူးကွယ့်။ ဌဝမ်းဘဲမှာ ချိတ်မပါရဘူး။ ချိတ်မပါတဲ့ ‘ဌာန’မှ ‘နေရာ’ဆိုတဲ့အဓိပ္ပါယ်ကို ရနိုင်တယ်။ အေး…ချိတ်ပါတဲ့ ‘ဋ္ဌ’ရဲ့အဓိပ္ပါယ်ကတော့ ပါဠိဘာသာမှာသာ ရေးရိုးဖြစ်ပြီး ‘ဋ’ သံလျင်းချိတ်နဲ့ ‘ဌ’ဝမ်းဘဲ နှစ်လုံးကို ဆင့်ထားတာဘဲ။ အဲဒါကို ဗမာစာရေးရာမှာ လာသုံးရင် မှားတာဘဲကွယ့်။ တကယ်လို့ မင်းက ‘ဆေးကုဌာန’လို့ရေးချင်ရာမှာ ‘ဆေးကုဋ္ဌာန’လို့ ရေးမိရင် ‘ဆေး’ကုတဲ့ ‘ဌာန’ မဖြစ်နိုင်တော့ဘူး။ ‘ဆေးကုဋ်-ဌာန’သာဖြစ်နေတော့မယ်။
အခုခေတ်တော့ဖြင့်ကွယ် ရဲ ‘ဌာန’တွေကိုလဲ ဆိုင်းဘုတ်ဆွဲတဲ့နေရမှာ ချိတ်နဲ့ ‘ဋ္ဌာန’လို့ စာလုံးပေါင်းလိုပေါင်း၊ အဲဒါတင် မကဘူး။ ‘ဏ’ကြီးနဲ့ ‘ဋ္ဌာဏာ’လို့ပေါင်းလိုပေါင်း၊ အမျိုးမျိုးပေါင်းနေကြတာပါဘဲကွယ်။
ကျမ်းညွှန်း
ဗိုလ်မှူးဘသောင်း(မောင်သုတ)၊ မြန်မာစာ မြှင့်ချင်လွန်းလို့၊ စိုးစံထိုက်စာစဉ်၊ ရန်ကုန်မြို့၊ ဒုတိယအကြိမ်၊ ၁၉၇၇ ခု၊ နှာ-၆။
(၃)
ဌ နဲ့ ဋ္ဌ မတူပါ။
ဋ္ဌ = ထဝမ်းဘဲ မဟုတ်ပါ။
ရဲဌာန = တောင်အာရှဒေသတွင် ရဲစခန်း သို့မဟုတ် အုပ်ချုပ်ရေးနယ်မြေတခုကို ရည်ညွှန်းသည့် "သနာ" (thana / थाना) ၏ သဘောတရားသည် မြန်မာစကားလုံး "ဌာန" (htana) နှင့် အမြစ်စကားလုံး တူညီကြပါသည်။
Thana (ဌာန) ဆိုသည်မှာ တောင်အာရှနိုင်ငံများတွင် “ဘူတာရုံ” (Station) သို့မဟုတ် “နေရာဒေသ” (Place) ဟု အဓိပ္ပာယ်ရသည်။
Thana ဟူသော စကားလုံးသည် သက္ကတဘာသာ (Sanskrit) စကားလုံးဖြစ်သော sthana သို့မဟုတ် sthanak မှ ဆင်းသက်လာသည်။ ယင်းစကားလုံး၏ အဓိပ္ပာယ်မှာ “နေရာ” သို့မဟုတ် “ရပ်တည်ရာ” ဖြစ်သည်။ နောက်ပိုင်းတွင် ပရာကရစ်ဘာသာ (Prakrit) အသွင်သို့ ပြောင်းလဲလာရာမှ thana ဟူသော စကားလုံး ဖြစ်ပေါ်လာသည်။
- ဗြိတိသျှအိန္ဒိယခေတ် သမိုင်းတွင် Thana — သီးခြားစီ အုပ်ချုပ်ရေးလုပ်ငန်းအားလုံးကို ဆောင်ရွက်ရန် အရွယ်အစားငယ်လွန်းသည်ဟု သတ်မှတ်ထားသော မင်းပိုင်နယ်မြေများ (Princely States) ကို စုပေါင်းထားသည့် အုပ်ချုပ်ရေးအဖွဲ့တခုကို ခေါ်ဆိုခဲ့သည်။
- Thane မြို့ — Sthana (ဘူတာရုံ) ဟူသော စကားလုံးမှ အမည်ရလာသော အိန္ဒိယနိုင်ငံရှိ မြို့တမြို့ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ကွန်ကန်ဒေသခွဲ (Konkan Division) တွင် တည်ရှိသည်။
- Thana Bhawan မြို့ — စာလုံးအတိုင်း အဓိပ္ပာယ်မှာ “ဘူတာရုံအဆောက်အအုံ” (Station House) ဖြစ်သည်။ Thana ဟုလည်း အတိုကောက် ခေါ်ဆိုကြပြီး အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်ပြည်နယ် (Uttar Pradesh) တွင် တည်ရှိသော မြို့တမြို့ ဖြစ်သည်။
မှတ်ချက်။ ဤနေရာတွင် Thana သည် အဓိပ္ပာယ်နှင့် အသုံးအနှုန်းအလိုက် ဘူတာရုံ၊ နေရာဒေသ သို့မဟုတ် အုပ်ချုပ်ရေးနယ်မြေတခုကို ရည်ညွှန်းနိုင်သည်။ အကြောင်းအရာအလိုက် အဓိပ္ပာယ်ကွဲပြားသည်။
ကမ္မဌာန်း (ကမ္မဋ္ဌာန်း)
ကျန်းမာရေးဌာန
ကိုယ်သဏ္ဌာန်
ကုဋ္ဌနူနာ
ဆဋ္ဌမ
ဌပနာတိုက်
ဌာနချုပ်
ဌာနစိတ်
ဌာနန္တရ
ဌာနပိုင်မင်း
ဌာနမှူး
ဌာနီ
ဌာန်ကရိုဏ်းကျ
ဌာန်ကုန်
ဌာပနာ (ပါဠိ = ဌပန = ထားခြင်း)
ဌာပနာတိုက်
ဌီ (ဥပါဒ်၊ ဌီ၊ ဘင်)
ဒိဋ္ဌ
နေရာဌာန
ပဋ္ဌာန်း
ပဌာန်းပါဠိ
ပြဋ္ဌာန်း
ပုံသဏ္ဌာန်
မိုးလေဝဿဌာန (ယခင်သုံး)
ရွှေမုဋ္ဌော
ရာထူးဌာနန္တရ
ဝတ်ဌာနာ
သဏ္ဌာန် (ပုံပန်း၊ လုံးရပ်၊ အသွင်အပြင်)
သန္တာကျောက်တန်း၊
သန္တာန် (အစဉ်အဆက်)၊
သန္ဓေကောင်း၊
သန္ဓေတားဆေး၊
သန္နိဋ္ဌာန်၊
သန္နိပတ်၊
သန္နိပါတ်နာ၊
သူဌေး (သူဋ္ဌေး)
သူဌေးသူကြွယ်
အဋ္ဌကထာ
အဋ္ဌမ
အဋ္ဌာရသအတတ်
ဥက္ကဋ္ဌ (ကဝိဓဇ သတ်ပုံကျမ်း) = လူကြီး။
ဥက္ကဋ္ဌ (ပါဠိ) = လွန်ကဲသည်။ လွန်မြတ်သည်။ ထူးမြတ်သည်။
ပဌမ (ပါဠိ) = တခုမြောက်
ပထမ = (သကတ္တ ခေါ် သင်္သသကြိုက် ခေါ် ဆန်းစ်ခရင် ခေါ် သင်္သကရိုက်) = တခုမြောက်။
ပဌမ (ပါဠိ) နဲ့ ပထမ (သက္ကတ) မူကွဲတွေဖြစ်တယ်။ နှစ်မျိုးလုံးမှန်တယ်။
မှတ်ချက်
၁။ မူရင်းစာမှာ ‘ပဌမ’ လို့ရေးထာတာကို ‘ပထမ’ လို့ မပြင်ရပါ။ ပြင်နေကြတယ်။ မလုပ်ကောင်းပါ။
၂။ အရင်က ငွေတဆယ် ပိုက်ဆံစက္ကူမှာရိုက်ထားတဲ့ ‘ဋ္ဌာန’ မမှန်ပါ။
၃။ အရင်က သတင်းစာတစောင်မှာ ပုံနှိပ်တာတဲ့ ‘ပဋ္ဌမဆု’ မမှန်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment