တခြားနိုင်ငံကြီးတခုမှာ ဆယ်စုနှစ်ပေါင်းများစွာနေထိုင်တဲ့ မိတ်ဆွေတဦးဆီကို မေးပါတယ်။
- လက်ရေးနဲ့စာက
ဘယ်ခုနှစ်ကပါလဲ။ တယောက် နဲ့ တခုလောက် ကို မှန်အောင်ရေးကြောင်း သက်သေခံအဖြစ်
သုံးလို့ရမလား။
- ၁၉၆၈ ခုနှစ်မှာ ကိုးတန်းကျောင်းသား
ညီရဲ့စာပါ၊ သုံးနိုင်ပါတယ်။
ဟုတ်။ ကျေးဇူး။
၁၉၆၈ ခုနှစ်ဆိုရင် ကျွန်တော်က
ဆေးကျောင်းတက်နေရပြီ။
တတိုင်းတပြည်လုံးမှာ 'တယောက်' နဲ့ 'တခု' ကို မှန်အောင်ရေးခဲ့ကြပါတယ်။
အခုတော့ -
'တယောက်' နဲ့ 'တခု' မဟုတ်တော့ဘဲ၊
တမျိုးတမည်ရေးတာတွေကို
တမျိုးတမည်လောက်ကိုသာ သိကြသူတွေက ဖတ်ကြပါသတဲ့။
သတ်ပုံမှန်နဲ့ရေးတဲ့ လက်ရေးမူတွေ စုထားတာ
မနည်းတော့ပါ။
ပြန်ထုတ်၊ ပြန်တင်သမားတွေက
ထင်သလိုပြင်မရလို့ သဘောတော်မကျ။
သူတို့ခေတ် တစ်ကြကုန်၏။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment