၁။ ဆရာရှင့် လက်ဖက်ရည်လား လက်ဘက်ရည်လား အမှန်သိချင်လို့ပါ။ (လက်ဖက်ရည်။ အရင်က လ္ဘက်ရည်လို့လည်း ရေးပါတယ်။)
၂။
လက်နှစ်ဖက်၊ လက်နှစ်ဘက်၊ ဘယ်ဟာ အမှန်ပါလဲဆရာ။ (လက်နှစ်ဘက်နဲ့ ဖက်ထားသည်။)
၃။
သူ့ဖက်/ကိုယ့်ဖက် နဲ့ သူ့ဘက်/ကိုယ့်ဘက် ဘယ်လိုရေးတာ အမှန်လည်းဆိုတာ သိပါရစေဆရာ။
(သူ့ဘက် ကိုယ့်ဘက်။)
၄။
ဆရာမင်္ဂလာပါ။ မြန်မာစာမှာ လေးဖက်နာရောဂါကို ဖက်လား၊ ဘက်လား သိချင်ပါတယ်ဆရာ။
(လေးဘက်နာ။)
၅။
ဆရာ မေးပါရစေရှင့်။ မြန်မာစာမှာ ဖက် နှင့် ဘက် ရဲ့ အသုံးအနှုန်းလေး သိပါရစေရှင့်။
ဘက်
ဘက်စုံတော်သည်
ဘက်ညီသည်
ဘက်ထရီ
ဘက်မလိုက်လှုပ်ရှားမှု
ဘက်မဲ့ကြုံးသား
ဘက်မဲ့ကြုံးသား
ဘက်ရိုက်ကစား
ဘက်လဲတကင်း
(ဖက်လည်းတကင်း = စုံမက်နှစ်သက်ဘွယ်ပြုသည်)
ဘီလူးသဘက်
(ဘီလူးသားဘက်)
ဘီလူးသားဘက်
သန်ဘက်ခါ
သူ့ဘက်ကိုယ့်ဘက်
တောင်ဘက်မြောက်ဘက်
ဖက်
ဆန့်ကျင်ဖက်
တဖက်တလမ်း
ဖက်၍ထားသည်
ဖက်ကတော့
ဖက်ခွက်စား
ဖက်ခွက်နာ
ဖက်စပ်လုပ်ငန်း
ဖက်စိမ်းရောင်
ဖက်ဆွတ်ပင်
ဖက်ဆွတ်မိုး
ဖက်ဆွတ်ရေ
ဖက်ညွန့်
ဖက်တွဲ
ဖက်ထစ်
= အမြဲမကွာ
ဖက်ထုပ်
ဖက်ဖူးဆင်
ခင်ခင်ကြိုက်တယ်
ဖက်ဖူးရောင်
ဖက်ပြိုင်
ဖက်ယမ်းနမ်းရှုပ်
ဖက်ယှဉ်ဖက်တွဲ
ဖက်ယားပင်
ဖက်ရမ်း
ဖက်ရှင်ဝတ်
ဖက်လဲတကင်း
= စုံမက်နှစ်သက်ဘွယ်ပြုသည်
ဖက်သန်းပင်
ဖက်အုပ်ပင်
ဖက်ဆေးပေါ့လိပ်
ရှမ်းဖက်လိပ်
လက်ဖက်ခြောက်
သွားဖက်လာဖက်
ပွေ့ဖက်ထားသည်
ပေါင်းဖက်သည်
တင့်လှပေဟန်
တင့်လှပေဟန် ဖက်မဲ့ရန်တည့်
ခြောက်တန်နတ်ရွာ ဘုံကလာသို့ ပြာပြာလတ်လတ် မွတ်မွတ်ရေးချေ ထုံးနေမကျော ပန်းရောဆံကြာ
ချတိုင်းသာလျှင် ရွှေဝါဖိတ်ရွှင်း ထည်ချင်းစံပယ် နံ့ကြွယ်လှိုင်ကြူ မဉ္ဇူမျက်မည်း
ပေါ်ထပ်စည်းနှင့် မရည်းမထင် ဖြုတ်ချည်းမြင်က နတ်ပင်ယိုးမှား ဝိုးဝါးတွေးချွတ်
စိတ်လုံးညွတ်သည် ဘုံထွတ်နန်းတောင် နေတို့လော ။
ရင့်မျှရွှေကျန် ရွက်မခြွန်တည့် ဝါကြန်နီမောင်း ပင်တိုင်းပြောင်းက
သက်ပေါင်းထင်ယုံ လှနိတုံလည်း ပန်းစုံရောရှက်၊ ထုံးမြတ်ရွက်နှင့် လိုက်ဖက်တင့်မှတ်
ကိုယ်ဝတ်တော်မှာ မလ္လာရနံ့ မွေးပျံ့ကြိုင်ရွှင်း ပယင်းရွှေရည် ပွတ်လဲ့ကြည်သို့
မြရည်ကြောစိမ်း လဲ့လဲ့ရှိမ်းမျှ ခပ်သိမ်းကလျာ ရှုဘွယ်သာလျှင် သိင်္ဂါလျှံတောက်
လက်ကောက်လက်ကြပ်၊ ရည်လျှပ်ဆံကျင်၊ မျှမထင်လည်း တိုင်းပင်တင့်မှတ် လှခေါင်ထွတ်သည်
ကြာနတ်တန်းဆောင် ပေတို့လော ။
ဆင့်ချခွေသွန် ရက်မချန်တည့် ယုဂန်အလုံး မြရည်ဖုံးသား လှဆုံးတင့်နေ
ထုံးသားရေလည်း ထွေထွေကြည့်တိုင်း ပြစ်မျိုးရှိုင်းသည် စံခိုင်းလှော်သစ်
ရွှေနှယ်နစ်မျှ တင်ပြစ်မစက် လဲ့လဲ့ညက်ကို ထက်နတ်ဘုံနေ ခုသာကြွေသို့ တင့်နေရှုမြော်
အ (နတ်သျှင်နောင်ရေးသားခဲ့တဲ့ ရာဇဓါတုကလျာဖွဲ့ ရတု)
ပုံ
= အကယ်ဒမီဆုရ၊ သူရဿတီဆုရ၊ ဆရာဝန် စာရေးဆရာ ဒါရိုက်တာ ဇာတ်ညွန်းဆရာ ရုပ်ရှင်မင်းသား
မောင်သင်
ဒေါက်တာတင့်ဆွေ
၃-၁၁-၂၀၁၉

Comments
Post a Comment