Skip to main content

၇ ခုနစ် နှင့် ၂၀၂၆ ခုနှစ်


မေးခွန်းတခု = ခုနှစ်နဲ့ခွင် (၇) အသံထွက် အကြောင်းရှင်းပြပေးပါ။ ခွင်က အသံထွက်မှားတယ် ဆိုပြီး ပြောနေလို့ပါ။

ပြန်စာ

၇ ကို ခုနစ်လို့ ရေးရတယ်။

ခုနှစ်ဆိုတာ ၂၀၂၆ ခုနှစ်။

ခုနစ် - န / ခွန်နှစ်/ခြောက်နှင့် ရှစ်အကြားရှိ အရေအတွက်။ ၇။

ခုနစ်စဉ်ကြယ် - န / ခွန်နှစ်စင်ကျယ် / ဓူဝံကြယ်ကို ဗဟိုပြု၍လည့်ပတ်နေသော ခုနစ်လုံးအရေအတွက်ရှိသည့် ကြယ်စု။

ခုနစ်စဉ်တိုက် - ကြိဝိ / ခွန်နှစင်ဒိုက် / ရောက်တတ်ရာရာ (ပြောဆို၊ ပြုမူ၊ လုပ်ကိုင်သည်။)

ခုနစ်စဉ်တန်း - ကြိဝိ / ခွန်နှစင်ဒန်း / ရောက်တတ်ရာရာ။ အဆက်မပြတ်။

ခုနစ်ထွေက - န / ခွန်နှထွေဂါ့ / ဇော်က၊ ဘီလူးက၊ မျောက်က၊မြင်းက၊ ဝန်က၊ သူငယ်တော်က၊ အပျိုတော်က ဟူသောအက ခုနစ်မျိုး။

ခုနစ်ရက်ခုနစ်လီ - န / ခွန်နှစ်ယက်ခွန်နှလီ / ၁။ လေးဆယ့်ကိုးရက်။ ၂။ ကြာမြင့်သောအချိန်ကာလ။

ခုနှစ်ရက်သားသမီး - န / ခွန်နှယက်သားသှမီး / လူတိုင်း။ လူအားလုံး။

ခုနစ်သံ - န / ခွန်နှသန် / အမြင့်ဆုံးတူရိယာသံ။ လည်ချောင်း၌ဖြစ်သောအမြင့်ဆုံးအသံ။

ခုနစ်သံချီ - န / ခွန်နှသန်ချီ / ပါဠိလို နိသာဒဟူ၍လည်းကောင်း၊ စောင်းသံစဉ်ခုနစ်ပါးတွင် ညှင်းလုံးဟူ၍လည်းကောင်း၊ ဆိုင်းသံစဉ်ခုနှစ်ပါးတွင် သံရိုးဟူ၍လည်းကောင်း ခေါ်သော အမြင့်ဆုံးအသံကိုတည်၍သီဆိုတီးမှုတ်ရသောတေးသွား။

ခုနှစ် - န / ခုနှစ် / ၁။ တစုံတခုသောနှစ်ကာလကိုဖော်ပြသောစကား။ ၂။ သက္ကရာဇ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ