Skip to main content

ဦးထင်ဖတ် (မောင်ထင်)

ဆရာ မောင်ထင်ရဲ့ လောကအမြင်စာအုပ်ထဲက သတ်ပုံတွေကို ဆရာ့ဆီ ဓာတ်ပုံပို့လိုက်ပါဦးမယ်ဆရာ။ သူကတော့ မြန်မာသတ်ပုံကျမ်းပြုစုရေးအဖွဲ့မှာပါနေလို့ သတ်မှတ်ထားတဲ့အတိုင်း ရေးသားခြင်းဖြစ်ပါသည်လို့ အမှာစာမှာ အစချီထားပါတယ်။

အော် ဟုတ်။ ကျေးဇူး။ မိတ်ဆွေကပို့ပေးမယ့် မောင်ထင်စာအုပ်ထဲမှာ တတွေကို တစ်လုပ်ထားမှာသေချာတယ်။

မောင်ထင် အရင်ကရေးခဲ့တဲ့စာမှန်သမျှ သတ်ပုံမှန်နဲ့သာဖြစ်ပါတယ်။

ဘာသာပြန် ဆောင်းပါး

တင်ပြုသူ ဦးထင်ဖတ် (မောင်ထင်)

အချီး

မျက်မှောက်ခေတ်သည် အမျိုးသားနိုင်ငံများ (nation - states ) အသစ်အဆန်း ပေါ်ပေါက်နေသော ခေတ်ဖြစ်၏။ ထို့ကြောင့် ဤကမ္ဘာ ပေါ်တွင် နိုင်ငံအမျိုးမျိုး ကွဲပြား ခြားနားနေကြသော အခြေကို ကျွန်ုပ်တို့ တွေ့နေရသည်။ သို့သော် ထိုနိုင်ငံများသည် မိမိလူမျိုးနှင့် မိမိ၊ မိမိနိုင်ငံနှင့် မိမိဟူ၍ အခြားတပါးနှင့် မဆက်သွယ်ပဲ နေနိုင်ကြပါလေလော။ အလယ်ခေတ်က နိုင်ငံများသည် “ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်း” နေထိုင်ကြ၍ မိမိနိုင်ငံကိုသာ မိမိ ဗဟိုမဏ္ဍိုင်ဟု အထင်ကြီးခဲ့ကြစကားပူ ယုတ်စူဘုအဆုံး အိမ်နီးပါးချင်း အချင်းချင်း ရွှေလမ်း ငွေလမ်း ဖောက်ခဲ့ကြသည်။ ယခု ခေတ်၌မူ သာမန် ရွှေလမ်းငွေလမ်း ဖောက်ခြင်းထက် လွန်ကဲ၍ သတင်းစာ၊ ရေဒီယို၊ တယ်လီဖုန်းရှင် စသော ဆက်သွယ်ရေး ပစ္စည်းများဖြင့် ဆက်သွယ်လျက် ရှိကြလေရာ နိုင်ငံတနိုင်ငံ၏ အတွေးအခေါ်၊ အကြံအစည်၊ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်တို့သည် အခြား နိုင်ငံတနိုင်ငံသို့ ကူးစက် နိုင်လေသည်။ ဤသည်တွင် နိုင်ငံတာကာတို့သည် ဆက်သွယ်ရေး အလိုငှါ သူတပါး၏ စာ၊ စကား၊ စာပေ၊ အနုပညာ၊ သိပ္ပံစသည် တို့ကို သိရှိ နားလည်လေအောင် ဘာသာပြန်မှုကို အားကိုးရလေသည်။

ဆရာမောင်ထင်ကို မြန်မာစာပေလောကမှာ မသိသူမရှိပါ။ အလွန်နာမည်ကြီးတဲ့စာတွေ အများကြီးရေးခဲ့ပါတယ်။ ငဘစာအုပ်ကထိပ်က။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာပြည်မှာ တောင်သူလယ်လုပ်တွေကို ငဘလို့ ခေါ်ခဲ့ကြတယ်။ စစ်အာဏာသိမ်းမှာ ဦးကြီးလို့ပြောင်းခေါ်တာ။ ဗမာ့အောင်ဆန်း၊ အာရှနှင့် အောင်ဆန်း၊ မြို့မကျောင်း၊ ကိုဒေါင်း၊ အတွေးပဒေသာ၊ လွတ်လပ်ခြင်း၊ မြန်မာဆယ့်နှစ်လအကြောင်း၊ မဟတ္တမဂန္ဒီ တိုက်ပွဲအစ၊ အညတြရဲဘော်၊ လူလားမြောက်သောအရွယ်၊ ပိန္နဲသီး၊ ချက်ကော၏ လူ့ပုတ်သင်၊ မိုပါဆွန်၏ စိန်ပန်းကုံး၊ ရှမ်းပြည်နယ်၏ ခေတ်ပြောင်း၊ အားဆေးစားမလို့လား၊ ရိုးသားဖြောင့်မတ်ခြင်း၊ လွတ်လပ်ခြင်း၊ စတဲ့ အလွန်ကောင်းမွန်တဲ့စာတွေ ရေးသားခဲ့ပါတယ်။ ကျွန်တော် စောစောကတင်လိုက်တဲ့ ဦးဘိုးလှိုင်အကြောင်းကို ဆရာမောင်ထင်က ယောမင်းကြီးဦးဘိုးလှိုင် အထ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်းလို့ရေးခဲ့ပါသေးတယ်။

၂၃-၈-၂ဝ၁၆ နေ့က ကျွန်တော် စာလေးတပုဒ်ရေခဲ့ပါသေးတယ်။

ဟောင်ခြင်းသည် ဒို့စကား

မောင်ထင်ရဲ့ သရော်စာတပုဒ်ကို အိုးဝေမဂ္ဂဇင်း၊ အတွဲ ၇၊ အမှတ် ၁၊ ၁၉၃၈ မှာ ဖော်ပြပုံနှိပ်ခဲ့ပါသည်။ အယ်ဒီတာဦးညိုမြနဲ့ အပြန်အလှန်သရော်စာရေးကြတာပါ။

တက်ခွေး

ခွေးပြည်သည် ခွေးအဖို့

အမဲရိုးသည် ဒို့အစာ

ဟောင်ခြင်းသည် ဒို့စကားဟူ၍ အောင်နက်သည် သုံးကြိမ်တိတိ အူပြီးသော် ဦးသာဝ၏လည်မြိုကို ဟပ်လေ၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ