အလုပ်သ္မား လို့ရေးတာလေး ဘုံကထိန်ခင်းတဲ့ဘုန်းကြီးကျောင်းက အရေးအသားတခုတွေ့မိလိုက်တယ်
အရင်က
စာလုံးဆင့်ရေးနည်း ရှိခဲ့တယ်။
ကျမ္မာ
ဆုမ္မ
နတ်သ္မီး
မင်းသ္မီး
မြမ္မာ
မိမ္မ
ယက္ကန်း
ယ္ခင်
ယ္ခု
လ္ဘက်
သားသ္မီးတစု
သ္ခင်
သ္မီး
အလုပ်သ္မား
အရင်ကလောက်
မရေးကြတော့ပါ။ ရေးလည်း
မမှားပါ။
တက္ကသိုလ်၊
နတ္တလင်း၊ နမ္မတူ၊ ပခုက္ကူ၊ မတ္တရာ၊ မိတ္ထိလာ (မိတ္ထီလာ)၊ မုတ္တမ၊ မုပ္ပလင်၊
မန္တလေး၊ လပွတ္တာ၊ သခွတ္တနယ်၊ သလ္လာဝတီ၊ သာဝတ္ထိ၊ သိန္နီမြို့၊ သရေခေတ္တရာ၊
ဟုမ္မလင်း၊ အာလ္လကပ္ပ၊ စေတုတ္တရာ၊ သေတ္တရာရွာ စတာတွေကိုတော့ မူရင်းစာလုံးပေါင်းကို
မပြင်သင့်ပါ။
ဟောင်းတိုင်းလည်း မမှန်။
ဟောင်းတိုင်းလည်း မမှား။
သစ်တိုင်းလည်း ပိုမကောင်း။ သစ်တိုင်းလည်း မမှား။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment