ဆရာဝန်မှန်းသိသူ တယောက်ကို စကားပြောတဲ့အခါ၊ မေးမြန်းတဲ့အခါ ‘ဟင်’ အသုံးက သင့်တော်ခြင်းမရှိပါ။
မနေ့ကလည်း
တခါ ထောက်ပြသေးတယ်။
ဒီနေ့လည်း
တယောက်က ‘ဟင်’ လို့မေးတယ်။
အတုခိုးတတ်ကြပါတယ်။
ကောင်းတာကို အတုခိုးရင် ကောင်းတာ ရမယ်။
‘နော်’ လည်း မသင့်သေးပါ။
မြန်မာစကားထဲမှာ
အသုံးစကားတွေ အမျိုးမျိုး ပေါကြွယ်များပြားပါတယ်။
သူ့နေရာနဲ့သူ
အသုံးမှန်သင့်တယ်။
- ဟေ့ကောင်
- ငါ
- ကျုပ်
- မင်း
- မင်းတို့
အလွန်ရင်းနှီးသူတွေအချင်ချင်း
အဆင်ပြေပါတယ်။
ကိုယ့်ထက်
အသက်၊ ဝါ၊ ရာထူး ကြီးသူတွေနဲ့ပြောရင်တော့ အဆင်မပြေတော့ပါ။
ဆရာဝန်နဲ့
လူနာဆက်ဆံရေးစာ ၃ ပုဒ် တင်ပြထားဘူးတယ်။
အတည်အတန့်
ရိုးရိုးလေးသာ ရေးသင့်တယ်။
လိုတာထက်ပိုပြီးလည်း
ရင်းရင်းနှီးနှီးကြီး မလိုက်အပ်ပါ။
ယဉ်ကျေးတဲ့အသုံးတွေ
-
- ကျွန်တော်
- ကျနော်
- ကျမ
- ဗျ
- ဗျာ
- ရှင်
- ဆရာ
- ဒေါက်တာ
အလင်းပြပါအသုံးလည်း
မမှန်ပါ။
အမျိုးမတော်ဘဲ
အမျိုးစပ်ခေါ်တာတွေ အဆင်မပြေပါ။ မျိုးထဲကလားလို့ စဉ်းစားနေရတာက အလုပ်ကြီးတခု။
“သမီးဖျားနေလို့”
ဆိုတာ မေးတဲ့သူရဲ့ သမီးလား။
“သားတုပ်ကွေးမိနေလို့”
ဆိုရင် ရေးတဲ့သူနဲ့ သားလား။
မြန်မာနိုင်ငံသားတွေ
ဘယ်မှာနေနေ ယဉ်ကျေးပျူငှာကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment