Skip to main content

“The first and last thing demanded of genius is love of truth.”

“ထူးချွန်ထက်မြက်သူ (ပါရမီရှင်) တဦးထံမှ ပဌမဆုံးနှင့် နောက်ဆုံး တောင်းဆိုအပ်သော အရာမှာ အမှန်တရားကို ချစ်မြတ်နိုးခြင်းပင် ဖြစ်ပေသည်။”

ဂျာမန်စာရေးဆရာနှင့် ကဗျာဆရာကြီး ဂျိုဟန် ဗုဖ်ဂန်း ဖွန် ဂိုးသယ် Johann Wolfgang von Goethe (28 August 1749 – 22 March 1832)

(၁)

Love နဲ့ Truth စာလုံးတွေကို ဘာသာပြန်ရာမှာ မတူကြပါ။

Love ချစ်၊ ချစ်ခြင်း၊ ချစ်မြတ်နိုးခြင်း၊ မေတ္တာ (၅၂၈၊ ၁၅၀၀) စသည်။

(၂)

အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ -

ချစ်ခြင်း၊ မေတ္တာ၊ အချစ်၊ ခုံမင်နှစ်သက်ခြင်း၊ ချစ်သူ၊ စွဲလမ်းခြင်း၊ ကြိုက်ခြင်း၊ သဘောကျသည်၊ ချစ်သည်၊ နှစ်သက်သည်၊ ဝါသနာပါသည်၊ သုည (တင်းနစ်)၊ မနောခွေ့သည်၊ ကိုယ်လက်နှီးနှောသည်၊

Love ယုဒသန် အင်္ဂလိတ် မြမ္မာအဘိဓာန်မှာ -

ချစ်သည်၊ စုံမက်သည်၊ နှစ်သက်သည်၊ မြတ်နိုးသည်၊ ကြိုက်သည်၊ မေတ္တာ၊

(၃)

Truth ကိုလည်း အမှန်၊ အမှန်တရား၊ သစ္စာ၊ သစ္စာစောင့်ခြင်း၊ သစ္စာရှိခြင်း စသသည်။

အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ -

အမှန်၊ သစ္စာ၊ အမှန်တရား၊ အမှန်အားဖြင့်၊ စင်စစ်အားဖြင့်၊ တကယ်တော့၊ ရိုးရိုးသားသား၊

ယုဒသန် အင်္ဂလိတ် မြမ္မာအဘိဓာန်မှာ -

သမ္မာ၊ သစ္စာ၊ ဟုတ်မှန်ခြင်း၊ ဧကန်အမှန်ဖြစ်သောအရာ၊ အကယ်စင်စစ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ