မောင်သူမွန် (ဝါးခယ်မ) မိုးလေရောက်လျှင်၊ မေ.ရင်ခွင်မှာ ခိုဝင်ပျော်ပါးရပါသည်။ သားရောက်ပြီဆို၊ အမေအိုသည် ဆီးကြိုစောင့်စား၊ စိန်ပန်းများနှင့် သားအား လက်ဆောင်ပေးမြဲပါ။ မိုးထစ်ချုန်းသံ၊ ဆူဆူညံလျှင် မေ့ထံကိုပြေး၊ မေ့ရင်ခွင်မှာ သားလေးအကြောက်ဖြေရပါသည်။ သည်တနှစ်မှာ၊ မိုးတွေ့ရွာလည်း သည်းချာသားလေး၊ မယ့်ရင်နွေးမှာ ထွေးခွင့်မရဘူးအမေ။ မိုးပွင့်လည်းကြွေ၊ စိန်ပန်းဝေလျှင် အမေသားကို မြှော်ရော့မည်။ သားကိုလက်ဆောင်၊ ပေးရအောင်ဟု နီရောင်စိန်ပန်း၊ ပွေ့တထမ်းနှင့် လာလမ်းကကြို၊ အမေအိုကို သားပျို မြင်ယောင်မိပါ၏။ စိန်ပန်းလည်းခြောက်၊ သားမရောက်လျှင် စိတ်နောက် ကိုယ်ပန်း၊ မေ့အလွမ်းကို သား မှန်းဆလို့ သနားသည်။ ရွာမလိုလို၊ မိုးတွေညိုလျှင် မေ့ကို သား လွမ်းလှပါပြီ။ မှတ်ရန် ၁၉၆၆ ခုနှစ်ထုတ် မဂ္ဂဇင်းတအုပ်လုံး မြန်မာစာသတ်ပုံတွေမှန်တယ်။ တတိုင်းတပြည်လုံးမှာလည်း မှန်ခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်ဆိုတာ ရှေးမဟုတ်ပါ။ ဝါးခယ်မမှာ 'သည်တနှစ်' ကို မှန်အောင်ရေးသားသူတွေ ရှိပါသေးလားမသိပြီ။ စိန်ပန်းနဲ့တင်စားတာဟာ မန္တလေးတက္...
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ မြန်မာစာမှန်အောင်ရေးတတ်စေရမည်။