Skip to main content

Posts

Happy Diwali ဟက်ပီး ဒေဝါလီ

၂၀၁၉ ခုနှစ်က ဒီလိုနေ့မှာ - Happy Diwali ဟက်ပီး သီတင်းကျွတ်အောက်မှာ ကွန်မင့်တခုက ဆရာခင်ဗျာ ဒေဝါလီနေ့ မဟုတ်ဖူး ထင်တယ်။ ဒီပါဝလီနေ့ ထင်ပါတယ်။ သတင်းစာမှာ ဟိန္ဒူတွေ ကြော်ငြာတာ မြင်ဖူးပါတယ် အမှားပါရင် ခွင့်လွှတ်ပါခင်ဗျ။ ရန်ကုန်နေမိတ်ဆွေတယောက်က ဒေဝါရီမုန့်နှစ်ဗူးလက်ဆောင်ရတယ်လို့ တင်ထားတာကို ဒေဝါလီလို့ပြင်ပေးလိုက်တယ်။  Diwali ဒေဝါလီ သို့မဟုတ် Deepavali ဒိပါဝါလီလို့ အင်္ဂလိပ်စာလုံးနဲ့ရေးပါတယ်။ သကတ္တ ခေါ် ဆန်းစ်ခရစ်လို Dīpāvali ဒီပဝါလီလို့ ခေါ်တယ်။ မြန်မာလိုရေးရတာ အသံထွက် ထပ်တူမကျတတ်ပါ။ ဟင်ဒူဘာသာကိုးကွယ်တဲ့နေရာဒေသတွေမှာ အသံထွက် နည်းနည်းစီကွဲတာလည်းရှိပါတယ်။  ကျွန်တော် ၂၄ နှစ်ကြာနေခဲ့ရတဲ့ အိန္ဒိယမှာတော့ ဘာတခုလုပ်လုပ် ဗျောက်ဖေါက်ကြလို့ အတော်ဒုက္ခရောက်ခဲ့ပါတယ်။ မင်္ဂလာဆောင်တွေကလည်း တနေ့တည်းမှာ ရာဂဏန်းရှိတာ။ ဗျောက်သံတွေဆူညံလို့။ ခရစ်ကက်ပွဲဆိုရင် တမှတ်ရတခါ ဖေါက်ကြတယ်။  ဒေဝါလီနေ့ ဝန်းကျင်ရက်တွေဆိုရင် လမ်းတွေပေါ်မှာ လူတွေအပြည့်။ ဆိုင်တိုင်းဆိုင်တိုင်းမှာ လက်ဆောင်ပေးစရာ ဝယ်သူကတွေကလည်း တိုးမပေါက်အောင် စည်တယ်။ အမျိုးတွေ မိတ်ဆွေ သင်္ဂဟတွေအိမ်ကို လက်ဆောင်ပစ္စည်းတွေ အပြန်အလှန် ပို့ကြတယ်။ ကျွန်တော...

ပြစ် နှင့် ပစ် မှားနေသည်

  ( ပြစ်မှား မှားပစ် ) ပြစ်မှား = မိဘဆရာကျေးဇူးရှင်စသူကိုမကောင်းကြံစည်ပြောဆိုပြုမူသည်။ ခင်ပွန်းဆယ်ပါး၊ မပြစ်မှားရ။ သစ္စာ*၁၆၆။ မှားပစ် = ဗာရာဏသီပြည်မှ ပီလယက္ခမင်းကြီးသည် တောကစားထွက်ရင်း သီဟဗာဟု မြစ်ကမ်းနားတွင် သမင်အုပ်များနှင့်အတူ ရေခပ်လာသော သုဝဏ္ဏသာမလုလင် ( ဘုရားအလောင်းတော်) ကို တွေ့ရှိခဲ့သည်။ သမင်များနှင့် အတူရှိနေသဖြင့် "ဤသတ္တဝါသည် လူလော၊ နတ်လော၊ သမင်လော" ဟု သံသယဖြစ်ကာ သမင်ထင်မှတ်ပြီး မြားအဆိပ်ခတ်၍ ပစ်ခတ်ခဲ့မိပါသည်။ ဒေါက်တာတင့်ဆွေ

ဝါကျွတ်ချိန်မှာ ပျော်ပျော်နွှဲဘို့

ဆီမီးထွန်းပွဲ ရှိပါတယ်။ မီးပုံးစိမ်းပြာ ဝါနီထွန်းလို့ သွယ်ကာချိတ်ဆွဲ ထွန်းပါ့မယ်။ ရွာလယ်တလင်းမှာ လူစုရုံးလို့ မီးပုံပျံများ လွှတ်ကြတယ်။ ဆိုင်းသံဗုံသံ အပြိုင်တီးလို့ အငြိမ့်ဇာတ်ကြီး စုံပေါကြွယ်။ ပျောရုံမဟုတ်ပါ ကုသိုလ်ပွဲမို့ ရပ်ထဲရွာထဲ လှည့်ကာရယ်။ ဘိုးဘွားတဖြာ ဆရာဆရာမနဲ့ သက်ကြီးမိဘ ကန်တော့ကြတယ်။ ရိုးရာမူဟန် အဆင်သွေးနှင့် ယဉ်ယဉ်ကျေးကျေး ပျော်ကြမယ်။ ပွဲဝယ် နွှဲမယ်။   ။ (မုံရွာဝင်းဖေ) မှတ်ရန် ‘ပျော်ပျော်နွှဲဘို့’ သည် ‘ပျော်ပျော်နွှဲဖို့’ မဟုတ်။ ‘တဖြာ’ သည် ‘တစ်ဖြာ’ မဟုတ်။ ဒေါက်တာတင့်ဆွေ

ဥပုသ်သယ် နဲ့ ဥပုသ်သည် ဘယ်အသုံးက မှန်ပါသလဲ

ဥပုသ်သည် ဈေးသည် ပန်းသယ် ( ကန်တော့) ၁။ ဆရာရေ မေးစရာလို့ရှိလို့ပါ။ တစ်ဆိတ်လောက်(တဆိတ်လောက်) ဖြေပေးနိုင်မလားရှင့် ဖာသည်နဲ့ဖာသယ် က ဘယ်ဟာအမှန်ပါလဲရှင့် ဖြေပေးပါဦး။ ကဝိဓဇသတ်ပုံ - ဖါသည်၊ ဖါတန်း။ (ကန်တော့) မှတ်ရန်- မောက်ချ နဲ့ ဝိုက်ချ ကို တရားသေ ဖေါ်မြူလာနည်းနဲ့ သတင်နေတာမှာ ခြွင်းချက်တွေ ရှိတာကို သတိပြုရမယ်။ ၂။ ပန်းသည်နှင့် ပန်းသယ် ဘယ်ဟာမှန်လဲဆရာ။ ၃။ ကချေသည် မီးနေသည် မဟုတ်ဘူးလား ဆရာ။ ၄။ ဆရာကစာလုံးပေါင်းတာလဲဂရုစိုက်တော့ သမီးမေးပါရစေဆရာ။ အနုပညာသည်လား။ ဆရာရေးတဲ့ သယ်က အမှန်လားဆိုတာ သိပါရစေဆရာ။ ၅။ ဆရာ့ကို သိချင်တာလေးမေးပါရစေ။ ဈေးသည်ကို ဈေးသီဖတ်နေလို့ပါဆရာ။ သည် နဲ့ သယ်။ ၆။ ပြောင်းဖူးဖုတ်သယ်လား၊ ပြောင်းဖူးဖုတ်သည်လားဆရာ။ အဲ့ဒီနှစ်ခု ဘယ်ဟာ အမှန်ပါလဲဆရာ။ မကြာခဏ သက်သေခံအထောက်အထားတွေနဲ့ တင်ပြပါတယ်။ စံကိုက်သတ်ပုံနဲ့ ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ်၊ ကာတွန်းတွေမှာ တခါတခါ အသံ၊ ကာရန်၊ အားကိုယူပြီး ရေးတာမျိုးလည်း ရှိတယ်။ ဈေးသည် အသံထွက် ဇေးသှယ် “ ပန်းသည် ” မောင်လေးရေ ထပါတော့ ရောင်နီ လာလှပေါ့။ တကြော့နှစ်ကြော့ တေးကိုသီ ငှက်ကျား နှုတ်ပလီ။ တောင်ဆီနားက ခရေပန်း ပင်အောက်ကြိုင်လို...

Common Mistakes မက်ဆေ့ချ် များသို့ ပြန်စာ

၁။ ခေါင်းကင်းတဲ့သူတွေဒီခေတ်ကများသွားပီ ဟုတ်။  ပြီ လို့ရေးရ။ ပီဆိုတာ ပီသတာ။ ပါပီ ခေါ် ခွေးကလေး။ ၂။ သီတင်းကျွတ်ဆုတောင်းပုံနဲ့ အသံဖိုင် ဟုတ်။  အသံဖိုင်တော့ ဘယ်ကနေပို့ပို့ မဖွင့်ပါ။ ကျေးဇူး။ ၃။ ဆိုရှယ်မှာ မြန်မာစာ စာလုံးပေါင်းအမှားတွေ မနဲမနောပါပဲ ဆရာရေ ဟုတ်။  ဆိုရှယ်မီဒီယာမှာသာမကပါ။ သတင်းမီဒီယာ၊ ရသစာ၊ ကဗျာနဲ့ မြန်စာသင်ပေးနေတာတွေမှာလည်း အမှားတွေ မနည်းလှပါ။ နိုင်ငံတော်သတင်းစာ၊ ရုံးစာ၊ ပြန်ထုတ်စာအုပ်တွေမှာလည်း အမှားတွေ မနည်းလှပါ။ ဒေါက်တာတင့်ဆွေ

"ရွှေအိုးစည်"

ပဒုမ္ပနီ ဆင်းသိင်္ဂီ ပဒုမ္ပနီ ဆင်းသိင်္ဂီ  တဖုံစီ တဖုံစီ ဘယ်ဘယ်ညာတိမ်းလို့ ရေး - အလင်္ကာကျော်စွာ ရွှေပြည်အေး        ဆို - မာမာအေး  facebook.com/reel/1673631154378523/?s=single_unit ဒေါက်တာတင့်ဆွေ

“မြန်မာမုံ့များ”

ဒီနေ့ ဘုန်းကြီးကျောင်းမှာ သက်ကြီးပူဇော် ပွဲကျင်းပတော့ စားစရာသောက်စရာတွေလည်း စေတနာရှင်တွေက ကျွေးမွေးကြပါတယ်။ ကျွန်တော်ကတော့ ချင်းသုပ်နဲ့ မုံ့စိမ်းပေါင်းစားခဲ့တယ်။ ကျေးဇူး။ ချင်းသုပ်ကတော့ ကောင်းအောင်သုပ်ထားတော့ မာတာတွေကို ကျွန်တော့သွားက မဝါးနိုင်တော့ပါ။ မုံ့စိမ်းပေါင်း တပန်းကန်ကို ကုန်အောင်စားခဲ့တယ်။ ကောင်းတယ်။ မြန်မာပြည်က မုံ့မျိုးစုံအကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၀ မှာပါတယ်။ မှတ်သားစရာတွေထဲမှာ မုံ့လို့သာ ရေးပါတယ်။ -         အစဉ်အလာတရပ် -         တစုတဝေး -         တယောက်တလက် -         မုံ့တမျိုး စသဖြင့် စာလုံးပေါင်းသတ်ပုံမှန်တွေနဲ့ ရေးထားပါတယ်။ မြန်မာတို့အဖို့ ထမင်းဟင်းကဲ့သို့ မူလထား၍ စားသောက်ကြသော အစားအစာမျိုး မဟုတ်ဘဲ၊ အဆာပြေ အငြီးပြေ စားကြသော သွားရည်စာဟု ခေါ်သည့် မုံ့အမျိုး အမည်တို့ကား များပြားလ ှ သည်။ မြန်မာတို့သည် မုံ့ပဲသွားရည်စာတို့ကို အငြီးပြေ၊ အဆာပြေသာမက သင်္ကြန်၊ ဝါဝင် ဝါထွက် စသော အခါကြီးရက်ကြီးများ၌လည်း ကောင်းနိုးရာရာ...