Skip to main content

Posts

သီလဆောက်တည် ဥပုသ်စောင့်သည်

  ပုံထဲကစာ = သီလ စောင့်တည်ပါ၏ သီလဆောက်တည်ပါ၏လို့ ရေးရမည်။ သီလ - န / သီလာ့ / စောင့်ထိန်းဆောက်တည်အပ်သော ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော ကျင့်ဝတ်။ ကိုယ်ကျင့်သိက္ခာ။ သီလကောင်း - ကြီ / သီလာ့ကောင်း / အတိတ် ကာလ က ပြုလုပ်ခဲ့သော အကျင့်ကို စောင့်ထိန်း ဆောက်တည်ခဲ့ဖူးသဖြင့် ပစ္စုပ္ပန်တွင် ယင်းဆောက်တည်မှု၏ အကျိုးဆက် (အသက်ရှည်ခြင်း) ကို ခံစားရသည်။ သီလကြောင် - န / သီလဂျောင် / အကျင့်သိက္ခာ မရှိဘဲ ပေါ့ပျက်လျက် ရှိဟန်ဆောင်သူ။ သီလခံ - ကြီ / သီလာခန် / ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ စသည်တို့ကို စောင့်ထိန်းပါမည်ဟု ဝန်ခံသည် (ရုပ်ပွားတော်ရှေ့၌လည်းကောင်း၊ ရဟန်းတပါးပါးထံမှလည်းကောင်း ခံယူလေ့ရှိသည်)။ သီလစောင့် - ကြီ / သီလာ့စောင့် / ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ စသည်တို့ကို ဆောက်တည်သည်။ သီလစမ်း - ကြီ / သီလာစန်း / အကျင့်သိက္ခာမြဲမြံမှု စူးစမ်းသည်။ သီလတောင်း - ကြီ / သီလာ့တောင်း / ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ စသည်တို့ကို ဆောက်တည်လို၍ ရဟန်းတပါးပါးထံ အားတောင်းပန်သည်။ သီလပေး - ကြီ / သီလာ့ပေး / ရဟန်းတော် တပါးပါးက ငါးပါးသီလ၊ ရှစ်ပါး သီလ၊ ဆယ်ပါးသီလ စသည်တို့ကို လိုက်၍ ရွတ်ဆိုရန် ချပေးသည်။ သီလယူ ...

လတ်တလောရေပန်းစားနေသော

  ၁။ လတ်တလောရေဗန်းစားနေသောမုန့်လုပ်နည်း မုန့်ပေါင်း ၂။ လတ်တလော ရေဗန်းစားနေသော ( - ) တဲ့။ ရေပန်းစားလို့ ရေးရတယ်။ ၁။ ရေပန်းစား = တွင်ကျယ်ခေတ်စားသည်။ လူသိ လူသုံးများသည်။ ခင်ခင်ရွှေမှာ ကြည့်ကောင်းသော မင်းကတော်ကလေးအဖြစ် ရေပန်းစားသည်။ နှုတ်ဆက်။ ၁၆။ ၂။ လှေ၊ သင်္ဘောစသည် ဦးထိုးတိုက်ရာတွင် ရေယက်ပန်း ပြင်းစွာထသည်။ လှေ၊ သင်္ဘောအရှိန်အဟုန်လျင်မြန်သည်။ ယက်ပန်းစားသည်။ သတ်ပုံမှန်ခေတ်က ဗန်းတချပ်၊ ဆန်ကောတချပ်၊ လင်ပန်းတချပ်၊ ဆန်ခါတချပ်လို့ ပြောကြ ရေးကြတယ်။ ဈေးဗန်းဆိုတာ ဈေးရောင်းစရာတွေထည့်တာ။ ကွမ်းယာဗန်းဆိုတာ ကွမ်းယာပစ္စည်းတွေထည့်ရောင်းတာ။ ငရုပ်သီးဗန်း၊ ထမင်းခြောက်ဗန်း၊ မုံ့ဗန်း၊ အကြော်ဗန်း၊ ပန်းဗန်း၊ ဆွမ်းတော်ပွဲဗန်း စသည် ရှိတယ်။ လက်ဖက်ဗန်း၊ နှီးဗန်း၊ တိုရှည်ဗန်း (ဒိုဆာထည့်စားတာ)၊ ကြိမ်အူလုံးဗန်း၊ သုံးချပ်စုံဗန်း၊ ပင်လယ်စာဗန်း၊ ယွန်းထည်ဗန်း၊ ရွှေဗန်း၊ ငွေဗန်း၊ ကိတ်မုံ့ဗန်း၊ ဝါးရောင်စတုဂံဗန်း၊ ငှက်စာဗန်း၊ ဆနွင်းမကင်းဗန်း၊ မှ တ် ချက် - သံဗန်းသံတံခါးလို့ မှားရေးရောင်းချနေတာ တွေ့တယ်။ သံပန်းလို့ ရေးရတယ်။ လတ်တလော ကို မှန်အောင်မရေးတတ်ကြသူများစာရင်း တစိတ်တပိုင်း 1.    ...

ကျွန်တော်တို့ အင်္ဂလိပ်စာအဆင့်အတန်း ဘယ်လောက်ရှိသလဲ

၂၀၂၅ ခုနှစ် Education First English Proficiency Index (EF EPI) အရ စစ်တမ်း ကောက်ယူခဲ့သော နိုင်ငံများနှင့် ဒေသများအနက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၉၉ တွင် ရပ်တည်နေပါသည်။ အညွှန်းကိန်းမှ အဓိကအချက်များ EF EPI ရမှတ် - ၄၄၄ (၈၀၀ အနက်) ကျွမ်းကျင်မှုအဆင့် - ကျွမ်းကျင်မှု အလွန်နည်းပါးသော အဆင့် ( Very low proficiency) ဒေသဆိုင်ရာ/ကျွမ်းကျင်မှု ခွဲခြမ်းစိတ်ဖြာချက်- ·        ကျွမ်းကျင်မှုများ- ရေးသားခြင်း ( Writing) က ၄၈၄ ဖြင့် အမြင့်ဆုံးဖြစ်ပြီး၊ ဖတ်ရှုခြင်း ( Reading) က ၄၅၇၊ ပြောဆိုခြင်း ( Speaking) က ၄၃၃ နှင့် နားထောင်ခြင်း ( Listening) က ၄၂၁ အသီးသီး ရှိပါသည်။ ·        လုပ်ငန်းတာဝန်များ- မဟာဗျူဟာနှင့် ပရောဂျက်စီမံခန့်ခွဲမှု ( Strategy & Project Management) က ၄၈၉ ဖြင့် အမြင့်ဆုံးဖြစ်ပြီး၊ နည်းပညာနှင့် ထိန်းသိမ်းပြုပြင်ရေး ( Technicians & Maintenance) က ၄၀၃ ဖြင့် အနိမ့်ဆုံး ဖြစ်ပါသည်။ ·        ဒေသများ/မြို့ကြီးများ- ရန်ကုန်မြို့က အမြင့်ဆုံး ရပ်တည်နေပြီး (ဒေသအလိုက် ၄၆၄ / မြို့ပြတွင် ၄၅၈...

ကြမ်းတချောင်း

ကြံတချောင်း တုတ်တချောင်း ခဲတံတချောင်း ကောက်ညှင်းကျည်တောက်တချောင်း ထန်းပင်မြစ်တချောင်း မျှစ်တချောင်း ဇွန်းတချာင်း ထင်းတချောင်း ထီးတချောင်း ဘောပင်တချောင်း ရွှေတချောင်း တချောင်းငင် စတာတွေကို မှန်အောင်မရေးတတ်သေးသူများအတွက် ဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ

Vedic Secrets for Your Body and Spirit Alignment

ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် တည်ငြိမ်ညီညွတ်စေရန်အတွက် ဗေဒပညာ၏ လျှို့ဝှက်ချက်များ သင်၏ နေ့စဉ်ဘဝတွင် ဟန်ချက်ညီမှုနှင့် ရည်ရွယ်ချက် ပိုမိုပါဝင်လာစေရန် ရှေးခေတ် အိန္ဒိယပညာကို ရှာဖွေပါ။ ( ၁) စိတ်၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့ အတူတကွ ပေါင်းစပ်လုပ်ဆောင်ကြသည့်အခါ ဘဝကို ပို၍ လင်းလက်တောက်ပလာသည်ဟု ခံစားရစေပါသည်။ ရှေးခေတ် အိန္ဒိယပညာက သင့်အား အရှိန်လျှော့ချရန်၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချိတ်ဆက်ရန်နှင့် နေ့စဉ်ကြုံတွေ့ရသည့် အတွေ့အကြုံများတွင် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိရန် အထောက်အကူဖြစ်စေမည့် အသိအမြင်များကို ပေးစွမ်းပါသည်။ ဗေဒကျမ်းဂန်များ ( The Vedas) သည် ဟိန္ဒူဘာသာ၏ သက်တမ်းအရင့်ဆုံး သန့်ရှင်းသော ကျမ်းစာများထဲတွင် ပါဝင်ပြီး ချီးမွမ်းခန်းများ၊ ဆုတောင်းမေတ္တာများ၊ ထုံးတမ်းစဉ်လာများနှင့် ဒဿနိကဗေဒ သွန်သင်ချက်များ ပါရှိပါသည်။ ၎င်းတို့၏ အမည်သည် သက္ကတဘာသာဖြင့် "အသိပညာ" ဟု အဓိပ္ပာယ်ရပြီး ၎င်းတို့၏ အယူအဆများသည် မရေးရာ စဉ်းစားတွေးခေါ်သူ လူမျိုးဆက်များစွာအပေါ် လွှမ်းမိုးခဲ့ပါသည်။ သင့်ကိုယ်သင် အကောင်းဆုံး ခံစားရစေရန် အထောက်အကူဖြစ်စေမည့် အလေ့အထများအပေါ် အာရုံစိုက်ခြင်းဖြင့် ဟန...