Skip to main content

ကျ နဲ့ ကြ မှားနေသည်

- မြန်မာစာ အဖျားမကျသေးပါ

- စာကိုမှန်အောင်မရေးတတ်ကြသော်လည်း စာမေးပွဲမကျပါ
၁။ မာလကာသီးလေး အားပေးကျပါအုန်းရှင့်
ကျ နဲ့ ကြ မှားနေသည်။
၂။ အကြကောက်နေသ၍ အရာအားလုံးဟာ အဆုံးမရှိပါဘူး
အကျအပေါက်၊ အထအန၊ အတိတ်နိမိတ်၊ အသံကာရန်။
၃။ ဆရာသမီး အပျိုထဲကရာသီမမှန်ပါ ဆေးခန်းပြမှလာပါတယ် ခုအိမ်ထောင်ကြပါတယ်
အိမ်ထောင်ကျလို့ ရေးရတယ်။
၄။ ကျ နှင့် ကြ အသုံးကိုလည်း တင်ပေးစေလိုပါတယ်။
၅။ ဆရာ ကျ နဲ့ ကြ ကိုရော သိချင်ပါတယ်။ တစ်ခါရေးဖူးသလားဆရာ။ ပြန်ရှာကြည့်ချင်လို့ပါ။
တစ်ခါတော့ မရေးပါ။ တခါနှစ်ခါ ရေးဘူးတယ်။
၆။ ကျွန်မကတော့ ကြ နဲ့ ကျ အသုံးကို မဝေခွဲဖြစ်နေလို့ပါရှင့်လို့ မေးခဲ့လို့။
မြန်မာစာ အဖျားမကျသေးပါ။ စာမေးပွဲကျသော်လည်း အတန်းတက်ရ၏။
၇။ ဖွေးအသက် ၂၃နှစ်ပါ မန်းလေး ရင်သားအကြိတ်(အကျိတ်)ကို ဘယ်ဆရာဝန်နဲ့ပြလို့ရလဲရှင့် အများကြီး မတက်(တတ်)နိုင်တာမို့ သိတဲ့သူရှိရင်ဖြေပေးကြပါအုံးနော် ရင်သားအကြိတ်ဖြစ်နေလို့ စိတ်ဓာတ်တွေလဲ ကြ(ကျ)နေလို့ပါ ဆေးခန်းက ဆရာဝန်က ခွဲရမယ်ပြောနေလို့
ဆရာဝန်အမည်တွေကို မသိလို့ မဖြေနိုင်ပါ။ ဆောရီး။
၈။ နိုင်ငံကျော်အရီးတောင်း လက်ဖက်ကို အားပေးကျ(အားပေးကြ)သော မိတ်ဆွေ သူငယ်ချင်း များ အတွက်သတင်းကောင်းလေးပါ
၉။ ဒီလိုထမင်းဝိုင်းလေးကို ပိုပြီးသဘောကြတယ်
ကြ နဲ့ ကျ မှားနေပါသည်။ သဘောကျသည်လို့ ရေးရမည်။
၁၀။ ခိုင် အမြဲသတိရပါတယ် မောင်ရယ်.. ခိုင်ဝထ္ထုထဲက ငြိမ်းမောင်၊ ခိုင်၊ လှိုင်တို့ သွားလည်ကျတဲ့ ကျောက်ဆည်မြို့က ဝေဘူတောင်။
သွားလည်ကြတဲ့လို့ ရေးရတယ်။ တက္ကသိုလ်ဘုန်းနိုင် ရေးတဲ့စာတွေဆိုပြီး တင်ကြတာမှာ စာလုံးပေါင်းသတ်ပုံ မှန်တာ ရှားတယ်။ - တ နဲ့ တစ် မှားကြတယ်။ ပဲ နဲ့ ဘဲ မှားကြတယ်။ ကျ နဲ့ ကြ မှားကြတယ်။
ကျ
ကျကျနနဝတ်စားလာခဲ့ပါ
ကျနသေချာစွာလုပ်ပါ
ကျပန်း (ကျဖမ်း) စကားပြောပွဲ
ကျသင့်ငွေ
ကျသွားသည်
စားနေကျကြောင်ပါး
စာကို ကျကျနနဖတ်ပါ
စာရွတ်စာဖတ် ကျနသည်
စာရေးရာ စာကျ၍ မှားသည်
စိတ်တိုင်းကျ
ဆီးနှင်းကျ
တယောက်တခုကျ ယူပါ
ကြုံရာကျဘန်း မပြောရ
မတင်မကျ
မိုးဦးကျ
ရန်ကုန်ကျမှ တွေ့ကြအောင်
လုပ်နေကျ ကိုင်နေကျ
လုပ်နေကျအတိုင်းသာ လုပ်ပါ
သင်္ကြန်အကျနေမှာ ရေကစားပါ
သူငယ်နာကျဗဟုံး
သဘောကျ
အံဝင်ခွင်ကျ
အကျအပေါက်ကောက်တတ်သူ
အရွယ်ကျလာပြီ
အရာကျသည်
အားကျ
အကျွေးကျအောင်မသုံးပါနှင့်
ငွေကြေးအကုန်အကျများတယ်
ကြေးငွေကုန်ကျ
အောက်ကျနောက် မဖြစ်ပါစေနှင့်
ကြ
ကံကြမ္မာ
ကျီကြ
စိုးရိမ်ကြောင့်ကြ
ကြခတ်ဝါး
ကြငှန်း
ကြစုမိတ်သရက်
ကြစုသီး
ကြပို့ရွာ
ကြစေ့ပင်
ကြသောင်းဝါး
လာကြလေ
သွားကြမယ်
- ကျကျနနဝတ်စားလာတဲ့ စားနေကျကြောင်ဖား၊
- ကျပန်းစကားပြောပွဲမှာ သူပြောတာ ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျ၊
- လူကြီးမင်းကိုပြောရမှာ အားနာတယ်ဗျာ။
- ကြုံရာကျဘန်းပြောတတ်တဲ့လူနဲ့ တွဲမလုပ်ချင်ပါ။
- မတင်မကျမလုပ်ပါနဲ့၊ လုပ်နေကျအလုပ်အတိုင်းသာ မလုပ်ပါနဲ့။
- သွားလာကြနေရာက စားသောက်ဆိုင်ကို သွားစားကြမယ်။
- စိတ်တိုင်းကျ သုံးဆောင်ပြီးရင်တော့ ကျသင့်ငွေပေးချေပါ။
- မြန်မာစာဘာသာ ကျတယ်ဆိုတာအတော်ရှား၊ သတ်ပုံမှားရေးသူတွေက အတော်များ။
- မြန်မာစာကို အလေးထားကြတဲ့ပညာရှင်တွေ ကျွန်တော်တို့ကို ခွဲခွာပြီး သွားကြလေပြီ။
- မြန်မာစာအနာဂတ်အတွက် အတော်ကိုကြောင့်ကြမိပါတယ်။
- ဘောလုံးပွဲ ဂိုးမရှိ သရေကျသွားတယ်။
- ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တသက်လျာတည်း။
မြန်မာစာ အဖျားမကျသေးပါ https://burmese-spelling.blogspot.com/2023/03/blog-post_291.html
ကျ နှင့် ကြ https://burmese-spelling.blogspot.com/2022/08/blog-post_68.html
ကျ နဲ့ ကြ မှားနေသည် https://burmese-spelling.blogspot.com/2024/01/blog-post_645.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ