Skip to main content

Posts

ကျောင်းသူတဦး

၁၂၉၇ (၁၉၅၅) တုန်းကရှိခဲ့တယ်။ အခုခေတ် ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသူတဦး ရှိပါသေးလား။ ကျောင်းသားတဦး ရှိပါသေးလား။ ကျောင်းဆရာတဦး ရှိပါသေးလား။ ကျောင်းဆရာမတဦး ရှိပါသေးလား။ ဒေါက်တာတင့်ဆွေ

မြန်မာကလေးကဗျာ

တင်မိုး ၁ ကလေး သူငယ်တို့အဖို့ ရွံ့နှင့် လုပ်သော နွားရုပ်၊ ကျွဲရုပ်တို့သည် သူတို့အလွန် နှစ်သက်သော စကားစရာ ဖြစ်သကဲ့သို့ အက္ခရာနှင့် ဖန်တီးထားသော တေးကဗျာတို့သည်လည်း သူတို့ အလွန် နှစ်သက်သော စကားစရာတမျိုးပင် ဖြစ်ပေသည်။ ကလေးတို့၏ ကစားစရာတမျိုးဖြစ်သော တေးကဗျာတို့သည် မြန်မာနိုင်ငံ ရပ်တကာ၊ ရွာတကာတွင် လှည့်လည် ကျက်စားနေသည်မှာ မည်မျှကြာပြီ မှန်းမသိပါ။ သို့ရာတွင် ကျွန်တော်တို့ အဖိုး၊ အဖွားများနှင့် ကျွန်တော်တို့ လက်ထက်အထိ မြန်မာတေးကဗျာတို့သည် ကလေးတို့၏ အဖော်ကောင်း ဖြစ်နေပုံကိုကား ကောင်းကောင်း သိပါပေသည်။ ကလေးငယ်တို့ သီဆိုဖို့ မြန်မာတေးကဗျာ အတိုအထွာ ကလေးများကို ဖန်တီးခဲ့သော စာဆိုတို့မှာ ကလေးများကိုယ်တိုင်လည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ်လျှင်လည်း ကလေး ချစ်တတ်သော၊ ကလေး၏ သဘာဝကို သိမူတတ်သော၊ ကလေးတို့ကို အရိပ်ကြည့်နေတတ်သော ရပ်က၊ ရွာက စာဆိုတို့လည်း ဖြစ်နိုင်ပါသည်။ ကလေးသည် အကစား မက်ပါသည်။ အပျော်ကို နှစ်သက်ပါသည်။ စကားရင်း တေးဆိုရပါမှု သူတို့ အလွန် ကျေနပ်ပါသည်။ အများအားဖြင့် ရှေးခေတ်က ကလေးတို့ သိဆိုသော တေးတို့မှာ ကစားရင်း ပျော်ပျော်ရွှင်ရွှင် သိဆိုသော တေးများသာ များပါသည်။ မိမိတို့ ပတ်ဝန်းကျင်က အကြောင...

တယောက် နဲ့ တခုလောက်

တခြားနိုင်ငံကြီးတခုမှာ ဆယ်စုနှစ်ပေါင်းများစွာနေထိုင်တဲ့ မိတ်ဆွေတဦးဆီကို မေးပါတယ်။ - လက်ရေးနဲ့စာက ဘယ်ခုနှစ်ကပါလဲ။ တယောက် နဲ့ တခုလောက် ကို မှန်အောင်ရေးကြောင်း သက်သေခံအဖြစ် သုံးလို့ရမလား။ - ၁၉၆၈ ခုနှစ်မှာ ကိုးတန်းကျောင်းသား ညီရဲ့စာပါ၊ သုံးနိုင်ပါတယ်။ ဟုတ်။ ကျေးဇူး။ ၁၉၆၈ ခုနှစ်ဆိုရင် ကျွန်တော်က ဆေးကျောင်းတက်နေရပြီ။ တတိုင်းတပြည်လုံးမှာ ' တယောက် ' နဲ့ ' တခု ' ကို မှန်အောင်ရေးခဲ့ကြပါတယ်။ အခုတော့ - ' တယောက် ' နဲ့ ' တခု ' မဟုတ်တော့ဘဲ၊ တမျိုးတမည်ရေးတာတွေကို တမျိုးတမည်လောက်ကိုသာ သိကြသူတွေက ဖတ်ကြပါသတဲ့။ သတ်ပုံမှန်နဲ့ရေးတဲ့ လက်ရေးမူတွေ စုထားတာ မနည်းတော့ပါ။ ပြန်ထုတ်၊ ပြန်တင်သမားတွေက ထင်သလိုပြင်မရလို့ သဘောတော်မကျ။ သူတို့ခေတ် တစ်ကြကုန်၏။ ဒေါက်တာတင့်ဆွေ

ပုဒ်ကြီး / ပုဒ်ကလေး / ပုဒ်ထီး / ပုဒ်မ

၁။ မြန်မာစာပေမှာ ပုဒ်သေး၊ ပုဒ်မ ကိစ္စ တော်တော်ဂယက်ထတာ ကြားဖူးတယ်။ ကျွန်တော်တို့ အဲ့ဒီခေတ်ကိုမမီလိုက်ပါ။ ပို့စ်တခုအနေနဲ့ ဗဟုသုတအလို့ငှါ ဖတ်ဖူးကြားဖူးချင်ပါတယ်ဆရာ။ ၂။ ပုဒ်ကလေး၊ ပုဒ်မကအစ မလွဲဘူးဆရာ။ ပုဒ် ပုဒ် ၃ ပါး = စာရေးရာ၌ အနက်အဓိပ္ပာယ်ကို သိခြင်း၏ အကြောင်းဖြစ်သော ပုဒ်များ။ ( ၁) ဧကက္ခရပုဒ် = အက္ခရာတလုံးတည်းဖြင့် တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံ-လူ , နတ် , ခွေး , ဝက် , ကြက် စသည်၊ ( ၂) အနေကက္ခရပုဒ် = အက္ခရာလုံးများစွာပေါင်းမှ တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံ-ဗြဟ္မာ , ကရင်နီ , ပစ္စေကဗုဒ္ဓါ စသည်၊ ( ၃) အနေက ပဒပုဒ် = ပုဒ်ပေါင်းများစွာကို တပုဒ်တည်းသာ ယူသော သဒ္ဒါမျိုး။ ပုံ-စားစားသောက်သောက် , ပြောပြောဆိုဆို , စသည်၊ ပုဒ် = အစအဆုံးပြည့်စုံအောင်ရေးဖွဲ့ထားသည့် စာ၊ ကဗျာစသည်ကို ရေတွက်ရာ၌သုံးသည့်စကားလုံး။ မေးပိမ့်‌ဖြေလော့ချီသည် တပုဒ်၊ လောဘဒေါသချီသည် တပုဒ်။ သမန်၊ဒု။၇၁။ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ = မြန်မာစာ ရေးသားရာ၌ အဓိပ္ပာယ်ရှင်းလင်းစေရန် ပုဒ်ကလေး၊ ပုဒ်မ၊ ဝိုက်ကွင်းစသော သင်္ကေတများကို အသုံးပြု၍ ရေးသည်။ ထိုသင်္ကေတများကို ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ။ ပုဒ်ကြီး (ပုဒ်မ) = ဝါကျဆုံးရာ၌ ရေးသော မျဉ်းမတ်အတို နှစ်ချောင်း။...