တင်ထားတဲ့စာ = ဝေါဟာရတ္ထပကာသနီ ကွန်မင့်တခု = စာအုပ်ရှာပြီးတင်တာကတော်ကြိုက်တယ် သတ်ပုံသတ်ညွှန်းတွေနဲ့ရန်ဖြစ်တာကိုတော့ လျှော့စေချင်တယ်ဆရာ။ အများညီ ဤကို ကျွဲဖတ်ဆိုရမလားခေတ်ကလည်း မတရားတာကိုပဲ တရားတယ်လို့ ရေးပြောရမယ့်ခေတ်ကြီး ဖြစ်နေတာပါဆရာ။ ဟုတ်။ ဒါက မှန်၊ ဒါက မှား လို့ပြောတာမျိုးကို ရန်စကားလို့ ထင်ရင်တော့ ဘယ်ဆရာဆရာမ၊ ဘယ်မိဘ၊ ဘယ်ဆရာတော်၊ ဘယ်ဘာသာတရားကိုမှ အလေးမထားနဲ့တော့။ အဲလို ကွန်မင့်မျိုးတွေ စကားလုံးအထားအသို၊ အသုံးအနှုန်း တမျိုးစီနဲ့ ရတာ တရာကျော်ပြီ။ တချို့ကတော့ ရန်လုပ်ကြတယ်။ တချို့ကတော့ ကဲ့ရဲ့ကြတယ်။ တချို့က ဆဲဆိုကြတယ်။ တချို့က ခပ်ယဉ်ယဉ်။ ဘလော့ရတဲ့အထိ ရိုင်းစိုင်းသူ မှတ်ထားမိသလောက် စုစုပေါင်း ၅၇ ယောက်ရှိပြီ။ စာရင်းလုပ်ထားပါတယ်။ ဘယ်လိုလာလာ ဆက်ရေးပါတယ်။ ၁၀ နှစ်အတွင်းမှာ - - စာရေးတာကို အလေးထားသူဦးရေ တိုးလာတယ်။ - မှန်အောင်ရေးတတ်သူ တိုးလာတယ်။ - မှန်အောင ရေးရဲသူအရေအတွက်လည်း တိုးလာပါတယ်။ ဆက်ရေးပါမယ်။ အဲလိုရေးလို့ ရေးတဲ့သူကို ဘလော့သူတွေကိုလည်း စိတ်မဆိုးပါ။ အခုပြန်စာက နောက်ဆုံးကွန်မင့်ရေးသူတဦးတည်းအတွက် မဟုတ်ပါခင်ဗျား။ ဒေါက်တာတင့်ဆွေ
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ မြန်မာစာမှန်အောင်ရေးတတ်စေရမည်။