Skip to main content

Posts

"ဘယ်နှစ်ချောင်းလဲ"

"ဘယ်နှစ်ချောင်းလဲ" လို့ ရေးရသည်။ အွန်လိုင်းကနေ စာသင်ပေးနေတဲ့ နေရာတခုက ဖြစ်ပါသည်။ တချောင်း မှာ စသတ်မလို။ နှစ်ချောင်း၊ နှစ်ခု၊ နှစ်ရာတွေမှာ စသတ် လိုပါသည်။ စာသင်ပေးနေသူတွေ အတော်များများ မှားနေကြသည်။  မှန်ရင် အစိမ်းရောင် အမှန်ခြစ်၊  မှားရင် အနီရောင် အမှားခြစ်နဲ့ဟာတွေကလည်း  တဝက်လောက်သာ မှန်ကြသည်။ စာသင်ကျောင်းတွေမှာလည်း မှားသင်ပေးနေကြသလား  သံသယရှိပါသည်။ မြန်မာပြည်။ ဒေါက်တာတင့်ဆွေ

ဝိုင်းဝိုင်းလည်

ရေး။ ရေနံသာ ဝင်းမောင်လေး ဆို။ သန်းသန်းဆင့် ချစ်သူပတ်လည်ဝိုင်းလို့ ခင်မင်ချင်သူတွေများတဲ့ ကျမလိုသဘင်သည် အနုပညာရှင်မို့ မောင့်ရင်ထဲမတော့ သဝန်တိုပေမယ် - အတွေးရေယာဉ်ကြော× မောင်မျောရင် မောရုံသာရှိမယ် သံယောဇဉ်လဲ အသဲတွင်ငြိတယ်× (စွဲမိရွှေ ဘဝင် အကြင်နာ မကုန်လေတယ် ချစ်စိတ်မငြိုငြင်× ယုံစေချင်တယ် စိတ်ချပါ] မောင်ရယ်× အကြင်နာမို့ ချစ်သူဝိုင်းဝိုင်းလည်] ၂ ×။ ကျမအနုပညာကို ချစ်တဲ့သူတွေကလဲ ကျမအနားမှာဘဲ ဝိုင်းဝိုင်းလည်× ကျမရုပ်ရည်ကို နှစ်သက်သူတွေကလဲ ကျမအနားမှာဘဲ ဝိုင်းဝိုင်းလည်× ပြောဟန်ဆိုဟန် တေးသံလွင်လွင် ကြားချင် လှသရှင်× နားဆင်သူတွေကိုဖြင့် တုံ့ပြန်မေတ္တာများနဲ့ ထားရမယ်× အနုပညာသည်ပင်× သန့်သန့်ရှင်းရှင်း ချစ်ခြင်း အမြဲထားကာပင် တယောက်ဆိုတယောက်ထဲ– တပွင့်ထဲပန်ချင်× ရွှေလကို ကြည့်မိရင်ကွယ်× မေကတော့ ပြည့်ပြည့်ဝန်းဝန်း ရွှန်းမြစွာ ထွန်းပတာ မြင်ချင်ပါတယ်×။ မောင့်မျက်နှာ ရွှေလစန္ဒာ– သုန်ပါနဲ့မှုန်ပါနဲ့ ကွယ်လေးရယ်။ (စွဲမိရွှေဘဝင်.... .... .... .... .... ချစ်သူ ဝိုင်းဝိုင်းလည်) ၂ ×။ မှတ်ရန်များ - ကျမအနားမှာဘဲ သည် ကျမအနားမှာပဲ မဟုတ်။ - တယောက်ဆိုတယောက်ထဲ မှာ စသတ်တွေမပါ။ - တပွင့်ထဲပန်ချင် မှာလည်း စသတ်မပါ။ ဒေါက်တာ...

တချိန်က

တချိန်ကကို မှန်အောင်မရေးတတ်ကြသော  တက္ကသိုလ်ဘွဲ့ ရတွေ  စာရေးဆရာဆိုသူတွေ ကဗျာဆရာဆိုသူတွေ ဆဲလီဟုအခေါ်ခံရသူတွေ များလှပေသည်။ ဒေါက်တာတင့်ဆွေ

"တချိန်တုန်းက"

တချိန်တုန်းကတက္ကသိုလ် နှင့် လွမ်းမောဖွယ် ကျောင်းသီချင်းများ စုစည်းမှု  ကို မကြာခဏတွေ့ပါသည်။  ရေးထားတကြတဲ့စာတွေကိုလည်း အမြည်းလောက်ဖတ်သည်။ သတ်ပုံမှန်ရင် အစ အဆုံးဖတ်ပါသည်။ "တချိန်တုန်းက" ကို မှန်အောင်မရေးတတ်ကြသော  တက္ကသိုလ်ဘွဲ့ တခု၊ နှစ်ခုရသူတွေ များလှပေသည်။ ဒေါက်တာတင့်ဆွေ

September စက်တင်္ဘာလ

၂၀၂၆ ခုနှစ် စက်တင်္ဘာလမှာ မြန်မာပြက္ခဒိန်အရ ၁၃၈၈ ဝါခေါင်လဆုတ် ၄ ရက်နေ့ကနေ တော်သလင်း လဆုတ် ၄ ရက်နေ့အထိ ကျရောက်တယ်။ စက်တင်္ဘာနာမည်ဟာ Septem (Seven) ကနေ ဆင်းသက်လာတာဖြစ်တယ်။ ရောမပြက္ခဒိန်အရ သတ္တမမြောက်လ ဖြစ်လို့ပါ။ အဲသည်ခေတ်က တနှစ်မှာ ၁ဝ လသာရှိတယ်။ ဇန္နဝါရီနဲ့ ဖေဖေါ်ဝါရီလတွေက မပါသေးပါ။   စက်တင်္ဘာလ အထိမ်းအမှတ်နေ့များ • ပဌမတနင်္ဂနွေနေ့ = Grandparents Day အမေရိက နဲ့ ကနေဒါ အဖိုး-အဖွါးများနေ့ • ပဌမတနင်္လာနေ့ = Labor Day (Labour Day) အမေရိက နဲ့ ကနေဒါ အလုပ်သမားနေ့ • တတိယတနင်္လာနေ့ = ဂျပန် သက်ကြီးရွယ်အိုများနေ့ • ၁ ရက်နေ့ = အူဇဘက်ကစ်စတန် လွတ်လပ်ရေးနေ့ • ၂ ရက် = ဗီယက်နမ် အမျိုးသားနေ့ • ၅ ရက် = Teachers’ Day ( အိန္ဒိယ) ဆရာများနေ့ • ၇ ရက် = ဘရာဇီးလ် လွတ်လပ်ရေးနေ့ • ၈ ရက်နေ့ = International Literacy Day နိုင်ငံတကာစာတတ်မြောက်ရေးနေ့ • ၁၃ ရက် = Positive Thinking Day အပြုသဘောဆောင်စဉ်းစားရေးနေ့ • ၁၅ ရက် = အယ်လ်ဆာဗာဒို လွတ်လပ်ရေးနေ့ • ၁၅ ရက် = အမေရိကန် ဟစ်ပင်းနစ် ရှေးဟောင်းအမွေအနှစ်နေ့ • ၁၅ ရက် = International Day of Democracy နိုင်ငံတကာဒီမိုကရေစီနေ့ • ၁၈ ရက် = National ...

ဘီရို ဗီရို

အမေ အဖေတို့ရဲ့စက္ကူ ယပ်တောင်တွေကတော့ ဘီဒိုထဲသိမ်းထားသော်လည်း ပိုးကိုက်လို့ မရှိတော့ပါ။ ဘီရို (ဗီရို) လို့ ရေးရတယ်။ ဘီယာ – န /ဗီယာ/ ဂျုံ မုယောစပါးညှောက်များကို ကဇော်ဖောက်စေ၍ ပြုလုပ်ထားသော သေရည်တမျိုး။ [လိပ်] ဘီရို – န /ဗီရို/ ဗီရို – န၊ ရှု။ ဘီလူး – န /ဗလူး/ ဇာတ်တော်များနှင့် ဒဏ္ဍာရီတို့တွင် ဖော်ပြလေ့ရှိသော လူနှင့် သဏ္ဌာန်တူ၍ အစွယ် အမွေး ရှိပြီး ခက်ထန်ကြမ်းကြုတ်သော သတ္တဝါ။ [ပါ] ဘီလူးဂျိမ်း – န /ဗလူးဂျိန်း/ ဇာတ်ပွဲသဘင်တို့တွင် ဘီလူးထွက်ရာ၌ လက်ကပါဒ်တန်းတို့နှင့် ရွတ်ဆိုကြမ်းမောင်းသော ဇာတ်စကားမျိုး။ ဘီလူးခေါင်း – န /ဗလူးဂေါင်း/ ဇာတ်ပွဲသဘင် စသည်တွင် ဘီလူးအသွင် ကပြရန် ဦးခေါင်း၌ စွပ်ရသည့် ဘီလူးမျက်နှာပုံဖော် ခေါင်းဆောင်း။ ဘီလူးစီး – ကြိ /ဗလူးစီး/ ၁။ အိပ်ပျော်စဉ်အခါ လှုပ်ရှားရုန်းကန်၍ မရသကဲ့သို့ ခံစားရပြီး ယောင်ယမ်းထိတ်လန့် အော်ဟစ်သည်။ ၂။ ဘီလူးပူးဝင်သကဲ့သို့ အမူအရာခက်ထန် ကြမ်းတမ်းသည်။ ဘီလူးစည်း လူ့စည်း – န /ဗလူးစီးလုစီး/ သူ့တာ ကိုယ့်တာ စောင့်စည်းလိုက်နာအပ်သော အပြန်အလှန် စည်းကမ်း။ ဗီနဒီ – န /ဗီနဒီ/ မြန်မာနာရီ၏ ခြောက်ဆယ်စိတ် တစိတ်မျှသော အချိန်။ (စက်နာရီ နှစ်ဆယ့်လေးစက္ကန့်နှင့် ညီမျှသည်။) ဗီဇာ – ...

ကင်းဝန်မင်းကြီးလန်ဒန်မြို့သွား နေ့စဉ်မှတ်စာတမ်း

ကင်းဝန်မင်းကြီးလန်ဒန်မြို့သွား နေ့စဉ်မှတ်စာတမ်း (စ) "ကင်းဝန်မင်းကြီး နဲ့ ဒေါက်တာထင်အောင်" မင်းတုန်းမင်းတရားကြီးလက်ထက် အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်ကင်းဝန်မင်းကြီး( ၁၈၂၂-၁၉၀၈) ကိုမြန်မာနှင့်အင်္ဂလိပ် မဟာမိတ်အဖြစ်ခိုင်မြဲစေရန်ရည်ရွယ်ကာ၊ ဘုရင့်ကိုယ်စား ၁၈၇၂ ခုနှစ်တွင်အင်္ဂလန်နိုင်ငံသို့သွားရောက်ခဲ့ရပါတယ်။ ကင်းဝန်မင်းကြီးနှင်အတူ၊-- ၁။ သံလတ်အဖြစ်ပန်းတဥ်းဝန်ထောက် မဟာမင်းလှကျော် (ဦးရွှေဘင်) ၂။ ဖန်ချက်ဝန်ထောက် မဟာမင်းကျော်ရာဇာ(ဦးရွှေအိုး) ၃။ သံငယ်အဖြစ် စာရေးကြီး မင်လှဇေယျသူ(ဦးခြိမ့်) တို့ပါဝင်ပါတယ်။ ကင်းဝန်မင်းကြီးတို့အဖွဲ့ဟာအင်္ဂလန်နိုင်ငံတွင်သာမက ပြင်သစ်၊ အီတလီနိုင်ငံများပါ ဝင်ရောက်ကာ နိုင်ငံကိုယ်စားပြု စာချုပ်တွေချုပ်ဆိုနိုင်ခဲ့ကြပါတယ်။သံအဖွဲ့ဟာလန်ဒန်မှာ အမြောက် ၁၉ ချက်ပစ်ဖောက်ကြိုဆိုခံရခြင်း၊ ဝိတိုရိယဘုရင်မကြီးနှင့်တွေ့ဆုံခွင်ရခဲ့ကြပေမယ့် ရည်မှန်းချက် မအောင်မြင်ခဲ့ကြပါ။ ခရီးအစ ဗြိတိသျှမြန်မာပြည်ရန်ကုန်မြို့ရောက်စဥ်ကစ၍ အဆင်မပြေမှုများ စတင်ကြုံတွေ့ခဲ့ကြရပါတယ်။ ကင်းဝန်မင်းကြီးဦးဆောင်တဲ့အဖွဲ့ကိုပြင်သစ်နိုင်ငံရဲ့ ပထမဦးဆုံးသမ္မတ မစ်စီယာသီယေး က ဗာဆိုင်းနန်းတော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်...