Skip to main content

Posts

ဗေဒါတဲ့

ဗေဒါ မြင်တာနဲ့ ဆရာဇော်ဂျီကိုသာ သတိရပါသည်။ ဗေဒါလမ်းကဗျာတွေ အများကြီးရေးစပ်ထားတာ ဖတ်လို့ မဝနိုင်ပြီ။ ဘဝအချိုးအကွေ့တိုင်းမှာ ဘဲအုပ်နဲ့ ဗေဒါ။ ယက်ကန်ခံရတာ အခါခါ၊ အုန်းလက်တွေကလည်း သည်ရေကြောမှာ ပေါလှပါ။ ကဗျာ အသက်ဝင်လှပါသည်။ ကဗျာ့အပြင်မှာတော့ ရုပ်ရှင်ကြည့်ရင် ကိုယ့်ကိုယ်ကို ဇာတ်လိုက်ထင်။ ရုံပြင်ထွက်တော့ အုန်းလက်။ လမ်းပေါ်မှာတော့ ဘဲလိုကန်သူတွေကလည်း များပြားလှပါသည်။ လူတိုင်းရဲ့ဘဝဇာတ်လမ်းလည်း ဖြစ်ပါသည်။ ရေးကြ ရွတ်ကြ တင်စားကြတာတော့ ဗေဒါပေါ့။ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ဘဲ ကိုတော့ မှန်အောင် ကူးမရေးတတ်ကြတဲ့ခေတ်။ ဒေါက်တာတင့်ဆွေ ၂၉-၉-၂၀၁၉

ပွဲခင်းသာ (တင်မိုး)

နွားညီနောင် ရွှေခြူကုံးနဲ့ လူလုံးပြ ဟန်ရေးကြွယ်။ ရှစ်စထောင် လှည်းယာဉ်ကြော့နဲ့ ပွဲဝင်တော့မယ်။ မမလေး သေးသွယ်သွယ် လိုက်မယ်ဆို နံ့သာသ ခန်းဆောင်ကကြွ။ ဆံမြိတ်နွယ် ခိုတောင်ချနဲ့ လက်အပွ ပဒုမ္မာ။ သရက်ထည် ပွင့်ဝါရိုက်နဲ့ လိုက်ဖက်လှပါ။ ပြုံးတော့မဲ့ နွဲ့မူရာ ပျူငှါလို့ ကြည်ဝင်း။ နွားညီနောင် ခြေကုန်သုတ်အောင် ယောင်ကြီးရှင် ခါးပုံပြုတ်အောင် ရုပ်ကကြော့ရှင်း။ ခေါင်းပေါင်းစ တထောင်ထောင် အရီးလူ လှည်းအိုပျက်က ပြုံးမျက်စလှောင်။ ဆောင်ပန်းအိမ် လကျာ်ကျက ဗေါင်းစနဲ့ ပျိုတို့မောင် ပြုံးယောင်ယောင် တိတ်တခိုး။   ။ ကွမ်းနုဝါ သူငုံလို့ ပန်းပုဝါ သူခြုံလို့ မလေးလုံ အရှက်ကြီးသူမို့ ထီးကာလို့မိုး။   ။ ဘုံကထိန် ဂုဏ်သိန်ဟည်း စင်တော်ကြီး ရုပ်စုံမြိုင် ပွဲအုပ်မနိုင် သူကြီးကမှိုင် ကျောင်းထိုင်က ညည်း အုတ်ကျက်ကယ် ဆူညံနှင့် စင်ဆော်သံ မိုးယံအုပ် ပတ်တုတ်လို့တီး။   ။ သပြေညို ပင်ပျိုအုပ်မှာ လှည်းဖြုတ်လို့ နေရာယူ ပွဲကြည့်တူတူ ဆောင်းလေကလူ နှင်းမြူက အဝဲ။   ။ စောင်မြိတ်တို တထည်ထဲမို့ မောင့်ရွှေကိုယ် နံ့သာခဲနဲ့ လူပုံမှာ တူစုံနွှဲရတယ် မေ့တတ်နိုင်ဘဲ။    ။  တင်မိုး (မန်းတက္ကသိုလ်) ကဗျာမဂ္...

ဒါးဋီကာ

ဓားမောက်က ယခုအချိန် အသုံးမတွင်ကျယ်သဖြင့် မေးသိလိုပါသည်ဆရာခင်ဗျား ငယ်စဉ်ကတွေ့ဖူးသော ဓားဖျားအသွားသေးကနေ ဦးပိုင်းကြီးကာ တဖြည်းဖြည်း သေးသွယ်သွားသော ပုံသဏ္ဍန်လား ရှင်းပြပေးပါခင်ဗျား ကျွန်တော့အမေက ခရမ်းချဉ်းသီးလှီးတဲ့ဒါး သုံးပါတယ်။ ရိုးရိုးပါဘဲ။ သားတွေက သွေးသွေးပေးကြတယ်။ အဖေကတော့ ဒါးမ၊ ပေါက်ဆိန်နဲ့ ထင်းခွဲတယ်။ ဇာတိရွာမှာ နွားစာရိတ်တဲ့ ဒါးကြီးကတမျိုး။ သွေးထားရင် အလွန်ပြတ်တာ။ အနားမကပ်ရဲဘူး။ မုံရွာ ရတနာပုံရပ်ကွက်မှာ နှီးလုပ်ငန်းလုပ်သူတွေနဲ့ အိမ်နီးချင်း။ သူတို့က ဒါးမောက်သုံးတယ်။ ဆေးကျောင်းမှာ မန္တလေးဒါးတန်းက သူငယ်ချင်းတွေနဲ့အတူ စာသင်ရတယ်။ ကျွန်တော်ဆရာဝန်ဖြစ်တော့ နှစ်ပေါင်းများစွာ ခွဲစိတ်ဒါး သုံးရတယ်။ ဆွစ်ဇာလန်ရောက်စဉ်က မောင်းချဒါး ဝယ်ခဲ့တယ်။ အလွန်ကောင်းတယ်။ ဆွစ်ဇာလန်လုပ် အာမီနိုက်ဖ် တွေကလည်း အမျိုးမျိုး။ သားတယောက်က ကချင်ဒါး ဝယ်ထားတယ်။  ရှစ်လေးလုံးခေတ်မှာ အိမ်တိုင်းက ငှက်ကြီးတောင်ဒါး ဆောင်ထားကြတယ်။ ချင်းလူမျိုးတွေနဲ့တွေ့တော့ သူတို့က ဒါးကို ပြောင်းပြန်လှီးကြာတာ တွေ့ဘူးတယ်။ သူ့နည်းနဲ့သူ ဟုတ်နေတယ်။ နယူးဒေလီ အသားငါးဆိုင်မှာ ဒါးပုံစံက မြန်မာပြည်ကဒါးတွေနဲ့ မတူပါ။ သူ့နည်းနဲ့သူ ဟုတ်နေတယ်။ နယူးဒေလီမှ...

လက်ပံတောဝယ်

ခရီးသည်နွေ လေပွေဆွ ကြွေနေကျပင်လက်ပံ။ တကိုင်းဝင်တကိုင်းထွက် ဇရက်ကယ်ညံ့။ ချာချာလည်ပျံ လက်ပံပွင့်မြေဆင်း။ ဇရက်တွေပွင့်ကြွေကြည့် ရင်မောဘိခြင်း။ ကိုင်းထက်မှာသန္ဓေရင့် အမြင့်ဖွား ပွင့်လက်ပံ။ ဇရက်ကိုတရားပြထင့် ခုန်ချလို့မြေစံ။ လန့်တကြားဆူညံ ဇရက်သံမစဲ။ တပွင့်ကြွေ တပွင့်မေ့ သည်ငှက်လေ့ဘဲ။ လေရူးပြေ နွေရင့်တော့ လက်ပံပွင့်တုံးခဲ့ပြန်။ ပင်လက်ပံမိုးယံထိုး ရိုးတံချည်းကျန်။ မုတ်သုန်လေ အညာပြန် ဇရက်သံလေမှာဝဲ။ ပင်လက်ပံခြုံထည်ပြောင်းကို တောပုန်းလေ ရှေ့ မြောက်စောင်းဆီက ချောင်းကြည့်ရယ်မြဲ။ (မောင်စွမ်းရည်) ငွေတာရီမဂ္ဂဇင်း ၁၉၆၃ ဇွန်လ ဒေါက်တာတင့်ဆွေ

မြန်မာ ပက္ခဒိန် အစီအရင် (ဟင်္သာတ သပြေပင်ဆရာတော်)

https://drive.google.com/.../12ag68bXyuM786kcxwrS.../view... တရံရောအခါ လဆန်းတရက်နေ့၌ တသိန်းကို ထိုလဆန်းတရက်နေ့၌ လဆန်းတရက်နေ့၌ လဆန်းတရက်နေ့၌ ထီထီတလုံး ဒေါက်တာတင့်ဆွေ

သူ့ကဗျာ

(အလယ်တန်း စကားပြေ လက်ရွေးစင်) ကျောင်းထိုင်ဘုန်းကြီးတပါးသည် ရှဉ့်တကောင် ကျောင်းသားကလေး တယောက်က ယခုအခါ ကျောင်းထိုင်ဘုန်းကြီးတပါး ပျံလွန်တော်မူပြီ။ ရှဉ့်တကောင် သေသွားပြီ။ ကျောင်းသားကလေး တယောက် အနိစ္စရောက်ပြီ။ စကားပြေ လက်ရွေးစင် ကွယ်လွန်ပြီ။ အားလုံး ကောင်းရာသို့ရောက်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ

ကာရန်ပါ ကဗျာမဟုတ်

ကွန်မင့်တခု = ကာရံတွေပါရက်နဲ့ ကဗျာမဟုတ်ဆိုတော့ ဘာပါလဲ (ကဗျက်) လို့… See more နဘေ ကာရန် နဲ့ရေးမိရင် ကဗျာကြိုက်သူတွေက ကဗျာလည်း မဟုတ်ဘူးတဲ့ ဆုံးမကြတယ်။ ကလေးတိုင်းဟာ မိခင်တွေက သီဆိုချော့သိပ်တဲ့ ကဗျာလေးတွေနဲ့ ကြီးပြင်းလာကြတယ်။ နားထောင်ကောင်းကောင်းနဲ့ အိပ်ပျော်ကြတယ်။ “ပုခက်လွှဲသီချင်း”  မုန်တိုင်းကထန်၊ ချောင်းကလျှံ၊ ဝဲသံကကြွေး၊ လှိုင်းကဖွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။  မိုးပေါက်ကနာ၊ ဖြုတ်ကလာ၊ လမ်းတာကဝေး၊ လေကအေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။  ဖော်ချင်းတို့ရေ၊ တို့တတွေ၊ လှော်လေအပြေး၊ ယက်ဖွေးဖွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။  နေမင်းဖန်ဝါ၊ ယွန်းတော့ရှာ၊ အိပ်ပါ လူလေး၊ မေ့ရင်သွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။  ငှက်မငှက်ဖို သိုက်မြုံခို၊ သံချိုမကြွေး၊ အိပ်ပြီလေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။  ယနံ့မထုံ၊ ပန်းဝတ်မှုံ၊ ပန်းငုံမှာကွေး၊ အိပ်ပြီလေး၊ လမင်းသော်တာ၊ ရောင်ခြည်ဖြာ၊ အိပ်ပါလူလေး၊ မေ့ရင်သွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။ “သားချော့တေး” လူကလေးတဲ့ ချော့စရာ။ မိတ္ထီလာ ကန်တော်အောက်က  ဖါးကောက်ခဲ့ပါ။ ဖါးပါရင် တကောင်ပေးပ။  မျက်လုံး ကြောင်တောင်တောင်နဲ့  ဖါးကောင် ကသေး။ (ဒေါက်တာ-တန်ဂွမ်လျောင်...