Skip to main content

Posts

မြုပ် မြှုပ်

မိုးကရွာ ရေကမြုတ် ငလျင်ကလှုပ်နဲ့ ဒုက္ခက အမျှင်မပြတ်သေးဘူးနော။ မြုတ်က မှန်သလားဆရာ။ မြန်မာစာ ဆရာတဦးရေးထားတာ - မမှန်ပါ။ မြေပဲခင်း ရေမြုတ်သောအခါ ရုပ်သံ  - မမှန်ပါ။ အခင်းတွေ ရေမြုတ်ပြီ ရုပ်သံ Khat ... - မမှန်ပါ။ ရေးစုတ်မော်တာ(ရေမြုတ်)ပြုပြင်နည်း - မမှန်ပါ။ လှုပ်လေမြုတ်လေ - song and lyrics by K၀ Shaki - မမှန်ပါ။ အရှေ့ဒဂုံ နောင်ရိုးချောင်းအရှေ့ ၁၃ ရပ်ကွက်ရေမြုတ် နေအိမ်များသို့  - မမှန်ပါ။ ငါးငပိ ချက်နှင့် အတူ မြုတ်တဲ့ ပဲ နှစ်ပါး ညစာအချိန် ဖျော်ဖြေမှုပြတင်းပေါက် - မမှန်ပါ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) မြုပ် ၁။ မြေ၊ ရေစသော တစုံတရာအတွင်း၌ ကျနစ်တည်ရှိသည်။ ၂။ အတွင်းသို့ နစ်ဝင်သည်။ ၃။ မမြင်မထင်သာ၊ အတန်ကြာ ပျောက်ကွယ်နေသည်။ မြှုပ် ၁။ မြေ၊ ရေစသော အထုတစုံတရာအတွင်း၌ အလုံးစုံး နစ်ဝင်အောင်ပြုသည်။ ၂။ (ဥပစာ) လုပ်ငန်းတစုံတရာ၌ ရင်းနှီးထားသည်။ ၃။ မဖော်ပြပဲ ခြွင်းလှပ် ဖယ်ချန်ထားသည်။ နစ်ပျောက်စေည်။ ၄။ မသိ မမြင်အောင် သိုဝှက်ဖုံးကွယ်ထားသည်။ မြှုပ်ကွက် မြှုပ်နှံ အထက်စာလုံးတွေက ကြိယာဖြစ်တယ်။ အ ထည့်တော့ နာမ်ဖြစ်တယ်။ အတို့အမြှုပ်က မှန်ပါမယ်။ မှတ်ရန် - မဖော်ပြပဲလို့သာရေးပါတယ်။ ဘဲ မဟုတ်ပါ။ အခြားသတ်ပုံကျမ်းမျ...

ဟေ - ဘာမေးတယ်

"ဟေ - ဘာမေးတယ်!  ဝလုံးကို ဘာဖြစ်လို့ အဝိုင်း ရေးရသလဲ  ဆိုဒါကို မင်းက သိချင်သလား-  မိုက်လို့ရေးတာဟေ့ မိုက်လို့ကွ" ကာတွန်းထဲကလို မေးတာတွေ လာတယ်။ အားနာလို့ သိမ်းမထားလိုက်ပါ။ ဖြေရတာ ဂွကျတယ်။ လူသားတွေ ဘယ်လိုဆက်သွယ်ခဲ့ကြသလဲ စကားလုံးတွေ ပေါ်ခဲ့သလဲ စာလုံးတွေ ဘယ်လို  သမိုင်းကြောင်းကို ဘာသာပြန်ပါဦးမယ်။ (၁) စောစောပိုင်း လူသားတို့၏ ဆက်သွယ်ရေး ရှေးဦးလူသားများသည် ခန္ဓာကိုယ်လှုပ်ရှားမှုများ၊ ကိုယ်ဟန်အနေအထားများနှင့် အခြေခံအသံများကို အသုံးပြု၍ ဆက်သွယ်ခဲ့ကြသည်။ ၎င်းတို့သည် အရာဝတ္ထုများကို လက်ညှိုးထိုးပြခြင်း၊ မျက်နှာမူရာပြောင်းခြင်းနှင့် မျက်ဖြူရောင်ထင်ရှားသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ အာရုံစိုက်မှုကို မျှဝေခြင်းများ ပြုလုပ်ခဲ့ကြ၏။ နှစ်ပေါင်းထောင်ပေါင်းများစွာ ကြာညောင်းလာသောအခါ ထိုခန္ဓာကိုယ် အခြာများနှင့် ရိုးရှင်းသော အသံပြုမှုများသည် စနစ်ကျသော စကားပြောဆိုမှု၊ အနုပညာလက်ရာများနှင့် သင်္ကေတများအဖြစ်သို့ ပြောင်းလဲတိုးတက်လာခဲ့သည်။ ခန္ဓာကိုယ်နှင့် အမြင်ဆိုင်ရာ အချက်ပြမှုများ - ရှေးဦးဘိုးဘေးများသည် အရာဝတ္ထုများကို ညွှန်းဆိုရန်၊ အရပ်မျက်နှာပြရန်နှင့် ပြုမူလှုပ်ရှားမှုများကို တုပရန် လက်...

ဂျာလေဘီ (Jalebi)

ဂျာလေဘီသည် ဂျုံမှုန့်နှင့် ဒိန်ချဉ်တို့ကို သမအောင်နယ်ထားသည့် မုန့်နှစ်ကို ဆီပူအတွင်း ခရုပတ်ပုံစံ ညှစ်ထည့်ကြော်ပြီး၊ ကြွပ်ဆတ်သွားသော မုန့်ခွေများကို နနွင်း (Saffron) နှင့် နှင်းဆီရနံ့ သင်းပျံ့သော သကြားရည်နွေးနွေးတွင် စိမ်၍ ပြုလုပ်ထားသည့် ထင်ရှားသော အိန္ဒိယအချိုမုန့်တမျိုး ဖြစ်သည်။ ပါဝင်သော အဓိကပစ္စည်းများ • ဂျုံမုန့်အမျိုးအစားစုံ (Maida): မုန့်နှစ်ပြုလုပ်ရန်။ • ဒိန်ချဉ် သို့မဟုတ် ပြောင်းဖူးကစီဓာတ်: မုန့်သားအကွက်ကျစေရန်နှင့် အချဉ်ဓာတ် ရရှိစေရန်။ • ရေနှင့် မုန့်ဖုတ်ဆိုဒါ အနည်းငယ်: မုန့်နှစ်စပ်ရန်။ • သကြား၊ နနွင်းနှင့် ဖာလာစေ့: သကြားရည်ပြုလုပ်ရန်။ ပြုလုပ်နည်း • ဂျုံမှုန့်၊ ဒိန်ချဉ်နှင့် ရေတို့ကို ပျစ်ပျစ်နှင့် ညက်ညက်ကလေး ဖြစ်အောင် ရောစပ်ပါ။ • မုန့်နှစ်ကို ခဏအနားပေးပါ (သို့မဟုတ်) အချဉ်ဖောက်ပါ။ • ရရှိလာသော မုန့်နှစ်ကို ဗူးအပျော့ သို့မဟုတ် မုန့်ညှစ်အိတ်ထဲသို့ ထည့်ပါ။ • အပူချိန် အသင့်အတင့်ရှိသော ဆီ သို့မဟုတ် ထောပတ် (Ghee) ထဲသို့ ခရုပတ်ပုံစံ ညှစ်ထည့်ပါ။ • မုန့်များ ကျွတ်ပြီး ရွှေဝါရောင်သန်းလာသည်အထိ ကြော်ပါ။ • ပူပူနွေးနွေး မုန့်ခွေများကို သကြားရည်နွေးနွေးထဲသို့ စက္ကန့်ပိုင်းမျှ နှစ်စိမ်ယူပါ။ အိန...

"The Ones Who Walk Away from Omelas"

by Ursula K. Le Guin  "ဩမဲလတ်စ်မြို့မှ ထွက်ခွာသွားသူများ"  ဇာတ်လမ်းအကျဉ်း ဤဝတ္ထု၏ တခုတည်းသော အချိန်ကာလ အစဉ်လိုက် ဖော်ပြချက်မှာ ယုံနိုင်ဖွယ်မရှိအောင် ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသည့် ဩမဲလတ်စ်မြို့၏ နွေရာသီ ပထမဆုံးနေ့ကို စတင်ဖော်ပြထားခြင်း ဖြစ်သည်။ ဩမဲလတ်စ်တွင် နွေရာသီ၏ နေ့တာအရှည်ဆုံးနေ့ (Summer Solstice) ကို သိုက်သိုက်ဝန်းဝန်း ပွဲတော်ကျင်းပ၍ လူငယ်များ မြင်းစီးပြိုင်ပွဲဖြင့် ဆင်နွှဲကြသည်။ ထိုသို့ သက်ဝင်လှပသော ပွဲတော်၏ ပျော်ရွှင်ဖွယ် အငွေ့အသက်မှာ ထိုအေးချမ်းသော လူ့အဖွဲ့အစည်း၏ နေ့စဉ် အလေ့အထပင် ဖြစ်ပုံရသည်။  မြို့သူမြို့သားများသည် နည်းပညာနှင့် သယံဇာတ ကန့်သတ်ချက်များ ရှိသော်လည်း ပညာဉာဏ်ကြီးမား၍ ယဉ်ကျေးသိမ်မွေ့ကြသူများ ဖြစ်ကြ၏။ ဩမဲလတ်စ်တွင် ဘုရင်၊ စစ်သား၊ ပုရောဟိတ် သို့မဟုတ် ကျေးကျွန်များ မရှိပါ။ ထိုအဖွဲ့အစည်း၏ သီးခြား လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး တည်ဆောက်ပုံကိုမူ တိကျစွာ ဖော်ပြမထားဘဲ၊ ဇာတ်ကြောင်းပြောသူကပင် အသေးစိတ် အချက်အလက်တိုင်းကို မိမိကိုယ်တိုင် မရေရာပါဟု ဆိုထားသည်။ ဇာတ်ကြောင်းပြောသူက - "ငါ့စကားတွေထဲမှာ ဩမဲလတ်စ်ဟာ ရှေးရှေးတုန်းက ဝေးလံခေါင်သီတဲ့ ဒဏ္ဍာရီထဲက မြို့တမြိ...

ပပဝင်းဝင်း

ဆို - ပြည်လှဖေ ဆွတ်ခူးရန်ခက်ပါရဲ့ မျက်ပါရဲ့သက်လယ်.... အုံ့ပုန်းမောင် မျက်နှာငယ်မှာ ကွက်မလယ်နိုင်ဘဲ.... ရွှေငုံးမင်း အမြီးမြှော်သလို ခရီးတော်နီးရက်နဲ့ဝေး....။ ဘယ်သောအခါများ တူနှစ်ကိုယ်နီးရပါမယ် × မောင်ကြံရွယ် နတ်ပန်းထက်ပင်ခူးရန်ခက်သေးတယ် × × သြော်- ဝင်းဝင်းပပ လှတဲ့ ပျိုနွဲ့မရယ်.... မောင့်အသည်းမှာပင် အမြဲတမ်းဘဲ စွဲလမ်းမိတော့တယ် × တူမောင်မယ်နီးရဖို့ ခင်ပျိုနွဲ့မရယ် ခက်သေးတယ် × အမြင်မှာနီးရက်နဲ့ ခရီးကဝေးလှတယ်-မိဘမောင်ဘွား အကိုတွေကြားဝယ်-ယက္ခဂုမ္ဘဏ် ဝိုင်းရံပတ်လို့ရယ် စောင့်ကြပ်တဲ့ နတ်ပန်း အာသာဝတီနွယ်....။ မောင့်အသည်းမှာ အမြဲဘဲကွယ်.... ခင်နဲ့မောင်နီးဖို့ ခက်ပါတယ် × × ခင်ပျိုဖြူ သူဇာအလှရယ် × × မူယာကကြွယ် × × မြင်သူတိုင်းဘဲ ငေးလောက်ဖွယ် × မျှော်နေသူ ချူရန်ခက်လှတယ်....။ သဉ္ဇာလီဆောင်ခန်းအလယ်.... မောင် တမှေးစက်ရာဝယ် × × ခင့်မျက်နှာကလေး တရေးရေး မြင်မိတယ် › မှန်းဆကာအမြဲဘဲကွယ် × တမ်းတကာလွမ်းမိတယ် အိပ်မက်ထဲမှာဘဲတွေ့ရတော့တယ် လှတမျက်နှာ ယဉ်တကိုယ်လုံး.... သိမ်းကြုံးလို့ မောင်ပွေ့ထားချင်တယ် (ဘယ်ဆုကိုယူ ဘယ်ဆုတောင်းလို့ရယ်) ၂ × × မြင်မြင်သမျှ ဘဝင်ကြွေအောင် လှတဲ့ နှမပျိုရယ် × အချစ်ဖူးကလေးကို ခူးချင်ပါရဲ့ကွ...

Marigold Flowers ထပ်တရာပန်း

ထပ်တရာပန်းခင်းကြီးပုံနဲ့ တင်ထာတာတခု တွေ့တယ်။ ပန်းအမည်ကို စသတ်ထားတယ်။ နိုင်ငံတော်ပန်း ဖြစ်လိမ့်မယ်။ နိုင်ငံတော်မူက တဝမ်းပူမှန်ရင် အလွတ်မပေးနဲ့။ စသတ်ကြေးတဲ့။ တခြားသူတွေရေးထားတာ • တချို့ကတော့ ဒေါင်းဖန်ဝါ ပန်းလို့ ခေါ်ကြတယ်၊ ဟိန္ဒူ လူမျိုးတွေကတော့ သူတို့ဘုရားမှာ သီကုံးလှူကြတာ အမြဲတွေရပါတယ်။ • ခုမြင်နေရတာ ကုလားပန်း မဟုတ်လား • အညာမှာထပ်တရာပန်းတွေ မိုးအကုန်ဆောင်းမှာပွင့်တဲ့ပန်း • Marigold မာရီကိုး က အင်္ဂလိပ် အမည်လားလို့ • တခုလောက် မေးချင်တာလေးရှိလို့ပါ ဆရာ ထပ်တရာပန်းဆိုတာ တကယ်ရှိတာလားဗျ ကျွန်တော် ကြားဖူးတဲ့ ထပ်တရာပန်းဆိုတာ တနှစ်နေမှ ပွင့်ဖက်(ပွင့်ဖတ်)လေး တဖက်(တဖတ်)ပွင့်တယ်ဆိုလားပဲ အဲ့ပန်းက ဘယ်အရပ်ဒေသမှာ ရှိတာလဲဆိုတာလဲ သိချင်ပါတယ်ခင်ဗျ အဆိုတော်၊သရုပ်ဆောင် ဦးဝင်းဦးဆိုထားတဲ့ သီချင်းထဲမှာလဲ ရေးဖွဲ့ထားတာလဲ ကြားမိလို့ပါ • ထပ်တရာပန်းပင် - ဝီကီပီးဒီးယား ထပ်တရာပန်းပင်၏ ရုက္ခဗေဒအမည်မှာ C. officinalis 'ကလင်ဒျူလာ အော့ဖီဆီနဲလစ်'ဖြစ်သည်။  • Amber - Marigold flowers ထပ်တရာပန်း • Marigold flower (ထပ်တရာပန်း) • ဒီပန်းလေးရဲ့ အရောင်လေးတွေကို အသုံးပြုပြီး အစားအသောက် အရောင်ဆိုးဆေးအဖြစ် အသုံးပြုကြပါတယ်။ ဟ...

ကန်တော်မင်းကျောင်း မေတ္တာစာ

နှင့် တောင်တွင်းမင်းကျောင်း အဖြေ (ဟံသာဝတီ) ပထမအကြိမ် ၁၉၅၉ ဒုတိယအကြိမ် ၁၉၇၁ တတိယအကြိမ် ၁၉၇၃ တအုပ် ၃ ကျပ် ၅၀ ပြား စာမျက်နှာ ၁၄ ကျောင်းဆိုသည်မှာ ဥပစာ “ကန်တော်မင်းကျောင်း၊ မေတ္တာလောင်းသော” ဆိုရာ၌ ကျောင်းတွင် သီတင်းသုံးသော သီဝိညာဏက အသက်ရှိသော ဘုန်းတော်ကြီးသာ မေတ္တာလောင်းသည်ကို အဝိညာဏက အသက်မရှိသော ကန်တော်မင်းကျောင်းပင် မေတ္တာ လောင်းလေသကဲ့သို့ “ကန်တော်မင်းကျောင်း မေတ္တာလောင်းသော” ဟူ၍ အဘယ့်ကြောင်း မိန့်တော်မူလေသနည်းဟူမူကား- ဥပစာ ဆယ်ပါး၌ လိဗ်မာတော်မူကြောင်းကို သိစိမ့်သောငှါ “ညောင်စောင်း ထက်တွင်နေသောလူ အသံပြုသည်ကို ညောင်စောင်းအသံပြုသည် ဟူ၍ ဥပစာရအားဖြင့် ဌာနီဖြစ်သောလူကို ဌာနဖြစ်သော ညောင်စောင်း၌ တင်စား၍ ဆိုသကဲ့သို့ ဌာနဥပစာရသို့ လိုက်၍ ဌာနီဖြစ်သော ဘုန်းတော်ကြီးသာ မေတ္တာလောင်းသည်ကို ဌာနဖြစ်သော အသက်ဝိညာဉ် မရှိသောကျောင်း၌ တင်စား၍” ကန်တော်မင်းကျောင်း မေတ္တာလောင်းသော ဟူ၍ မိန့်တော်မူသတည်း။ တချက်လည်း အိုးနှင့် မကင်းမကွာ ဖြစ်သောကြောင့် အိုး ယူခဲ့ဆိုလျှင် ထောပတ်၊ ထောပတ်ယူခဲ့ဆိုလျှင် အိုး ပါသကဲ့သို့ မကင်းမကွာဖြစ်သော အဓိပ္ပာယ်နည်း။ အောက်ခြေမှတ်စု ( ၁ ) ကျောင်းသည် ထည်ရာဌာနဖြစ်၏၊ ကျောင်းနေပုဂ္ဂိုလ်သည် တည်းမှီနေ...