အမေးတခု = အတွေ့ ရုပ်ရှင်ကားမှာ မင်းသမီးစံရှားတင် အဖေနေရာက ပြောသွားတဲ့ နောက်မှရောက်ရားဆိုတဲ့ ဒိုင်ယဲလာ့ဂ် (Dialogue) က နောင်ခါလာ နောင်ခါဈေးဆိုတဲ့ ဆိုလိုရင်းမျိုးလို့ စိတ်ထဲ မှတ်လိုက်မိတယ် (ယောက်ယား လို့ ပြောတာတော့ မဟုတ်လောက်ပါဘူး) အဲ့ဒီ ရောက်ရားကရော သတ်ပုံပြဋ္ဌာန်း ရှိပါသလား အရပ်သုံးစကားသက်သက် သုံးတဲ့ အသုံးလား သိချင်ပါတယ်ရှင့်။ ပြန်စာ (၁) • ရောက်တတ်ကရာ – န / ယောက်တတ်ကယာ / ရောက်တတ်ရာရာ – န၊ နှင့် အတူတူ။ • ရောက်တတ်ရာရာ – န / ယောက်တတ်ယာယာ / အစီအစဉ်မရှိ ပြောမိပြောရာပြောသောစကား။ ရည်ရွယ်ချက်မရှိဘဲ လုပ်မိလုပ်ရာလုပ်ကိုင်သောအလုပ်။ ပေါက်ကရတွေးတော ကြံစည်ချက်။ • ရောက်ဘီး – န / ယောက်ဗီး / ချည်သွင်းသော ရစ်၏ဘီးခွေ။ • ရောက်မဆိုက် – ကြိဝိ / ယောက်မဆိုက် / ရောက်ရှိပြီး မကြာမတင် လက်ငင်း ကာလတွင်။ ရောက်သည်နှင့် တပြိုင်နက်။ ရောက်လာသည်နှင့် တချိန်တည်း။ "သခွားသီးစိမ်း တို့စရာ ကလေးများကို ရောက်မဆိုက် ပင် မြိန်မြိန်ရှက်ရှက် စားရပေသည်။" မျက်ပွင့်၊ ၂။ ၂၀၇။ • ရောက်ရာပေါက်ရာ – န / ယောက်ယာပေါက်ယာ / ခြေဦးတည့်ရာ။ ရည်မှန်းချက်မရှိ ဆိုက်ရောက်သမျှ ကြုံရာနေရာ။ • ရောက်ရီးရောက်ရက် – ကြိဝိ / ...
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ မြန်မာစာမှန်အောင်ရေးတတ်စေရမည်။