"ဥပုသ်သည်" ဥပုသ်စရပ်မှာ ယနေ့ အမေ ဥပုသ်စောင့်ပါသည်။ တရုပ်စကားပင်ရင်းတွင် အမေသည် မျက်စိမှိတ်၍ ပုတီးစိပ်နေပါသည်။ ဥပုသ်စရပ်ဆောင် အနီးတွင် တရုပ်စကားပင်များ ပေါက်ရောက် နေရာ တသင်းသင်းနှင့် ဖြစ်ပါသည်။ အမေသည် နိဗ္ဗာန်ကို အာရုံပြုပေလိမ့်မည်။ သံယောဇဉ်ကြီးကို တရားနှင့် ဖြတ်တောက်ရန် ဆင်ခြင် အားထုတ် ပေလိမ့်မည်။ အမေ၏ နှုတ်ဖျားတွင် အနိစ္စဒုက္ခအနတ္တဟူသော လက္ခဏာရေး သုံးပါးသည် ဆင်းချည်တက်ချည် ပြုနေပေလိမ့်မည်။ ဝါတွင်း ဥပုသ်နေ့တိုင်း အမေသည် ဤသို့ ပုတီးစိပ်မြဲ လက္ခဏာရေးသုံးပါး ဆင်ခြင်မြဲတည်း။ နေရီသောအခါ အမေ အိမ်ပြန်လာပြီ။ ကျောင်းသင်္ခဏ်းမှ အပြန် အမေ့ကိုယ်နံ့သည် ပန်းနံ့၊ သင်းလျက်ရှိသည်။ သူ့စိတ်သည် နိဗ္ဗာန်သို့ လျှောကာ််စင်၍ တက်ခဲ့ဟန်တူသည်။ အိမ်တွင် သားငယ် သမီးငယ်တို့သည် အမေ ခြေသံကို ကြားရသောအခါ ဝမ်းသာအားရ ခုန်ပေါက်ကြိုဆိုကြသည်။ တနေ့လုံး အမေ ကိုယ်နှင့် ဝေးခဲ့ရ၍ စိတ်နွမ်းနေရှာသော ကလေးငယ်တို့သည် အမေ့ပါးပြင်ကို ဖက်ရမ်း နမ်းရှုံ့ကြသည်။ အမေ၏ မျက်နှာသည် ပြုံးပြုံးကြီးနှင့် ကရုဏာရောင် သန်းနေလေ၏။ အထွေးဆုံးကလေးငယ်သည် အမေ့လက်မှ ပယင်းပုတီးကိုယူ၍ ဆွဲကြီးဆင်ကာ ကခုန်နေလေ၏။ "ကြင်နာခြင်း" မျက်လွှ...
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ မြန်မာစာမှန်အောင်ရေးတတ်စေရမည်။