(သဒ္ဒါ သဒ္ဓါ) သမီးနာမည်ကို - သဒ္ဒါဖြူ / - သဒ္ဓါဖြူ ဘယ်နာမည်ကိုပေးလိုက်ရမလဲဆရာ။ နာမည်မှာ ဘယ်ဟာကိုသုံးတာပိုမှန်မလဲ သဒ္ဒါ = Grammar သဒ္ဓါ = Faith, Generosity, သဒ္ဓါ၊ သဒ္ဓါတရား၊ ယုံကြည်-ကြည်ညို-ခြင်း၊ ယုံကြည်ကြောင်း-ယုံကြည်တတ်သော-ယုံကြည်ခြင်းမျှ ဖြစ်သော-တရား၊ သဒ္ဓါစစ်၊ သဒ္ဓါစေတသိက်။ ဆရာ့မြေးအကြီးဆုံးက သဒ္ဓါဆွေ။ သောကြာသမီး။ ကမ္ဘောဇ ရေး - နန်းတော်ရှေ့ ဆရာတင် ဆို - လေဘာတီမမြရင် စမ်း… စမ်း… ကြည်ကြည်လင်လင် တောကြိုထဲ တောကြားက စီးကျပါတဲ့ ရေသွင်သွင် သနားစရာ့ တနေဝင် ရေသွင်သွင် ရှမ်းမကလေး ပန်းအားပြေ စိတ်အတွေးယဉ်ယဉ် မမြရင် တမ်းတသရှင် ဤသို့ပုံအသွင် ဪ ဪ ဪ ဪ မျှော် မျှော် မျှော် မျှော် ပဝါကလေးသိုင်းလို့ ပလိုင်းကိုတဲ့လွယ်စေချင် နန်းရှေ့ကိုကြီးတင်က ခင်နှမ လေဘာတီကိုဆင် သိန္နီနယ် လားရှိုးက ရွာဖြိုး အုံ့ဆင် ခါမိုးဟုတ်မထင် ရွာဖြိုးအုံ့ဆင် ကမ္ဘောဇ ကုန်းမတ်မဟီ ဒုဋ္ဌဝတီ ရွှေသီဒါရေယဉ် မြောင်ဖီလာ ကန္တာစုံခြေလှမ်း တောထဲကပန်းကို အို… မနမ်းကောင်းဘူးလားရှင် မာလာ အိုင်တွင် ဘယ်သူ ကမှ မပြုမပြင် ကြာညိုပန်းလို အို ရိုးရိုးလေးနဲ့ ယဉ် သဒ္ဓါကြည်လင် ပါတီရင် တောထဲမှာတော့ တောပျော်သူပါရှင် သဒ္ဓါကြည်လင် မယ်ပါတီရင် တောထဲ...
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ မြန်မာစာမှန်အောင်ရေးတတ်စေရမည်။