ဗူးသီးက မူရင်း။ဗူး
ဗူး၁ – န /ဗူး/ ချက်ပြုတ်စားသောက်ရသည့် အသားပြည့်သော၊ အများအားဖြင့် လည်တိုင်ခေါင်းရှိသော အသီးကြီးများ သီးသည့် နွယ်ပင်တမျိုး။
ဗူး၂ – န /ဗူး/ ၁၊ ထည့်သိုရန် အသုံးပြုရသော ဗူးသီးခြောက်အခွံ။ ၂၊ ထည့်သိုရန် အဖုံးအပိတ်နှင့် ပြုလုပ်ထားသော ကြုတ်ခွက်။ (စုဗူး၊ ဆေးဗူး၊ ပေါင်ဒါဗူး၊ မီးခြစ်ဗူး စသည် အသုံးရှိသည်။)
ဗူး၃ – န /ဗူး/ အပင်လုံး။ ဗူးသွင်း – ကြိ၊ လည်းရှု။
ဗူးခါး – န /ဗူးဂါး/ အထူးသဖြင့် အသီးခွံကို ဗူးတောင်းပြုလုပ်လေ့ရှိသောအသီး အရသာခါးသည့် ဗူးပင်တမျိုး။
ဗူးစင် – န /ဗူးဇင်/ အပင်နွယ် တက်ပြန့်တင်နေစေရန် ထောက်ခံထားသောစင်။
ဗူးဆို့ – န /ဗူးဇို့/ ဗူး၊ ပြုပ္ပံ၊ ပုလင်း စသည်တို့၏ အပေါက်ကို လုံအောင်သွင်းပိတ်သော အရာ။
ဗူးဆင်စွယ် – န /ဗူးဆင်ဇွယ်/ အသီးရှည်လျားသော ဗူးပင်တမျိုး။
ဗူးတား – န /ဗူးဒါး/ ဗိုင်းငင်ရာတွင် ရစ်ခေါင်းဝင်ရိုးတွင် ရစ်သွင်းသော ချည်မျှင်များ ကျော်လွန်ရစ်ပတ်မသွားစေရန် အရင်းဘက်မှဝင်ရိုးကိုစွပ်၍တားကန့်ထားသော အဝိုင်းပုံဗူးတောင်းခွံ အပြားငယ်။ (အုန်းခွံကိုလည်းပြုလုပ်သည်။)
ဗူးတောင်း – န /ဗူးဒေါင်း/ အများအားဖြင့် ရေထည့်ဆောင်ယူလေ့ရှိသော ခေါင်းပွဗူးသီးခြောက်။
ကြားဘူးနားဝ (မ မဟုတ်)။ ဘုရာဖူးဘူးသည် (မ မဟုတ်)။ ဗူးဘုရား ဖူးဘူးသလား (မ မဟုတ်)။
1. ဆူးကြားက ဗူးသီးဘဝ https://dr-tint-swe.blogspot.com/2022/01/blog-post_491.html
2. ပူး ဘူး ဗူး https://burmese-spelling.blogspot.com/2025/01/blog-post_204.html
3. ဗူး နဲ့ ဘူး ဋီကာ https://burmese-spelling.blogspot.com/2025/12/blog-post_154.html
4. ဗူးတလုံးဆောင် https://burmese-spelling.blogspot.com/2024/01/blog-post_67.html
5. ဗူးလုံးနားမထွင်း ဆရာကြီးလုပ်သူ https://dr-tint-swe.blogspot.com/2022/06/blog-post_485.html
6. 'ဘူး' စာလုံးကို 'မ' ပါမှသာ သုံးရတယ်လို့ ထင်နေသူများသို့ https://burmese-spelling.blogspot.com/2025/02/blog-post_145.html
7. ဘူး ဖူး https://burmese-spelling.blogspot.com/2024/01/blog-post_693.html
8. ဘူး ဖူး ဗူး https://dr-tint-swe.blogspot.com/2021/08/blog-post_731.html
9. ဘူးမမှုတ်နဲ့သမီးရယ် https://burmese-spelling.blogspot.com/2024/06/blog-post_681.html
10. မမြင်ဘူး မကြားဘူး မြင်ဘူး ကြားဘူး https://burmese-spelling.blogspot.com/2024/07/blog-post_631.html
ဒေါက်တာတင့်ဆွေ


Comments
Post a Comment