Skip to main content

Posts

မြန်မာ သဒ္ဒါ

(မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၀) သဒ္ဒါ မတတ်-စာမတတ် ဟူရာ၌ စာဟူသည်ကား စက္ကူပေါ်တွင် ရေးသားထားသော အက္ခရာကိုသာ ဆိုသည်မဟုတ်။ အက္ခရာ၏အသံကိုသာ ဆိုသည်လည်းမဟုတ်။ ရေးသူ၏ စိတ်ကူး စိတ်သန်းများကို အက္ခရာအသံတို့ဖြင့် နေရာကျနစွာ ဖော်ပြသော အသုံးအနှံကို ဆိုသည်။ သို့ဖြစ်၍ စာတတ်သည် ဟု ဆိုလျှင် စာအားဖြင့်ဖော်ပြထားသော စိတ်ကူး စိတ်သန်းများကို နားလည်သည် ဟု ဆို၏။ စိတ်ကူး စိတ်သန်းများကို နေရာတကျ ရေးသားဖော်ပြနိုင်အံ့သောငှာ ဝါကျ ဟု ခေါ်သော အဓိပ္ပာယ်ပြည့်စုံသည့် စကားစုကိုဖွဲ့တတ်ရမည်။ လိုရင်းအနက်အဓိပ္ပာယ် ပေါ်အောင် ဝါကျတွင် စကားလုံးများကို မည်သို့စီစဉ်ရမည်နည်း။ ဝါကျတွင် ပါဝင်သော စကားလုံးများသည် တခုနှင့်တခု မည်သို့ဆက်စပ်ကြသနည်း ဟူသော အချက်များသည် သဒ္ဒါနှင့်စပ်ဆိုင်သော အချက်များ ဖြစ်ရကား သဒ္ဒါတတ်ရန်လိုအပ်သည်။ သဒ္ဒါတတ်မှ စာတတ်သည် မည်၏။ သို့ဖြစ်၍ မြန်မာသဒ္ဒါ၌ အရေးကြီးသော အချက်များကို ဤတွင် အတိုကောက် ဖော်ပြပေးအံ့။ အခြေခံ ဝါကျများ။ ။လူ၊ ငါး၊ ယောက်ျား အစရှိသည်တို့ကဲ့သို့သော အမည်စကားလုံးကို နာမ် ဟု ခေါ် သည်။ စား၊ သောက်၊ ရှိ အစရှိသည်တို့ကဲ့သို့သော ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်းကို ပြသည့်စကားလုံးကို ကြိယာ ဟု ခေါ် သည်။ နာမ်နှင့်...

Mulberry leaves ပိုးစာရွက်ချက်Mulberry leaves ပိုးစာရွက်ချက်

(နိုင်ငံရေးလုပ်သူတယောက် ဟိုရောက် ဒီရောက်) ပိုးစာရွက်ချက် ညစာမှာပါသည်။ မြန်မာပြည်မျာတုန်းကတော့ မကြားဘူး၊ မစားဘူးပါ။ မြင်တောင် မမြင်ဘူးခုဲပါ။ နိုင်ငံကြောင့် တိုင်းပြည်ကနေ ထွက်ပြေးရတော့ တဖက်နိုင်ငံ၊ မီဇိုရမ်မှာ တနှစ်တိတိနေရသည်။ ပဌမ ၆ လမှာ အတော်ခက်ခဲကြပါသည်။ ကျောင်းသားတွေလည်း ခက်ကြသည်။ မြို့စွန်နေရာတခုမှာ အိမ်ငှားနဲ့နေရသည်။ မီးဖိုလိုတဲတလုံးလည်းရှိသည်။  ဘေးနားမှာ ပိုးစာခြံတဲ့။ အခုမှသာ မြင်ဘူးတော့သည်။ အသီးလေးတွေမှည့်ရင် စားရသတဲ့။ ချိုပါသည်။ သူများခြံဖြစ်တော့ ရဲရဲ မခူးရဲကြပါ။  အရွက်နုနုလည်း စားရသတဲ့။ ဘယ်လို ဘာနဲ့ချက်မည်နည်း။ ငပိဝယ်စရာ တခါတခါမှာသာ ပိုက်ဆံရှိသည်။ ရှိတာနဲ့ ဖြစ်သလို ချက်စားကြသည်။ မြို့နယ်ဆရာဝန်အတွက် သူ့ထက်ကောင်းတာ မရှိပါ။ ရေကိုလည်း ပိုးစာခြံဖြတ်ပြီး အောက်ထဲထိ ဆင်းကြရသည်။ အတော်တော့ လှမ်းပါသည်။ အပြန်မှာ ရေပုံးသယ်ရသည်။ ကျွန်တော်က ပိုးစာပင်နဲ့ ရေစက်ဆုံလှပါသည်။ ယူအက်စ်ကို ရောက်စ နေရတဲ့ အိမ်ခန်း ခြံစည်းရိုးမှာ ပိုးစာပင်တွေပေါသည်။  ရေဒီယိုတွေကနေ အင်တာဗျူးလာရင် ပိုးစာပင်ခြံစည်းရိုးနားကနေ ဖြေရလေ့ရှိသည်။ အိမ်ရှေ့ကလမ်းအမည်ကလည်း ပိုးစာပင်လမ်းသွယ်တဲ့။ ဒီနေ့ညစာမှာ ပိုးစာရွက်နုနု ...

"လက်ခတ်သံ"

ဒေါက်ဒက်ရယ် ညံ ဘာသံလို့ မေး။ ။ မေးပါနဲ့ လေ ဒို့တိုင်းပြေ ဝတ်ရေး လွယ်စေဘို့ ဒို့ပျိုမေ အထည် ရက်တယ် လက်ခတ်သံ လေး။ ။ တချက်ချက် မြည်ဟန် ဘာသံလို့ မေး။  မေးပါနဲ့ ရှင် တီထွင်ကာ ကုန်ပိုထွက်စေဘို့ စုပေါင်း ညီညာလျက်ကယ် ချားစတ်ကွဲ့လေး။ ။ ပျိုလေးရက်တဲ့ ဟိုအဆင် ဘာအဆင်လို့ မေး။ ။ မေးပါနဲ့ နော် မဲကွက်ပေါ် အဖြူသန့် နဲ့ ဝါဖန့်ဖန့် ငုရောင် တွဲတယ် အံကွဲတဲ့ လေး။ ။ ကွင်းမှန်မှာ အနံကြီးလို့ စံမှီးခဲ့ သည်အဆင် မောင်ကြီး ဝတ်ဘို့ပင်။ ပြည်တွင်းမှ တီထွင်၊ ယဉ်ယဉ်လှ သေး။ ချွောတာဖို့ စီစဉ်၊ အောင်မြင်လိမ့် မနှေး။ မကြေငြာ ပြေဗမာ ကိုယ့်နယ်ဖြစ်ဟာမို့ ငယ်ချစ်မောင် ပြည့်လုပ်သားကို ပါးလိုက်ရဲ့ လေး။   ။ (စတုတ္ထတန်း မြန်မာဖတ်စာ ၁၉၅၈ မှ) ဒေါက်တာတင့်ဆွေ

မြန်မာ ကလေးကစားနည်း

(မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၀) ကမ္ဘာ အရပ်ရပ်ရှိ ကလေးများတွင် လူမျိုးအလိုက် ကလေးကစားနည်းများ ရှိသကဲ့သို့ မြန်မာ ကလေးများသည်လည်း ကစားနည်းများ ရှိကြလေသည်။ ထိုကလေးကစားနည်းများအနက် ကလေးများ အကြိုက်ဆုံး ကစားနည်းအချို့ကို ဖော်ပြ လိုက်ပေးသည်။ ယင်းတို့မှာ – (၁) ရွှေစွန်ညို ကစားနည်း၊ (၂) ဘီးရောင်းတမ်း ကစားနည်း၊ (၃) ညောင်ပင်တစ္ဆေ ကစားနည်းနှင့် (၄) မြို့တံခါးကြီး ကစားနည်းတို့ဖြစ်သည်။ (၁) ရွှေစွန်ညို ကစားနည်း ရွှေစွန်ညို ကစားရာတွင် ခေါင်းဆောင် လုပ်သူ၏ ခါးတွင် ဝတ်ထားသော လုံချည်နှင့် ခါးကြားတွင် အခြားကစားသမား၏ လက်ချောင်းများကိုသွင်း၍ ကိုင်ထားရသည်။ သို့နောက်တွင်လည်း အခြားကစားသူ တဦးက အလားတူ ကိုင်ထားလေသည်။ ထိုနည်းအတိုင်း ခေါင်းဆောင် လုပ်သူ၏ နောက်ဖက်တွင် ကလေးများသည် တယောက်၏ လုံချည်နှင့် ခါးကြားတွင် တယောက်၏ လက်ချောင်းကလေးများကို သွင်းကာ ကိုင်ထားကြလေသည်။ ကစားသူ ကလေးတယောက်က ရွှေစွန်ညိုအဖြစ်ကစားရ၍ သူက ခေါင်းဆောင်လုပ်သူ၏နောက်ဆုံးတွင်ရှိနေသူ မထွေးကို မိအောင် ဖမ်းရလေသည်။ ခေါင်းဆောင်ဖြစ်သူကလည်း သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီးလျှင် နောက်ဆုံးတွင်ရှိနေသူ မထွေးအား မမိစေရန် ကာဆီးပေးရလေသည်။ ကစားပွဲမစတင်မီ ရွှေစွန်ညို လု...

ဒန့်သလွန်သီး

အညာခရီးကပါလာတာ မဟုတ် အရီဇိုနာ သဲကန္တာရနယ်က ပို့လိုက်သည်။ Moringa oleifera (မိုရင်ဂါ အိုလိုင်ဖီရာ ) ပင်၏ အစိမ်းရောင် အသီးတောင့်ရှည်များသည် အာဟာရဓာတ် အလွန်ကြွယ်ဝသော အစားအစာ ဖြစ်ပါသည်။ ဟင်းချိုနှင့် ဟင်းချက်ရာတွင် အများဆုံး အသုံးပြုကြပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်းနှင့် အရိုးကျန်းမာရေးကို အထောက်အကူပြုနိုင်ခြင်းတို့ကြောင့် အထူးပင် တန်ဖိုးထားကြသည်။ ဒန့်ဒလွန်သီး၏ ထိပ်တန်း ကျန်းမာရေး အကျိုးကျေးဇူးများ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း ဒန့်ဒလွန်သီးတောင့်တွင် ဗီတာမင် စီ ( Vitamin C) အလွန်အမင်း ကြွယ်ဝစွာ ပါဝင်သဖြင့် (ပုံမှန်အားဖြင့် အသီး ၁၀၀ ဂရမ်တွင် တနေ့တာ လိုအပ်သော ပမာဏထက်ပင် ပိုမိုပါဝင်တတ်သည်) အအေးမိခြင်းနှင့် ကူးစက်ရောဂါများရန်မှ ခန္ဓာကိုယ်ကို ကာကွယ်ပေးသည်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း ဒန့်ဒလွန်သီးတွင် ကလိုရိုဂျန်းနစ် အက်ဆစ် ( Chlorogenic acid) ကဲ့သို့ ဇီဝကြွ ဒြပ်ပေါင်းများ ပါဝင်သောကြောင့် အင်ဆူလင် တုံ့ပြန်မှုကို ကောင်းမွန်စေရန် ကူညီပေးပြီး ဆီးချိုရောဂါ ရှိသူများအတွက် အထူးပင် အကျိုးရှိစေသည်။ အရိုးကျန်း...

မုံရွာ ကျောက်ဆောင်ဆိပ်

(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)  ၂၀၁၈ ခုနှစ်က ဒီလိုနေ့မှာ တခေါက်ပြန်ရောက်တယ်။ အသက်ငယ်ငယ် ဆယ်တန်းမပြီးမီကဆို ညနေခင်းတိုင်းလိုလို စက်ဘီးတစီးနဲ့ ရောက်ခဲ့တဲ့နေရာ။  တခါတခါ စာလာဖတ်။  တခါတခါ ဟိုစဉ်းစား ဒီစဉ်းစား။ ငါကြီးရင်  ဆရာဝန်ဖြစ်ချင်တယ် မပါ။ နိုင်ငံရေးဝင်လုပ်မယ် မပါ။ နိုင်ငံခြားသွားချင်တယ် မပါ။ မစဉ်းခဲ့တာတွေ အကုန်ဖြစ်လာတယ်။ ချင်းတွင်းမြစ်ရေ စီးနေမြဲ။  ကျောက်ဆောင်တွေ ရေထဲငုပ်လိုက် ပြန်ပေါ်လာလိုက်။ မာနေဆဲ။ ဒေါက်တာတင့်ဆွေ ၃၀-၅-၂ဝ၁၈

မြန်မာစာ ရမ်းကု

၁။ အမေမှာတဲ့ ဆန်တခွဲ သုံးပြည်နဲ့မလဲဆိုတာကို သိချင်ပါတယ်ဆရာ။ အမေမှာတဲ့ ဆန်တခွဲ၊ သုံးစိတ်နဲ့မလဲဖြစ်ပါတယ်။  တခွဲ = ၈ ပြည်၊  သုံးစိတ် = ၁၂ ပြည်။  များများရတာမှန်းမသိ။ မှာလိုက်တာ၊ ခိုင်းလိုက်တာကိုသာ တထစ်ချယူတဲ့သူမျိုးကို ဆုံးမစကားအဖြစ်သုံးပါတယ်။ ပိုရတာ၊ ပိုကောင်းတာကို နားမလည်သူမျိုး။ စဉ်းစားဉာဏ်နည်းသူမျိုး။ ၂။ ဆရာ ပဝါ နဲ့ ပုဝါ ဘာစာလုံးသတ်ပုံကအမှန်ပါလဲဆရာ။ ကျွန်မ သူငယ်တန်းမှာ ပဝါ သင်ခဲ့ရပါတယ်။ အတန်းတက်လာတော့ ပုဝါသင်ရပါတယ် ဆရာ။ သတ်ပုံအမှန်က ဘာလဲဆရာ။ ပဝါတံပက်လို့ အရင်ထုတ်သတ်ပုံစာအုပ်ထဲမှာ ပါတယ်။ ရှင်းလင်းချက်မှာ ပဝါ = (မွန်) တဟမက် = မျက်နှာသုတ်ပဝါလို့ ဆိုပါတယ်။ အခုခေတ်သတ်ပုံစာအုပ်တွေမှာလည်း ပဝါလို့သာ ရေးပါတယ်။ စုံပဝါ ဘယ်ညာချ၊ မှုန်နံ့သာခြယ်ကာသ။ ကျွန်တော်က မြန်မာစာနဲ့ ဘွဲ့မရလို့ ရမ်းကုအဆင့်သာဖြစ်ပါတယ်။  ခေတ်ကတော့ - - ဆိုင်းဘုတ်ကြီးကြီး အမြီးရှည်ရှည်ဆိုမှသာ လူအထင်ကြီးတယ်။ ကန်တော့။ - မုံ့လို့ရေးရင် စားစရာလို့မထင်။ မုံ့ နဲ့ မုန့်တိုက မူကွဲ။ ၂ မျိုးလုံး မှနတယ်။ - မှန်တာထက် အထက်ကအမိန့်ပေးထားတာကိုသာ အတည်ယူကြတဲ့ခေတ်။ တစည်းတလုံး – ကြိဝိ /ဒဇီးတလုန်း/ ညီညီညွတ်ညွတ် ပူးပေါင်းလျက်။ “တပည့်...