၁။ ရတနာသုံးတန်၊ ထိပ်ဝယ်ပန်၊ ဖန်ဖန်ဦးနှိမ်ချ။ ၂။ ငွေတကျပ်မှာ၊ ရွေးပေါင်းပါ၊ တရာနှစ်ဆယ်ရ။ ၃။ ငွေတကျပ်ကို၊ ဆယ်မူးဆို၊ အိုအောင်မှတ်ကုန်ကြ။ ၄။ ငွေတကျပ်မှာ၊ လေးမတ်သာ၊ သင်္ချာဂဏန်းပြ။ ၅။ ငွေတကျပ်ဝယ်၊ ပဲနှစ်ဆယ်၊ မှတ်ဘွယ်ယွင်းမခွ။ ၆။ ငွေတမတ်ကို၊ ငါးပဲဆို၊ မပို မသာရ။ ၇။ ငွေတမတ်ဝယ်၊ ရွေးသုံးဆယ်၊ သိလွယ်ရှိနိုင်မျှ။ (ရှေးဆရာ) ပုဂံဦးတင်က ကဗျာဗန္ဓသာရကျမ်းတွင် အောက်ပါအတိုင်း ဆို၏။ ရေးသားလျက်ရှိသော စာလုံးကို ဖတ်သည့်အခါ စာလုံးအပိုင်းအစကို ချန်ခဲ့ရသေးသည်။ ဥပမာကား တရာ, တထောင်, တသောင်း, တသိန်း စသည်ကို တ-အက္ခရာ မပါစေပဲး ရာ, ထောင်, သောင်း, သိန်း ဟူ၍့၎င်း၊ "အနောက် အရှေ့" စသည်ကို "အ" အက္ခရာ မပါစေပဲး "ရှေ့ဝင်း, နောက်ဝင်း, ရှေ့ရုံး, နောက်ရုံး" ဟူ၍့၎င်း လိုက်နာနည်းများကို ဆိုလိုသည်။ ကောက်ချက် - ဦးတင် က, "အရှေ့" မှ "ရှေ့" သို့ စာချန်ဖတ်နည်းအရ အသံ ပြောင်းလဲဖြစ်လာသည်။ အသံ အနက် အသုံး အားလုံးတူသည်ဟု ဆိုလိုသည်။ (ရှေးစာကဗျာများ) ဒေါက်တာတင့်ဆွေ