Dr. Tint Swe မြန်မာစာမှာ 'မ' နောက်က 'ဘဲ' လိုက်ဆိုတာ မှန်ပါသလား။ DeepSeek မြန်မာစာမှာ "မ" နောက်က "ဘဲ" လိုက်တာက မှန်ပါတယ်။ ဥပမာ "မလုပ်ဘဲ" ဆိုတာမျိုးပေါ့။ "မ" က ငြင်းတဲ့သဘောဆောင်ပြီး "ဘဲ" က ထပ်ပြီး ငြင်းတဲ့သဘောကို အားဖြည့်ပေးတာပါ။ ဒါပေမယ့် အခြေအနေတွေပေါ်မူတည်ပြီး မတူညီတဲ့ အဓိပ္ပာယ်တွေ ထွက်လာနိုင်ပါတယ်။ ဒါကြောင့် စာကြောင်းတစ်ခုလုံးရဲ့ အဓိပ္ပာယ်ကို ကြည့်ပြီး သုံးဖို့ လိုပါတယ်။ Dr. Tint Swe ရှင်းလင်းအောင် ထပ်မေးပါမည်။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။ ပေါ်ပြန်လဲ မသက်သာ ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ အယက်အကန်ခံလို့ ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။ ။ (ဇော်ဂျီ - တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀) 'မ' နောက်က ...