ရွှေမျက်နှာသုံးပန်လှ။ပြုံးဟန်ကယဉ်တာ၊နှုန်း စံသပမယှဉ်သာသည်။ ခင်ကညာပဂေး။ ခုံးမျက် စ, တခါချီလျှင်။ တနာရီမေ့ လောက်ကဲ့လေး။ ။ မျက်လုံးကစွဲစရာ။ ပုလဲရတနာအသွေး။ ရဲပမာ အရောင်ပြေးတာကြောင့်။ မောင်ငေးလို့စိုက်ခါ။ မြင်ရသူဘဝင်ဆို့ လောက်အောင်။ ခင်အပျို့ ချော လှပေတာ။ ။ရွှေနှုတ်ခမ်း သန္တာနီဟာ။ နံ့သာ ရည်အနံ့မွှေးတာမို့ ။ ရင်အေးလို့ ဖိုလှိုက်ဘဝင်။ မောဟိုက်အစဉ်။ ။ ချောမကိုဋ်လှသဇင်ကို။ တ လျက်ပင်-ဘေလွမ်းပါပေါ့လေး။ ရွှေပျော်ညိုညို။ သူရိယမဂ္ဂဇင်း သောဌသတွဲ(၁၉၃၂ ဇွန်) အခုတော့ မြန်မာစာမှာ 'လှတမျက်နှာ' မရှိတော့ပါ။ 'လှတစ်' ခေါ် 'မလှတစ်' ခေါ် 'ဒေါ်လှတစ်' မျက်နှာသာ ရှိပါတော့တယ်။ ဒေါက်တာတင့်ဆွေ