ကျွန်တော် မြန်မာစာနဲ့ဆိုင်တာလေးတွေရေးနေလို့ မကြာခဏပြောကြပါသည်။ ခဏခဏဝေဘန်ကြပါသည်။ တယောက်ပြီးတယောက် မျက်စိနောက်သည်ဟု ဆိုကြပါသည်။ တ နဲ့ တစ်ကို အတော်မျက်မုန်းကျိုးသူ များပါသည်။ တကယ်တော့ တ နဲ့ တစ် ထက် တခြားအမှားတွေထောက်ပြခင်းက ပိုများပါသည်။ ဆရာဝန်တန်မဲ့ ဆေးပညာမဟုတ်တောတွေ ရေးရကောင်းလားဟုလည်း အပြစ်တော် တင်သူတွေ မနည်းပါ။ ဆိုပါစို့ - လူကြီးမင်းဟာ မူလတန်းပြဆရာ သို့မဟုတ် ဆရာမ။ တနှစ်လာလည်း ကကြီး ခခွေး။ သင်ပုန်းကြီး။ ၁-၂-၃-၄ သင်ပေးရသည်မဟုတ်ပါလား။ နောက်တနှစ်မှာ ကျောင်းသားသစ်တွေကိုလည်း ကကြီး ခခွေး။ သင်ပုန်းကြီး။ ၁-၂-၃-၄ သင်ပေးရသည်မဟုတ်ပါလား။ ဖေ့စ်ဘွတ် ကျောင်းတော်ကြီးမှာ စာသင်နှစ်မရှိ။ ကျောင်းဖွင့်ချိန် ပိတ်ချိန်မရှိပါ။ တချို့က အခုမှ ပေါက်ချလာသည်။ စာလေး တပုဒ်စ နှစ်ပုဒ်စ ဖတ်ပြီး ကျောင်းအုပ်ကြီးသွားတိုင်သလို လုပ်ကြနေသည်။ ကျွန်တော့အဖြစ်က ကျောင်းဆရာ ဆရာမများထက် ခက်ပါသည်။ ကျောင်းမှန်မှန်တက် စာမခက်။ သူငယ်တန်းစာမကျေဘဲ စိတ်ကြိုက်မြန်မာစာ မမေးနဲ့။ ညတည လသာသာ မှန်အောင် မရေးတတ်ဘဲ ရသဆရာကြီး မလုပ်ချင်နဲ့။ လူကြီးမင်းအမည်နောက်မှာ မဟာဘွဲ့ပါနေလည်း တဦးကောင်း တယောက်ကောင်းကို မှန်အောင် မရေးတတ်တော့ရင် သင်ပုန်းကြီးစာ ပြန်ဖတ