Skip to main content

Posts

Showing posts from January, 2026

ဒဿနအဆိုအမိန့်များ Philosophy Quotes

  🧠 ဗဟုသုတနှင့် ကိုယ်တိုင်ကိုယ်ကျ (On Knowledge & Self) “မိမိဘဝကို မစူးစမ်း မစစ်ဆေးဘဲ နေခြင်းသည် တန်ဖိုးမရှိသော ဘဝ ဖြစ်သည်။” — ဆိုကရေးတီး (Socrates) “ငါ သိသည်ဟု သိထားသည်မှာ— ငါ မည်သည့်အရာကိုမျှ မသိသေးခြင်းသာ ဖြစ်သည်။” — ဆိုကရေးတီး (Socrates) “မိမိကိုယ်ကို သိရှိပါ။” — အရစ္စတိုတယ် (Aristotle) “စိတ်ဉာဏ်သည် ဖြည့်သွင်းရမည့် အိုးတလုံး မဟုတ်ဘဲ မီးတောက်တခု ဖြစ်သည်။” — ပလူတတ်ခ် (Plutarch) “ငါ့ကို အမည်တပ်လိုက်ချိန်မှစ၍ ငါ့ကိုယ်တိုင်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။” — ဆိုးရင် ကီရ်ကေဂေါ့ (Søren Kierkegaard) 🌍 ဘဝနှင့် အမှန်တရား (On Life & Reality) “ငါ တွေးတောနေသောကြောင့် ငါ ရှိနေသည်။” — ရေနေ ဒက်ကတ် (René Descartes) “လူသည် လွတ်လပ်ရမည်ဟု အတင်းအကျပ် ချမှတ်ခံထားရသူ ဖြစ်သည်။” — ဇန်-ပေါလ် ဆာတ် (Jean-Paul Sartre) “အုပ်ချုပ်ရန် ငြင်းပယ်သူ၏ အပြစ်ဒဏ် အကြီးဆုံးမှာ မိမိထက် နိမ့်ကျသူ၏ အုပ်ချုပ်မှုကို ခံရခြင်း ဖြစ်သည်။” — ပလေတို (Plato) “မည်သည့်လူမျှ မြစ်တခုထဲကို နှစ်ကြိမ် မဝင်နိုင်ပါ။ အကြောင်းမှာ မြစ်လည်း မတူတော့သလို လူကိုယ်တိုင်လည်း မတူတော့ခြင်းကြောင့် ဖြစ်သည်။” — ဟီရာကလိတပ် (Heraclitus) “လူယုံကြည်...

သိပ္ပံမောင်ဝ ၏

စစ်အတွင်း နေ့စဉ်မှတ်တမ်း ၁၊ ဒီဇင်ဘာ၊ ၁၉၆၆၊ ပုဂံတိုက်။ တအုပ်လုံး စာလုံးပေါင်းသတ်ပုံတွေ မှန်ပါသည်။ ၁၉၆၆ ခုနှစ်မှာ ဗိုလ်နေဝင်းက တိုင်းပြည်အာဏာသိမ်းထားပြီ။  မြန်မာစာအာဏာတော့ မသိမ်းသေးပါ။ ဒေါက်တာတင့်ဆွေ

ဘုရင်တပါး နတ်ရွာစံလျှင်

အင်္ဂလိပ်ဒင်္ဂါးများတွင် ဘုရင်၏ခေါင်းပုံပါရှိရာ၌ ဘုရင်တပါး နတ်ရွာစံလျှင်၊ နောက်နန်းတက်သော ဘုရင်၏ခေါင်းဖြင့် ဒင်္ဂါးသွန်းလုပ်ရာ၌၊ နတ်ရွာစံဘုရင်၏ဒင်္ဂါးတွင်ပါရှိသော ခေါင်းဘက်သို့ မလှည့်ဘဲ၊ အခြားတဘက်သို့ လှည့်သောပုံကို သွန်းလုပ်ရသောထုံးစံရှိသည်။ မှတ်ရန် သတ်ပုံတွေ မှန်ပါသည်။ ဒီးဒုတ်ဂျာနယ် - အတွဲ-၂၀ အမှတ်-၂ (ဇူလိုင် ၁၉၄၆ ) ဒီးဒုတ်ဂျာနယ် မှ ဒီးဒုတ်စာတိုက်သို့ လာသော စာများ (Listener's Heaven Audiobooks - အသံစာအုပ်) ဒေါက်တာတင့်ဆွေ

အမေတခုသားတခု

မေးခွန်းတခု ရပါတယ်။ AI ကိုမေးပေးပါ တခု နဲ့ တစ်ခု ဘယ်ဟာကအမှန်ဆိုတာ AI ဖြေတာသိချင်လို့ပါခင်ဗျ။ ကျွန်တော်ကတော့ မြန်မာစာ စာလုံးပေါင်းသတ်ပုံမေးခွန်းတွေ အတော်များများမးထားပြီးလို့ တ နဲ့ တစ် အမှန် အမှားကို သိပါတယ်။ ၁၉၈၆ ခုနှစ်မတိုင်မီက တတိုင်းတပြည်လုံးမှာ တခု၊ တကောင်၊ တယောက်လို့သာရေးခဲ့ကြပြီး ၁၉၈၆-၁၉၈၈ ကစပြီး မဖြစ်မနေ တစ်စေအမိန့်ထုတ်ထားတာကို သိပါတယ်။ အခုမေးခိုင်းသူအတွက် အဖြေ ခပ်တိတိုတခု ရလိုပါတယ်။ ကျေးဇူး။ ChatGPT 5.2 ဟုတ်ပါတယ်ခင်ဗျာ။ ခပ်တိတို အဖြေတခုပဲ ပေးပါမယ် — အဖြေ (AI ရဲ့ သဘောထားကို တိတိကျကျ ပြောရရင်) 👉 ၁၉၈၆ ခုနှစ်မတိုင်မီ မြန်မာစာစံသတ်ပုံအရ အမှန်က “တခု” ဖြစ်ပါတယ်။ 👉 “တစ်ခု” ဆိုတာက ၁၉၈၆–၁၉၈၈ ကာလနောက်ပိုင်း အစိုးရအမိန့်အရ မဖြစ်မနေ ပြောင်းလဲအသုံးပြုခိုင်းခဲ့တဲ့ နိုင်ငံရေးအခြေခံ သတ်ပုံသာ ဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းအရ၊ စာပေကျမ်းစာအရ → “တခု” မှန် နောက်ခေတ် စည်းမျဉ်းအရ → “တစ်ခု” ကို ခိုင်းသုံးခဲ့ခြင်းသာ ဆိုပြီး ခွဲခြားနားလည်ရပါမယ်ခင်ဗျာ။ ကျန်းမာပါစေ 🙏 အမေတခုသားတခု https://www.youtube.com/watch?v=wBaNwi8wVf4 ဒေါက်တာတင့်ဆွေ

စတုဒိသာဟူသည်

စတုဆိုသည်မှာ လေးဂဏန်း၊ လေးခုမြောက်၊ လေးကြိမ်၊ လေးခါကို ဆိုလိုသည်။  ဒိသာဆိုသည်မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဟူသော အရပ်လေးမျက်နှာကိုရည်ညွှန်းခြင်းဖြစ်သည်။ ထို့ကြောင့် စတုဒိသာဆိုတာ အရပ်လေးမျက်နှာမှလာသော မည်သည့် အလှူခံမျိုး၊ မည်သာည့်စားသုံးမျိုးကိုမဆို အတန်းအစား မခွဲခြားပဲ စေတနာသဒ္ဓါ ထက်ထက်သန်သန် ရက်ရက်ရောရော ပျော်ပျော်ပါးပါး လှူဒါန်းတဲ့အလှူကို စတုဒိသာလို့ ခေါ်ပါတယ်။ စတု = လေးခုအရေအတွက်။ စတုမဓူသည် စတုမဓု ဟူသော ပါဠိဘာသာမှ ဆင်းသက်လာသည်။ စတု၏အနက်မှာ လေးခုသင်္ချာ၊ မဓု၏ အနက်မှာ အချိုအရသာဖြစ်၏။ ထိုကြောင့် စတုမဓုသည် အချို ၄ မျိုးဟု အဓိပ္ပာယ်ရသည်။ ထိုအချိုလေးမျိုးကား၊ ထောပတ်၊ တင်လဲ၊ ပျားရည်နှင့် ဆီဖြစ်သည်။ ယင်းလေးပါးကို အမျှစီပေါင်းစပ်လျက် နေ သို့မဟုတ် မီးဖြင့်ချက်လျှင် စတုမဓုဖြစ်သည်။ စတုမဟာရာဇ်နတ်မင်းကြီးလေးပါး။  စတုတ္တတန်း = ၄ တန်းမြောက်အတန်း။ အလွယ်ခေါ်မှသာ ပြောဆိုကြပေမဲ့ ၄ တန်း မဟုတ်။ အင်္ဂလိပ်လို G-4 လို့ အလွယ်ခေါ်လို့ရပေမဲ့ အတိအကျက 4th Grade လို့ ရေးရတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ

ကြီးပဲ ပြောနေရင် မဟုတ်

ချည်းဘဲပြောနေရင်လို့ ရေးရ။ ၁။ ငါးထောင်ဘိုး‌လောက် ချည်း(ချေးငှား) ပေးကြပါအုန်းနော် ၂။ အသတ်ချည့်(ချည်း) ခံနေရပါလား၊ ၃။ တချို့ဆိုင် တော်တော်ဆိုးဆိုး မသိရင် ငါးခူတေ(တွေ) ကြည့်(ချည်း) မတရားထဲ့(ထည့်)ထားသလို ၄။ ကလေးတွေချည်းဘဲ ဘယ်ဟာကအမှန်လဲဆရာရှင့်။ ချည်းဘဲ မှန်။ ၅။ မင်ဂလာပါကြိုက်တဲ့ဟင်းတွေကြီး(ချည်း) တွေ့ရတော့စားခြင်(စားချင်)စိတ်တွေဖြစ်မှိ(ဖြစ်မိ)ပါတယ်  ၆။ စာသားတွေက အနှစ်တွေကြည့်ပဲ(အနှစ်တွေချည်းပဲ) ၇။ ခင်ဦး ရေဦး ဘက်က အပြောလေးတွေက တမျိုးဆန်းပါတယ်ခင်ဗျ။ အပြင်လူနဲ့တွေ့မှ အပြင်စကားပြောကြတယ်။ သူတို့ကြည့်ပဲ(သူတို့ချည်းပဲ)ဆို အေးပါ့။ ဟုတ်တာပါ့။ ဒါပါ့နဲ့ ကြားရတာ အားရပါးရရှိလှပါတယ် ခင်ဗျာ။  ၈။ ဆရာရှင့် ရောဂါနဲ့တော့မဆိုင်ပါ သူ့ကြည့်သက်သက်(သူ့ချည်းသက်သက်)ဆိုတာမျိုးမှာ ကြည့်ကိုဘယ်လိုရေးရတာလဲရှင့်။ အမြဲ ဇဝေဇဝါဖြစ်နေလို့ပါရှင့်။ ၉။ ချီးမွှမ်း(ချီးမွမ်း)ဆိုတဲ့ သတ်ပုံကော မှန်ပါသလား ဆရာ ကြောင်းချည်း (ရှောင်တခင်) ကောင်းချီးစကား ကောင်းခြီး ကောင်းတာချည်းဖြစ်သည် ချည်း = လက်ချည်းသက်သက်။ သူ့ချည်းသာ။ ကောင်းတာချည်းဖြစ်သည်။ ဤသို့ချည်းသာဖြစ်သည်။ အချည်းအနှီး။ ချီး = ဝှဲချီးသည်။ ချီး (မစင်)။ ချီးကျူး ချီးပံ့ ချီ...

ချစ်မိုးစွေ

ချစ်မိုးဆွေ မဟုတ်။ မိုးကုပ်စက်ဝိုင်း မိုးကြိုး(ပစ်) မိုးကြိုး(သတ္တု) မိုးကွက်ကျားရွာ မိုးချုန်း မိုးချုပ် မိုးခြိမ်း မိုးစဲ မိုးစည်းနှီး မိုးဆမ်းပန်း မိုးဆွေငှက် မိုးဆွေပန်းပင် မိုးတစိပ်စိပ်ရွာ မိုးတစိမ့်စိမ့်ရွာ မိုးတိုးမတ်တတ် မိုးတစ်ပြိုက်ရွာ မိုးနှံပင် မိုးပြဲဒယ် မိုးပြောက်ကျားရွာ မိုးဖြိုင်ဖြိုင်ရွာ မိုးဖွားကျ မိုးယို မိုးရေ မိုးလေဝသ မိုးသီးမိုးပေါက် မိုးသေးမိုးဖွဲ မိုးသည်းထန် မိုးအုံ့ စွေ(စောင်း) စွေ(မိုး) စွေတိစွေကန်း ဆွေစဉ်မျိုးဆက် ဆွေနီးမျိုးစပ် ဆွေမျိုးဉာတိ ဆွေမျိုးပေါက်ဖော် ဆွေမျိုးရင်းချာ ဆွေမျိုးသားချင်း ဆွေရိပ်မျိုးရိပ် ချစ်မိုးစွေ ပြည်လှဖေ https://www.youtube.com/watch?v=7wTsrCq0Iyg ဒေါက်တာတင့်ဆွေ

ပ ပါ့

ဆရာရှင့် ဟုတ်ပ /ဟုတ်ပါ့ ရှင်းပြပေးပါ  ဟုတ်ပါ့ တွေနဲ့ ပြန်ပြန်ဖြေလို့ စိတ်ထဲ ဘဝင်မကျလို့ ကိုယ်က မှားနေတာလားဆိုတာ သိချင်လို့ပါ ဆရာရှင်။ သတ်ပုံကျမ်းတွေမှာ ပါ့ မပါရှိပါ။ စကားအရာမှာတော့ အသုံးမနည်းပါ။ ၁။ ကြိယာကိုအတည်ပြုသောအနက်ဖြင့် ထောက်ပံ့သောစကားလုံး။ ပါ၏။ ပါ့။ ပေါ့။ ဟုတ်တာပ၊ ဟုတ်တာပ။ ၂။ ကြိယာကိုလေးနက်စေသောစကားလုံး။ သားစဉ်မြေးဆက်ပြောပစရာဖြစ်ချေသည်။ ဝေါ။ ၃၉၉။ ၃။ မြွက်သည်။ ဆိုသည်။ ကြုံးဝါးသည်။ ဤသို့ပုဏ္ဏက၊ ကြုံးသံပသော်။ ဝိပျို့*၅၆။ ၄။ ထွန်းတောက်သည်။ တထောင်နေလ၊ ပြိုင်၍ပလည်း၊ မမျှနိုင်ရာ။ ပြာဋိ*၆၄။ ၅။ ပူဇော်သည်။ ဂြိုဟ်အပေါင်းနှင့်၊ နတ်ကောင်းပရန်။ ကုသ*၁၇၄။ ၆။ အပြင်။ အပြင်ဘက်။ အပ။ ပြည်တွင်းပြည်ပ၊ ဖြင်မျှများစွာ၊ လူတကာတို့။ သတ်ကြီး။ ၃၂။၊ ၇။ ကင်းလွတ်သည်။ ပလပ်သည်။ ပြေပျောက်သည်။ အနှစ်ရာထောင်မသိမ်းမပိုက်စေ။ ပစေ။ နု။ ၅၅။ ၈။ ပယ်သည်။ ထုတ်ပစ်သည်။ ချန်လှပ်သည်။ ခေါက်ထားသည်။ ပထားရာရောက်ပေတော့မည်။ မီးရေခြား။ ၃၀။ ၉။ ဖယ်ရှားသည်။ လေးပါးသောမှောင်ကိုဆီမီးရောင်ပဘိသကဲ့သို့။ ဓာတု၊ ဒု။ ၃၄။ ၁၀။ ကင်းမဲ့သည်။ မရှိ။ အဆင်းလှလျက်အချင်းပသဖြင့်အလျှင်းမျှမတင့်တယ်။ ဟိတော။ ၃၃။ ၁၁။ ကွယ်ပျောက်သည်။ သာသနာတော်ပသောကာလ၌။ ပဉာ။ ၈၇။ ၁၂...

တလုံး ၁၀ ပြား ဒဏ်ရိုက်တဲ့ခေတ်အကြောင်း

၁၉၈၈ ခုနှစ်ကစတဲ့ ဒုတိယစစ်အစိုးရလက်ထက်မှာ ပုံနှိပ်စာလုံးတလုံးကို နိုင်ငံတော်မူ (တစ်) လို့မရေးရင် တလုံး ၁၀ ပြား ဒဏ်ရိုက်တဲ့ခေတ်အကြောင်း သိပါရစေ။ ကျေးဇူး။ ChatGPT 5.2 မေးခွန်းက အလွန်တန်ဖိုးရှိပါတယ်။ ဒီအကြောင်းအရာက စာပေ–သတ်ပုံ သမိုင်း နဲ့ အာဏာရေးရာတွေ ပေါင်းဆုံနေတဲ့ အချက်အလက်တခုပါ။ အောက်မှာ သမိုင်းနောက်ခံ + အဖြစ်မှန်အခြေအနေ + အငြင်းပွားချက်များကို ခွဲပြီး ရှင်းပြပါမယ်— 🔹 နောက်ခံအကျဉ်း (၁၉၈၈ နောက်ပိုင်း) ၁၉၈၈ ခုနှစ်နောက်ပိုင်း SLORC / SPDC (ဒုတိယစစ်အစိုးရ) လက်ထက်မှာ— နိုင်ငံတော်အဆင့် စာပေ၊ သတ်ပုံ၊ ဘာသာရေး၊ သင်ရိုးတွေကို “စံသတ်မှတ်ချက်တခုတည်း” အဖြစ် တင်းကြပ်စွာ ထိန်းချုပ်ခဲ့ပါတယ်။ စာပေဟာ ပညာရေးကဏ္ဍသာမက နိုင်ငံရေးကိရိယာလို ဖြစ်လာခဲ့ပါတယ်။ ဒီအခြေအနေအောက်မှာပဲ 👉 “တ / တစ်” သတ်ပုံပြောင်းလဲမှုကို တရားဝင်အသုံးချလာခဲ့ပါတယ်။ 🔹 “နိုင်ငံတော်မူ (တစ်)” မရေးလျှင် ဒဏ်ရိုက်တယ် ဆိုတဲ့အကြောင်း ✔️ ဖြစ်ရပ်အခြေအနေအမှန် ၁၉၈၈ နောက်ပိုင်းကာလတွင် ပုံနှိပ်စာအုပ်၊ စာတမ်း၊ လက်ကမ်းစာရွက်များကို Press Scrutiny (စာပေစိစစ်ရေး) က စစ်ဆေးပါတယ်။ “နိုင်ငံတော်မူတ” လို့ ရေးထားရင် 👉 “နိုင်ငံတော်မူတစ်” လို့ မပြင်ရင် မအတည်ပြု / ...

နိုင်ငံတော် စီမံကိန်းကြီး

မှားအောင်ပြောင်းခြင်းဖြင့် အသိပညာနှင့် စဉ်းစားဆင်ခြင်မှု  သွေလွဲစေအောင် ပြုလုပ်ထားသော နိုင်ငံတော် စီမံကိန်းကြီး https://www.facebook.com/reel/2535462700252004 ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ

ပန်းကန် ပုဂံ ပုကံ

၁။ ပုဂံ၊ ပန်းကန် ရှင်းပြပေးပါ ပုဂံခေတ်က ပန်းကန်ပြား။ ၂။ ဆရာရှင် ထမင်းပန်းကန် ဘယ်လိုပေါင်းပါသလဲရှင် ကျေးဇူးပါ ၃။ ဆရာ ဒီသတ်ပုံက (ပုဂံ) အမှန်ပါပဲလား ဆရာ။ ပန်းကန်သာ မှန်တယ်။ မြန်မာအဘိဓာန်(၁၉၇၉) ပန်းကန် - မြေ၊ ကြွေ၊ ဖန်၊ ပလတ်စတစ် စသည့်ပစ္စည်းအမျိုးမျိုးဖြင့် ပြုလုပ်သော ထည့်စရာ အသုံးအဆောင်။ ပန်းကန်ခွက်ယောက် - ထည့်စရာ အသုံးအဆောင် အမျိုးမျိုး။ ပန်းကန်စောက် - စောက်အတန်ငယ် နက်သော ပန်းကန်။ ပန်းကန်ပြား - အစောက်တိမ်၍ ပြန့်သော ပန်းကန်။ ပန်းကန်လုံး - အစောက်နက်၍ လုံးဝိုင်းသော ပန်းကန်။ အရည်ထည့် ပန်းကန်။ ကဝိဓဇသတ်ပုံကျမ်း ပု ပုဂံပြည်။ ပုဂံဘုရား။ ပုဂံရာဇဝင်။ ပုစဉ်းကောင်။ ပုစဉ်းထိုးငှက်။ ပုထိုးစေတီ။ ပုခက်။ ပုဆိုး။ ပုစွန်။ ပုဆိန်။ ပုဆစ်တုပ်။ ပုတလက်။ ပုထဝီ။ ပုရဟား (ပုရှား = မြတ်စွာဘုရား)။ ပုရောဟိတ်။ ပုရည် (ဆန်းစပါးထည့်သော စလွယ်)။ ပုလုကွေးလေး။ ပုလဲတမူး (နှစ်သက်မြတ်လေးသည်)။ ပုလဲသီး။ ပုလဲသွယ်။ ပုလဲမြို့။ ပုလဲပုတီး။ ပုလိပ်။ ပုရပိုက်။ ပုပုကွကွ။ ပုပုပျပ်ပျပ်။ အပု။ ငရုတ်ပု။ ပရာဏကဿဖ။ ပုရေဇာတပစ္စည်း။ ပုလောမအသူရာ။ ပုတိ-ဘင်္ဂ-မရဏ။ ပုလဲရောင်ရှိန်။ ဦးပု။ ဖေ-ပု-ရှိန်။ အရပ်ပု။ ပုခက် ပုဂံခေတ် ပုစဉ်းကောင် ပုစဉ်းထိုးငှက် ပုစဉ...

ကျပ်ငွေတွေကို တရားမဝင်လုပ်ခြင်း သမိုင်းကြောင်းအချက်အလက်များ

ကွန်မင့်တခု = အခုလည်း မကြေငြာပေမဲ့ 100/200 မယူကြတော့ဘူး ငြာ/ညာ ဟုတ်။ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝတုန်းက အအောက်တန်းစာရေး၊ မူလတန်းဆရာ/ဆရာမ တဦးလစာ ၁၂၆ ကျပ် ၇၅ ပြား။ ဆေးကျောင်းအဆောင်ကြေး ၄၂ ကျပ်။ စတိုင်ပင်/စကောလားရှစ် ၇၅ ကျပ်။ ရာတန်တရွက်ကိုင်နိုင်သူ လူချမ်းသာ။ လူချမ်းသာတွေကလည်း များတော့ ဗိုလ်နေဝင်းက ရာတန်တွေကို တရားမဝင်ကြေငြာခဲ့တယ်။ ဗိုလ်နေဝင်းခေတ်က ကျပ်ငွေတွေကို တရားမဝင်လုပ်ခြင်း သမိုင်းကြောင်းအချက်အလက်များကို သိလိုပါတယ်။ ကျေးဇူး။ ChatGPT 5.2 ဟုတ်ပါတယ်။ ဗိုလ်နေဝင်းခေတ် (၁၉၆၂–၁၉၈၈) မှာ ကျပ်ငွေများကို တရားမဝင် (demonetization) လုပ်ခဲ့တဲ့ သမိုင်းကြောင်း ကို ခုနှစ်လိုက်၊ အကြောင်းရင်းလိုက် စနစ်တကျ စုစည်းပေးပါမယ်။ (သင် သုတေသန/ရေးသားရန် အသုံးချလို့ရအောင် အချက်အလက်အခြေပြု အနေနဲ့ တင်ပြပါမယ်) ဗိုလ်နေဝင်းခေတ် ကျပ်ငွေ တရားမဝင်လုပ်ခြင်း သမိုင်းကြောင်း 🔴 နိုင်ငံရေးအခြေခံ ၁၉၆၂ ခုနှစ် – စစ်အာဏာသိမ်း ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP) အုပ်ချုပ်မှု နေဝင်း ကိုယ်တိုင် ဆုံးဖြတ်ချက်ချ စီးပွားရေးဆုံးဖြတ်ချက်များကို လွတ်လပ်သော ဘဏ္ဍာရေးအဖွဲ့ မရှိဘဲ ဆောင်ရွက် 🔴 (၁) ၁၉၆၄ ခုနှစ် – ပထမဆုံး အကြီးစား တရားမဝင်လုပ်...

ဖိနပ် နှင့် ဆက်စပ်တင်ပြချက်

ကွန်မင့်တခု = စာလုံးတွေကို အဘိဓာန်က စပီး (ပြီး) ထုတ်ခဲ့တာ မဟုတ်ပါဘူးဗျ လူတွေကနေစပီး (ပြီး) ထုတ်ခဲ့တာပါ ဖနောင့်နဲ့ ဖဝါး အောင့်မှာ အမြဲနေတဲ့ အရာ မလို့ ဖ ကိုသုံးတယ် ရေးတုန်းကအယူ အစ (အယူအဆ) နက်ဒေဝါ စောင့်ဆောက်ခြင်းက နက်ကို သုံးတယ် ဖနက်ပါ တစ္ဖက် ကိုရှင်းပြမယ် ဖနက် စီးတဲ့အခါမှ ဖနက် ရဲ့ ပုံစံက ခြေထောင်ကို လူလိုမျိုးဆိုရင် ရင်ခွင်ထဲ ထည့်ဖက်ထားသလိုမျိုးကို ဆိုလိုပါတယ် ဒါကြောင့် ဖနက် တစ္ဖက်က အမှန်ပါ (ဆရာစက္ကပါလ) မေးခွန်တခု = အခုခေတ်မှာ ဖိနပ်လို့ရေးကြတယ်နော် ဘယ်ဟာအမှန်လဲခင်ဗျ ဘိနပ်၊ ဖိနပ်၊ နှစ်မျိုးလုံး ရေးနေကြတယ်။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) မှာ ဖိနပ်။ မြန်မာအဘိဓာန် (၁၉၉၁) မှာ ဖိနပ်။ ကဝိဓဇသတ်ပုံကျမ်း (၁၉၅၄) မှာ ဘိနပ် = ဖိနပ်။ ဦးသာမြတ် မြန်မာစာရေးထုံးကျမ်း (၁၉၅၃) မှာ ဖိနပ်။ ဟိုအရင်က ဘ စာလုံးပေါင်းကို ပိုပြီး သုံးခဲ့တယ်။ ဥပမာ မိဘ။ ဘခင် = ဖခင်။ ဘတ်စာ = ဖတ်စာ။ ဘားကောင်ကသေး။ ဖိ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း။ ပိအောင်ဖိသည် ဖိစီး ဖိနပ်ချွတ် ဖိနပ်တရန် ဖိနှိပ် ဖိနှိမ် ဖိဖိစီးစီး ဖိသိပ် ဘိ ကောင်းပါဘိ ခက်ပါဘိ ငှက်ထောင်သည့်ဘိ ငေါက်ငန်းပါဘိ ဆိုပါဘိ ဆိုဘိတောင်း ဆိုဘိလော နေပါဘိ နေဘိလော ပြောပါဘိ ပြောဘိတောင်...

မြန်မာငွေ ၁၀ ကျပ်၊ ၂၀ ကျပ်တန် တွေကို အသုံးမဝင်တော့ကြောင်း ကြေငြာခဲ့ခြင်း

ဆရာ ၁၀ ကျပ်တန် ၂၀ ကျပ်တန်တွေကို ဘယ်ခုနှစ်လောက်မှ စပြီး အသုံးပြုခွင့်မရှိတော့တာလဲဖြေပေးလို့ရမလားဗျ မြန်မာငွေ ၁၀ ကျပ်နဲ့ ၂၀ ကျပ်တန်တွေကို အသုံးမဝင်တော့ဟု ကြေငြာချက် ရှိပါသလား သိပါရစေ။ ရှိလျှင် ခုနှစ်ကို သိလိုပါတယ်။ ကျေးဇူး။ ChatGPT 5.2 ဟုတ်ပါတယ်။ မြန်မာငွေ ၁၀ ကျပ်၊ ၂၀ ကျပ်တန် တွေကို အသုံးမဝင်တော့ကြောင်း ကြေငြာခဲ့တဲ့ အကြိမ်များ ရှိခဲ့ပါတယ်။ အောက်မှာ အတိအကျ ခုနှစ်လိုက် စုစည်းပေးထားပါတယ်— 🔴 ၁) ၁၉၆၄ ခုနှစ် – ပထမဆုံး အသုံးမဝင်ကြေငြာ ၁၉၆၄ ခုနှစ် မေ ၁၅ ရက် ၁၀ ကျပ်၊ ၂၀ ကျပ်တန် အပါအဝင် အဟောင်းငွေစက္ကူများကို 👉 တရားဝင် အသုံးမဝင်တော့ကြောင်း ကြေငြာ ကြေငြာခဲ့သူ – နေဝင်း အစိုးရ ရည်ရွယ်ချက် – ငွေကြေးစနစ် ပြန်လည်ထိန်းချုပ်ရန် အနက်ရောင်ငွေ၊ စီးပွားရေး မမှန်ကန်မှုများကို လျော့ချရန် ➡️ ဒီကြေငြာချက်ကြောင့် ပြည်သူအများအပြား ငွေဆုံးရှုံးမှု ကြီးမား ခဲ့ပါတယ်။ 🔴 ၂) ၁၉၈၅ ခုနှစ် – ဒုတိယအကြိမ် အသုံးမဝင်ကြေငြာ ၁၉၈၅ ခုနှစ် နိုဝင်ဘာ ၃ ရက် ၁၀ ကျပ်၊ ၂၀ ကျပ်၊ ၅၀ ကျပ်တန် ငွေစက္ကူများ 👉 ချက်ချင်း အသုံးမဝင် လဲလှယ်ခွင့် အလွန်ကန့်သတ် (အချို့သာ) 🔴 ၃) ၁၉၈၇ ခုနှစ် – အပြင်းထန်ဆုံး ကြေငြာ (မှတ်ချက်အနေနဲ့) ၁၉၈၇ ခုနှစ် စက်တင်ဘ...

ကပြား

မင့်တခု = က ပီးမှ ပြားချင်လား၊ ကာ ပီးမှ ပြားချင်တာလား ဆရာ။ မမ ၀၀ ထထ က အက ပထမ (ကဗျာ) က (တီခုန်ဖော်ဖြေခြင်းမှာ အဓိကရည်ရွယ်တယ် ကာ (ဟိုဘက်နဲ့ ဒီဘက်ကြားမှာ ကြာခံအနေနဲ့သုံးတယ်) ကား (...) ကားပြားတာက အမှန်ပါဆရာ (ဆရာစက္ကပါလ) မေးခွန်းတခု = ကာပြား၊ ကပြား၊ (ဘယ်ဘာအမှန်လဲဆိုတာာမသိလို့ပါ)နဲ့ပြော‌ပြော‌နေကြတယ်။ ကာပြား- ကပြား ဆိုတာ မျိုး မစစ် တာကို ဆိုလိုတာလားဗျ (၁) ကပြား = လူမျိုးချင်း မတူသော မိဘနှစ်ပါးမှ ပေါက်ဖွားသူ။ (မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈)၊ စာမျက်နှာ ၅။ (၂) ကပြား (ဝစ်ရှင်နရီ) လူမျိုးချင်းမတူသော မိဘနှစ်ပါးမှ ပေါက်ဖွားသူ။ ဗန္ဓတ်။ မြန်မာပြည်တဝှန်းလုံးအတွက် အင်္ဂလိပ်ကပြားမင်းတိုင်ပင်တဦးသာ။ သရာဇ။ ၂၄၁။ (၃) ကပ်ပါး မှ စကားရွေ့လျှော၍ ယခုအခါ ကပြား ဟုခေါ်သည်။ (ကပြားပြဿနာ - မောင်ပုလေး ၁၃၀၁)၊ နိဒါန်း။ https://burmastudiesgroup.com/wp-content/uploads/2022/06/half-cast-problem.pdf (၄) လူမျိုးစု မတူသူတွေ အတူနေရာကနေ သွေးနှောကပြားတွေ တကမ္ဘာလုံးမှာ ရှိပါသည်။ လွန်ဆန်လို့ မရပါ။ ဘာသာရေးတွေမှာပါ အရောတွေ တကယ်ပင်ရှိပါသည်။ ကပြားဆိုတာ လူမျိုးမတူတာကို ရောထားတာသာ မဟုတ်ပါ။ အမျိုးမတူတာတွေကို ရောတာတိုင်းကိုလည်း ကပြားလို့ ...

စကားတခွန်

ပုံအတွက် ကျေးဇူး။ စကားတခွန်းကို မှန်အောင်မရေးတတ်ကြသူများ (၁) Facebook · Khin San Win 5 reactions · 3 weeks ago 1:15:36 စကားတခွန်း၏ တန်ဖိုး တရားတော် #ရွှေမြိုင်ဆရာတော်. စကားတစ်ခွန်းတည်နိုင်အောင်ကြိုးစားပါ (၂) SarPhat https://www.sarphat.com › articles Translate this page Jul 11, 2024 — ... တဲ့သူရဲ့ဦးနှောက်ထဲ ရောက်သွားတာပါ။အဲဒိအခါကျတော့ ပြောတဲ့သူက ပြောတဲ့စကားနှင့်အညီ လိုက်လုပ်ရမဲ့ တာဝန်ရှိလာပါပြီ။ အဲဒါကြောင့်လေ စကားပြောတဲ့အခါမှာ အမြဲတမ်းသတိကပ်ပြီး တစ်ဖက်လူကိုပြောသင့်လား၊မ (၃) စကားတစ်ခွန်း Sa Kar Ta Khon ပြေတီဦး ... YouTube · Myat Chel Entertainment Apr 7, 2022 (၄) စည်သူလွင်....စကားတစ်ခွန်း 1997 YouTube · သီချင်းဟောင်းလေးများ Oct 29, 2023 (၅) စကားတစ်ခွန်း - ဇွဲပြည့် ( Official MV ) YouTube · Zwe Pyae Official Nov 28, 2014 (၆) YouTube · Zwe Pyae Official 4:43 (၇) စကားတစ်ခွန်း - မောင် ၊ အေးမြတ် ... YouTube · Aung Thiri Entertainment Nov 28, 2023 ဒေါက်တာတင့်ဆွေ

တိရစ္ဆာန် နှင့် တချို့

တိရစ္ဆာန်လို့ ရေးရ ဆရာအောင်သင်းအမည်လည်းပါနေတော့ ပိုပြီး သတိထားရမယ်။ အဲလိုဘဲ - ရွှေဥဒေါင်းအမည်နဲ့ အမှားတွေ တင်ကြတယ်။ ဆရာဇော်ဂျီအမည်နဲ့ အမှားတွေ တင်ကြတယ်။ ဆရာမင်းသုဝဏ်အမည်နဲ့ အမှားတွေ တင်ကြတယ်။ တက္ကသိုလ်ဘုန်းနိုင်အမည်နဲ့ အမှားတွေ တင်ကြတယ်။ ဆရာတင်မိုးအမည်နဲ့ အမှားတွေ တင်ကြတယ်။ မှားနေတာကိုထောက်ပြရင် အမှားကိုဖျက်ပြီး အမှန်ပြင်တင်ကြပါ။ သူများရေးထားတာလို့ပြောသူတွေကလည်း အမှားကိုဖျက်ပြီး အမှန်ပြင်တင်ကြပါ။ တိရစ္ဆာန် မှန်အောင်မရေးတတ်သူတွေ အများကြီးတွေ့ရတယ်။ တချို့ လို့ရေးတာ မှန်တယ်။ တချို့ ကိုမှန်အောင်မရေးတတ်သူ ၆ ယောက် နမူနာတင်ပြမယ်။ မှန်အောင်မရေးတတ်သူတွေ အများကြီးတွေ့ရတယ်။ (၁) ပွင့်"တစ်"ချို့ကြွေ"တစ်"ချို့ Pann Satt Lann Books https://www.pannsattlann.com › pw... Translate this page Nov 18, 2023 — လောကမှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ဆိုတာ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာ လို့ ခေါင်းစဥ်တပ်ပြီး တန်ဖိုးမဲ့တဲ့ လုပ်ရပ်တွေ လုပ်တတ်တဲ့ လူ"တစ်"ချို့ကြောင့်လည်း ချစ်ခြင်းမေတ္တာတွေဟာ တန်ဖိုးမဲ့သလို ဖြစ်ရပြန်တယ်။ ဒီစာအုပ်လေးက (ယူတတ်ရင်)သင်ခန်းစာ ရစေမဲ့Read more ...

သူတောင်းစား

တစ်တောင်းစား၊ တတောင်းစားကအမှန်လား ဆရာခင်ဗျ စာလုံးပေါင်း = သူတောင်းစား။ အသံထွက် = သှဒေါင်းဇား။ သူတောင်းစား = တောင်းရမ်းခြင်းဖြင့် အသက်မွေးသူ။ အလှူခံပုဏ္ဏား၊ သူတောင်းစားတဝ၊ မယ်သီလဖိုးသူတော်၊ လူပေါ်မှာကြောကြသည်။ ပုည။ ၁။ ၂၁ ။ ကြောင်းတူသံကွဲများ = သူဖုန်းစား။ ဖုန်းတောင်းယာစကာ။ ဒွန်းစဏ္ဍား။ တစ်တောင်းစား ဆိုတာ မတွေ့ဘူးပါ။ စာလုံးအရ ဆိုလိုချက် အနည်းဆုံး ၂ မျိုး ဖြစ်နိုင်တယ်။ (၁) တစ် ကို တောင်းစား။ (၂) အမှတ်စဉ် ၁ တောင်းစား။ ဒေါက်တာတင့်ဆွေ

စမြိတ် နဲ့ စမုံစပါး မတူပါ

ပုံနဲ့အတူ တင်ထားတဲ့စာ = ဒီအညွန့်လေးတွေ တို့စားရတာ မွှေးတေးမွှေးတေးနဲ့မို့ သိချင်လို့မေးကြည့်တာ သူတို့(ကရင်ပြည်နယ်ဘက်)အခေါ် ‘စမိတ်’ တဲ့။ စမုံစပါးကလည်း ဒီအပွင့်ကပဲထွက်တာလို့ပြောတယ်။ AI ကိုမေးကြည့်တာလည်း ဒီအတိုင်းပါပဲ။ ပုံအတွက် ကျေးဇူး။ စမြိတ် နဲ့ စမုံစပါး မတူပါ။ စမုံစပါးရွက် (Dill)တဲ့၊ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း သုံးတယ်တဲ့၊ ကရင်နဲ့ရှမ်းဘက်မှာ အတွေ့ရများတယ်တဲ့၊ ဘာပဲပြောပြော ကရင်ငပိနဲ့တို့စားရတာ အတော်စားကောင်းတယ်။ စမုံစပါး (fennel) နဲ့ စမြိတ် (dill) စမြတ်နံနံလို့လည်း ခေါ်ပါတယ်။ Fennel နှင့် Dill သည် တူညီသော အပင်များ မဟုတ်ပါ။ အပင်မျိုးရင်းအနေနှင့် နှစ်မျိုးစလုံးမှာ Apiaceae မျိုးရင်းဝင်များဖြစ်ပြီး၊ အရွက်ပုံသဏ္ဌာန်မှာ အမွေးပွားပွား ဖြစ်သဖြင့် မျက်နှာကြည့်လျှင် ဆင်တူသကဲ့သို့ မြင်ရသော်လည်း၊ အရသာ၊ ဖွဲ့စည်းပုံနှင့် အသုံးပြုပုံများတွင် ကွဲပြားသော အပင်များ ဖြစ်ကြပါသည်။ Fennel စမုံစပါးတွင် အောက်ခြေတွင် ချောမွေ့ကြွပ်သားသော အဖြူရောင် အမြစ်ပေါက် (bulb) ကြီးတခု ရှိပြီး၊ licorice / anise ကဲ့သို့ အနံ့အရသာ ပြင်းထန်ပါသည်။ Dill စမြတ်နံနံသည် အမြစ်ပေါက် မရှိသော နူးညံ့သော ဟင်းရွက်တမျိုးဖြစ်ပြီး၊ အရသာမှာ လ...

ဒေါက်တာကို ရန်ရှာကြသူများ

ကွန်မင့်တခု = ဒေါက်တာဆိုတာ မြန်မာစာမှာမရှိပါ၊ ဆရာဝန် တင့်ဆွေလို့ ပြောင်းရေးပါ ဆရာ။ ဒီလိုမျိုးမှတ်ချက်နဲ့ ကန့်ကွက်ချက်တွေ ခဏခဏရပါတယ်။ ChatGPT အား မေးမြန်းခြင်း ဒေါက်တာ ဆိုတာ မည်သူများကို ခေါ်ပါသနည်း။ မြန်မာစာမှာ ဒေါက်တာစာလုံး သုံးနိုင်ပါသလား။ ChatGPT အဖြေ မေးခွန်းက အရေးကြီးပြီး၊ အဓိပ္ပါယ်ပိုင်း + မြန်မာစာသုံးစံ နှစ်ခုလုံး ဆိုင်ပါတယ်။ စနစ်တကျ ခွဲပြောပါမယ်။ (၁) “ဒေါက်တာ” ဆိုတာ မည်သူများကို ခေါ်ပါသလဲ Doctor ဆိုတဲ့စကားလုံးရဲ့ မူလအဓိပ္ပါယ်က အမြင့်ဆုံးပညာအဆင့် (Doctoral degree) ရရှိထားသူကို ဆိုလိုပါသည်။ အဓိကအားဖြင့် အောက်ပါအုပ်စုများကို Doctor / ဒေါက်တာ ဟု ခေါ်ပါသည်– (က) ပညာရေးအမြင့်ဆုံးဘွဲ့ရရှိသူများ PhD / DPhil (သုတေသနအခြေခံ ဘွဲ့) EdD, ScD, DSc စသည် ➡️ ဆေးပညာမဟုတ်သော်လည်း ဒေါက်တာ ဟု ခေါ်ရပါသည်။ (ခ) ဆေးပညာအထူးဘွဲ့ရရှိသူများ MBBS, MD, DO စသည် ➡️ လူသုံးအရ အများဆုံး “ဒေါက်တာ” ဟု ခေါ်ကြသည့်အုပ်စု (ဂ) အခြား ပရော်ဖက်ရှင်နယ် ဒေါက်တာဘွဲ့များ DDS / DMD (သွားဘက်ဆိုင်ရာ) DVM (တိရစ္ဆာန်ဆေး) JD (ဥပဒေ – အမေရိကန်တွင်) ➡️ နိုင်ငံနှင့် ယဉ်ကျေးမှုအလိုက် “Doctor” ဟု ခေါ်သုံးမှု ကွဲပြားပါသည်။ 🔹 အကျဉ်းချုပ် “ဒေ...

မြန်မာစာ ရေနစ်နေပြီ

နွံနစ်နေကြပြီ လို့ ရေးရ။ နှစ်ခံရသဖြင့် နစ်နေပြီ။ ၁။ ဆရာရှင့် သားသားက 4နစ်ခွဲပါ ဘာရောဂါလဲဆရာ  ၄ နှစ်ခွဲ သို့မဟုတ် လေးနှစ်ခွဲလို့ ရေးရ။ နစ်ဆိုတာ ရေနစ်၊ နစ်နာ၊ နစ်မျော၊ နစ်မြုပ်၊ နစ်မွန်း၊ ဖေါင်တိန် နစ်။ ရေးထားတဲ့အတိုင်းကိုဖတ်ရင် 'ဖိုး' နစ်ခွဲပါ ၂။ မြစ်ရေကြီးသွားတယ်။ အ ‘နစ်’ ‘20’ အတွင်း အကြီးဆုံး။ ‘တစ်’ မြို့လုံးနီးပါးမြုပ်။ နစ် နဲ့ နှစ် မှားနေတယ်။ နစ်ဆိုတာ ရေနစ်၊ နစ်နာ၊ နစ်မျော၊ နစ်မြုပ်၊ နစ်မွန်း၊ ဖေါင်တိန် နစ်။ ၃။ ဝိပသနာတရားအားထုပ်ပါစိတ်ကိုတရာထဲ့နစ်ထားပါ  ဝိပဿနာလို့ ရေးရ။ တရားအားထုတ်လို့ ရေးရ။ တရားထဲ နှစ်ထားပါလို့ ရေးရ။ နှစ်သဖြင့် နစ်ဝင်နေသည်။ ငွေသွားထုတ်ပြီးအပြန်မှာ ငွေထုပ်ပါလာသည်။ ၄။ တေးသီချင်းဆီ၊ နှစ်ပျော်မိသည်ကို နားမလည်ပါ။  နစ်ဝင်ပျော်မိသည်လို့ ရေးရ။ နှစ်လို့ နစ်သည်။ ၅။ နှစ်၀င်ပျော်မိတယ် ပါဆရာ။ နစ်ဝင်ပျော်မိတယ်လို့ ရေးရ။ နှစ်လို့ နစ်သည်။ နစ် ကွန်မျူနစ် ခုနစ်ဂဏန်း စနစ်ကျသည် နစ်ကျွံစူးဝင် နစ်နာဆုံးရှုံးသည် နစ်နော = အစအဆုံးဆင်ခြင်သည် နစ်မျော နစ်မြုပ်ဆုံးပါးသည် နစ်မွန်း နစ်ဝင် ရေနစ်သည် အကြောင်းသနစ် နှစ် တနှစ် (၁ နှစ်) နှစ်၍နစ်သည် နှစ်ကာလရှည် နှစ်ကုန်းတကော့ နှစ်ချင်းပေါက်...

"မယ်တရွာ မောင်တမြို့"

"တရွာ" ကို မှန်အောင်မရေးတတ်သူတယောက် တင်ထားတာတွေ့လို့ တင်ပြပါတယ်။ "တစ်ရွာ" မမှန်ပါ။ "တရွာ" မှန်တယ်။ ပဝါပါး ကြက်သားထုပ်တော့ စွန်းတတ်တယ်၊ တရွာသား ရည်းစားလုပ်တော့ လွမ်းရတတ်တယ် ဆိုစကားနဲ့ သီချင်းစာသားကို (တစ်)ရွာသားလို့ ရေးကြတယ်။  (တစ်)ရွာသားကို ရည်းစားလုပ်တော့ လွမ်းရတတ်တယ်။  (နှစ်)ရွာသားကို ရည်းစားလုပ်တော့ ဆွေးတတ်တယ်။  (သုံး)ရွာသားကို ရည်းစားလုပ်တော့ ငိုရတတ်တယ်။ "တရွာသားနဲ့ ပဝါပါး" မှန်တယ်။ "ပုဝါ" မမှန်ပါ။ "ပဝါ" မှန်တယ်။ စုံပဝါ ဘယ်ညာချ https://burmese-spelling.blogspot.com/search?q=%E1%80%95%E1%80%9D%E1%80%AB ဒေါက်တာတင့်ဆွေ

† သင်္ကေတ

လားရှိုးတွင် ဆရာတော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ၇ တန်းကျောင်းသား ၂ ဦးကို ဖမ်းဆီးရမိ (Shwe Movies Channel) စာရေးတာတော့ မမှားပါ။ ပုံထဲကစာ မှားနေတယ်။ (၁) တရားခံ လို့ ရေးရပါသည်။ (၂) "ဆရာတော်ကိုသတ်တဲ့" လို့ ရေးတာတော့ ဖြစ်ပါမယ်။ အတော်စဉ်းစားယူရတယ်။ "ဆရာတော်ကိုက်တဲ့" လို့ ရေးတာလားလည်း စဉ်းစားရသေးတယ်။ ကန်တော့။ (၃) သေ၊ သတ်၊ ကိုက် စတဲ့စာလုံးတွေကို ဖေ့စ်ဘွတ်မှာ မရေးရဘူးထင်နေကြတာ မှားတယ်။ ကျွန်တော် သတ်ပုံစာလုံးမရးဖြစ်တဲ့နေ့ မရှိပါ။ ရောဂါသေဆုံးမှုလည်း မကြာခဏရေးပါတယ်။  မြွေကိုက်ရောဂါအကြောင်းလည်း တင်ပြတယ်။ (၄) ပုံထဲကသင်္ကေတမှာ သီးခြားဆိုလိုချက် ရှိတယ်။ † သင်္ကေတ † (dagger / obelisk) ဆိုတဲ့ သင်္ကေတရဲ့ အဓိပ္ပါယ်ကို အောက်ပါအတိုင်း အသုံးများပါတယ်— အဓိက အသုံးအနှုန်းများ 1. သေဆုံးခြင်းကို ညွှန်ပြခြင်း လူအမည်နောက်မှာ † 1995 လို အသုံးပြုပြီး “သေဆုံးပြီးဖြစ်သည်” ဆိုတာကို ပြသပါတယ်။ 2. မှတ်ချက် (footnote) သင်္ကေတ စာအုပ်၊ ဆောင်းပါးတွေမှာ * နောက်တဆင့်အဖြစ် † ကို မှတ်ချက်ညွှန်းရန် သုံးပါတယ်။ 3. ဘာသာရေးဆိုင်ရာ အဓိပ္ပါယ် ခရစ်ယာန်ရေးရာအကြောင်းအရာများတွင် လက်ဝါးကပ်တိုင်ကို ညွှန်ပြရာမှာ အသုံး...

တရင်းတနှီး

တရင်းတနှီးကိုမှန်အောင်မရေးတတ်သူတွေလည်း ရှိတယ်။ တစ်ရင်းတစ်နှီး တဲ့။ ၁။ စစ်သုံပန်းတွေနဲ့ တစ်ရင်းတစ် ... https://www.youtube.com/watch?v=eAZ-8N9ZOBU YouTube · RCNan Thaw Reaction Sep 24, 2024 YouTube · RCNan Thaw Reaction ၂။ ဘော့စ်က တစ်ရင်းတစ်နှီးနှုတ်ဆက်တိုင်း ... Facebook · Zingo Myanmar https://www.facebook.com/ZingoMyanmar/videos/328715905055994/ ၃။ ချစ်ရတဲ့ ပရိတ်သတ်တွေအများကြီးနဲ့တစ်ရင်းတစ်နှီးဆုံတွေ့ဖျော်ဖြေခွင့်ရခဲ့တဲ့အမှတ်တရလေး… အရမ်းပျော်ခဲ့ပါတယ်ဗျ #KhantKyaw. ၄။ အချစ်ဟာချစ်နေဖို့ပဲလိုတာပါဆိုပေမယ့် အဲ့ဒီမြတ်နိုးရာလေးက တစ်ပါးသူကိုပြုံးပြတာကအစ တစ်ရင်းတစ်နှီးပြောဆိုမှုတဲ့အထိ မနာလိုအူတိုရပါတယ်. Facebook · Aung Zaw Lin · 3 weeks ago ၅။ တစ်ရင်းတစ်နှီး | ta1-yin3 ta1-hni3 - with a large investment on, where ရင်းနှီး | yin3 hni3 is to invest. [Compare with တရင်းတနှီး | ta1-yin3 ta1-hni3 - cordially; warmly; ...Read more တဝမ်းပူတွေကို မလိုအပ်ဘဲ စသတ်ကြစေသတည်း အမိန့်တော်ကြောင့် မကောင်းကျိုးဆက်တွေ ဆက်ဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ

မောင်ဘ၏နှမ မခင်နှစ်မှာ နှစ်နှစ်သမီးကတည်းက နှလုံးရောဂါရှိပါသည်

ဆရာခင်ဗျာ ကျနော် ဇဝေဇဝါဖြစ်နေတာလေးတခုကို အတည်ပြုချင်လို့ပါ။ တစ် ကို တ၊ နှစ် ကို နှ လို့ ပြောင်းလဲဖို့ လိုသလားဗျ။ နှစ် လို့ပဲ ရေး၊ ဖတ် နှစ်မျိုးလုံး သုံးရမလားခင်ဗျာ။ "တစုံတဦး၊ တခါတရံ " တွေမှာရော "တစ်" အစား "တ" ပဲ သုံးရင် သတ်ပုံအရ မှန်ကန်ပါသလား ခင်ဗျာ။ အဲလို ယူဆလို့ မရပါ။ မကြာခဏတင်ပြထားပါတယ်။ တခု မှာ စသတ်ရန်မလိုဆိုတဲ့အတ်ွ့ နှစ်ခု ကိုလည်း မလိုဘူးထား ထောက်ပြကြတယ်။ အဲလိုယူဆလို့မရပါကြောင်း အထောက်အထားတွေနဲ့တကွ တင်ပြထားတယ်။ မောင်ဘ၏နှမ မခင်နှစ်မှာ နှစ်နှစ်သမီးကတည်းက နှလုံးရောဂါရှိပါသည်။ မိဘနှစ်ဦးက စိတ်မကောင်းဖြစ်နေကြပါသည်။ စာလုံးပေါင်းသတ်ပုံတွေက နက်နဲတယ်။ ကျယ်ပြန့်တယ်။ သိမ်မွေ့တယ်။ လက်ရှိမှာ အကောင်းဆုံးနဲ့ အစုံလင်ဆုံးကတော့ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈-၇၉-၈၀) ထုတ် ၅ တွဲ ဖြစ်ပါတယ်။ လိုချင်သူတွေက မက်စင်ဂျာကနေမှာရင် pdf ဖိုင် ၅ ခု ပိုပေးနေပါတယ်။ လူဦးရေ ၁၅၀ လောက်ဆီကို ပို့ပေးပြီးပြီ။ နှ နဲ့ နှစ် https://burmese-spelling.blogspot.com/2024/06/blog-post_655.html နှ နှစ် အဆက် https://burmese-spelling.blogspot.com/2024/12/blog-post_56.html အလားတူ ပဲ နဲ့ဘဲ ကိုလည်း လိုသလိုတ...

နောက်ပစ် (နောက်ထိုးပစ်)

၁။ မဲခွဲ ရေးတာ မှားနေပါတယ် ချန်ပီယံလိဂ် ရှုံးထွက် Play-offs ပွဲစဉ်မျာ မခွဲပြီး ဟုတ်။ နောက်ပစ် (နောက်ထိုးပစ်) ကျနေတယ်။ တင်တဲ့သူက ပြန်စစ်သင့်တယ်။ ကွန်မင့်ကနေ ထောက်ပြသင့်ပါတယ်။ ၂။ ဆရာမင်္ဂလာပါရှင့် မြန်မာစာမှာ နောက်ပစ်ကို နောက်ထိုးပစ်လို့ခေါ်ကြတာမှန်ပါသလားရှင့်၊ နောက်ပစ်၊ နောက်ထိုးပစ်။ ၃။ (-ဲ) သင်္ကေတကို ယခုခေတ် ကလေးငယ်တွေကို "နောက်သောပစ်"ဟု သင်ကြားနေတာ မှန်ပါသလားဆရာ။ အမှန်က "နောက်ထိုးပစ်" မဟုတ်ပါလားဆရာ။ (၁) နောက်ပစ် = အက္ခရာ၏ အထက်တွင် အဲ သရသင်္ကေတအဖြစ် ရေးမှတ်သော မျဉ်းစောင်း။ -ဲ။ နောက်ထိုးပစ်။ ပင့်ပင့်ရစ်ရစ်၊ အမြစ်နောက်ပစ်။ ရာမ၊ ပ။ ၁၀။ (၂) ရှေးစာကဗျာနှင့် မြန်မာသဒ္ဒါ (၄၀) https://burmese-spelling.blogspot.com/2023/11/blog-post_478.html (၃) နောက်ပစ်၊ နောက်ထိုးပစ်။ နောက်ပစ် = အက္ခရာ၏ အထက်တွင် အဲ သရသင်္ကေတအဖြစ် ရေးမှတ်သော မျဉ်းစောင်း။ -ဲ။ နောက်ထိုးပစ်။ တိမ်းစောင်းပြိုလဲ၊ နောက်ပစ်လဲ လဲကျတာကို နောက်ထိုးပစ်။ ဗလောင်းဗလဲ၊ အပြောင်းလဲ လဲလှယ်တာကို နောက်ထိုးပစ်။ ဘာဖြစ်တာလဲ၊ ဘယ်တော့လဲ မေးမြဲစင်စစ် နောက်ထိုးပစ်။ ကြိယာနောက်တွဲ၊ အမေးလဲ ရေးမြဲစင်စစ် နောက်ထိုးပစ်။ (၄) ခြေထောက်တဖက် ထောက...

အုတ် အုဋ္ဌ်

မေးခွန်းတခု = ဆရာရှင့်  အုတ်နဲ့ အုဋ်က ဘယ်ဟာ မှန်လဲဆရာ ​ဖြေကြား​ပေး​စေလို့ပါတယ် ကျန်းမာပါ​စေ ဆရာ မေးခွန်းတခု = ဆရာခဗျ၊ ကျွန်တော်တို့ ရွာကျောင်းမှာ ကျောင်းနာမည်ကို ရတနာ အုဋ် ကျောင်းလို့ ရေးထွင်းလိုက်တာ၊ အခု ဆရာတော်တပါးက အဲ့ဒီလို ရေးတာ မှားတယ် လို့ဆိုတယ်၊ ဘာနဲ့ ရေးမှ အမှန်လည်း၊ အုဋ်၊ ဍ်၊ ၌၊ ဉ်၊ ဌ်၊ ဠ်၊ တ်၊ ထ်၊ ပ် လား ရှင်းပြပေးပါ ပြန်စာ (၁) "အုဋ္ဌ်" သည် မြန်မာစာလုံးပေါင်းသတ်ပုံအရ အုတ် ဟု ရေးသားလေ့ရှိပြီး အိမ်၊ တံတိုင်းနှင့် အဆောက်အဦးများ ဆောက်လုပ်ရာတွင် အသုံးပြုသော မြေညက်ကို မီးဖုတ်ထားသည့် ပစ္စည်းဖြစ်သည်။ အုတ်သည် ခိုင်ခံ့ပြီး တာရှည်ခံသောကြောင့် ရှေးဟောင်းဘုရားစေတီများမှသည် ယနေ့ခေတ်အိမ်ရာများအထိ အဓိက ဆောက်လုပ်ရေးပစ္စည်းအဖြစ် အသုံးပြုကြသည်။  အုတ် အမျိုးအစားများ မီးဖုတ်အုတ် (အနီရောင်): မြေစေးကို မီးဖုတ်ထားခြင်း။ ဘိလပ်မြေအုတ် (ကွန်ကရစ်အုတ်): ဘိလပ်မြေနှင့် သဲ ရောစပ်ပြုလုပ်ခြင်း။ အသုံးပြုပုံ အိမ်နံရံများ၊ တိုင်များနှင့် အုတ်မြစ်များ။ လမ်းခင်းခြင်းနှင့် တံတိုင်းများ ကာရံခြင်း။ အုတ်များကို မြေအရည်အသွေးနှင့် မီးဖုတ်သည့်စနစ်ပေါ်မူတည်၍ အဆင့်များ ခွဲခြားထားသည်။ (၂) အုဋ္ဌ်ခုံသည် အုတ်များဖြင့...

သစ္စာမဲ့ခြင်းအကြောင်းများ

မန္တလေးတက္ကသိုလ်၊ သစ္စာအမျိုးသမီးဆောင် မရှိတော့ပြီ။ သဘာဝဘေးကြောင့်။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သစ္စာကဗျာကို သတ်ပုံပြင်သုံးကြသည်။ လူလုပ်ဘေးကြောင့်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ

Big Names နာမည်ကြီး နာမည်ရတွေ

နိုင်ငံရေးထဲက မဟုတ်ပါ။ စာပေထဲက။ ကိုးကားတင်ကြတယ်။ အလေးထားတင်ကြတယ် ချီးမွမ်းခန်းဖွင့်ကြတယ်။ တချို့ကလည်း တခြားသူတွေက ကောင်းတယ် တော်ယ်ဆိုတာနဲ့ လိုက်တော်၊ လိုက်ကောင်းကြသလား မသိပါ။ ဖေ့စ်ဘွတ်မှာ ဖေါ်လိုဝါ များသူတွေထက် ဖေ့စ်ဘွတ်မသုံးသူတွေက ပိုပြီးတော်နိုင်တယ်။ အမည်နာမတွေကို မထည့်တော့ပါ။ အကြံပြုချင်တယ်။ စာကောင်းပေမွန်တွေ များများဖတ်ပါ။ လေ့လာပါ။ လေးနက်တဲ့စကားပြောဘက်တွေနဲ့ ပြောဆိုပါ။ ကိုယ်တိုင် ချင့်ချိန်အကဲဖြတ်ပါ။ အကဲဖြတ်ချက်မချမီ လေ့လာမှုများပါစေ။ ကျွန်တော်ငယ်စဉ်ကလည်း အထင်ကြီးခဲ့သူတွေရှိတယ်။ နောက်တော့ စာရင်းထဲကနေ ဖယ်ရတဲ့အမည်တွေ ရှိလာတယ်။ အမှတ်ကောင်းပေးသင့်တဲ့ အမည်သစ်တချို့လည်း တိုးပါတယ်။ ဒေါက်တာတင့်ဆွေ

ရွှေပြည်တော် အရေး အဖွဲ့ အဆိုများ

ရွှေပြည်တော် အရေး အဖွဲ့ အဆိုများ (တသောင်းရှစ်ပြန်၊ လေးထောင်လွန်သား) (၁) ရွှေပြည်တော် မျှော်တိုင်းဝေးစာအုပ်ကို ဗန်းမော်တင်အောင်ကရေးပါတယ်။ ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလမှာ ပထမအကြိမ် ထုတ်တယ်။ မိမိ၏ လမ်းအတိုင်း တလှမ်းချင်း ပင်ပန်းလေးလံစွာ လျှောက်လိုက်လာရစဉ် ဂန့်ဂေါ်မြိုင်ဘက်ဆီမှ ဂျိုးကူသံကို ကြားမြဲကြားနေရ၏။ အေးချမ်း ဆိတ်ငြိမ်လျက်ရှိသော တောရတခွင် ပတ်ဝန်းကျင်တွင် အထီးကျန်ဖြစ်သော ဂျိုးကူသံသည်သာ ပြန့်လွင့်လျက်ရှိပါ၏။ ပြန်ထုတ်တွေမှာတော့ သတ်ပုံတွေပြင်ထားတယ်။ (၂) ရွှေပြည်တော်ရမ်းရော်မိသည်... ဘယ်ဝယ်မြောက်တောင်.. မှန်း ရွှေတိမ်တောင် နီး နီးခဲ့ပြီ.. ဆို စောင်း သိန်းဖေ။ (၃) ဤစာသားသည် မြန်မာ့ဂန္ထဝင်စာပေ၊ အထူးသဖြင့် တောင်ငူခေတ် ရတုကဗျာများတွင် တွေ့ရလေ့ရှိသော ရွှေပြည်တော်ကို လွမ်းဆွင်တမ်းတသည့်အဖွဲ့အနွဲ့ဖြစ်သည်။ အဓိပ္ပါယ် - "ရွှေပြည်တော်ကို လွမ်းဆွတ်တမ်းတမိလိုက်တာ၊ ဘယ်အရပ်မှာရှိမှန်းမသိဘဲ ရွှေတိမ်တောင်တွေကို မျှော်လင့်ရင်းနဲ့ ရွှေပြည်တော် (အိမ်ပြန်လမ်း/မျှော်မှန်းရာ) နားကို ရောက်လာခဲ့ပြီ" ဟု အဓိပ္ပါယ်ရသည်။ စကားလုံးအဓိပ္ပါယ် - ရွှေပြည်တော် - မင်းနေပြည်တော် (သို့မဟုတ်) တမ်းတရသူရှိရာအရပ်။ ရမ်းရော် - လ...