Skip to main content

Posts

Showing posts from November, 2023

မောင်ခွေးညို

အိပ်ဖန်စောင်ကြီး ခေါင်းမြီးခြုံ  လုံလုံ... လုံလုံ။ မောင်ခွေးညို အပူငုတ်လို့  ချွေးထုတ်ရပုံ။ မနေ့က အစားစုံတယ်  ချမ်းတုန်လို့ သူဖျား။ နောက်တခါ မတည့်တာ ဘယ်သူကျွေးစေတော့ ရွေးမျှမစား။ ။ (နုယဉ်၏ ထပ်တရာကလေးကဗျာများစာအုပ်မှ) (ကျိုင်းတုံပြည်သူ့စာကြည့်တိုက်) ဒေါက်တာတင့်ဆွေ

မုံ့ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲ

စာကို မှန်အောင်ရေးသဖြင့် မြန်မြန်လည်းစားရမည်။ စားလို့လည်း ကောင်းမည်။ ကွန်ဂရက်ကျူလေးရှင်း။ ဆရာဝန်က ဆေးတပြားသောက်ပါလို့ ညွှန်တာနဲ့ တူသည်။ ရောဂါမြန်မြန်ပျောက်မည်။ ဒေါက်တာတင့်ဆွေ

အသတ်

အသတ်ဆိုသည်မှာ အက္ခရာဝဏ္ဏတို့၏ ပကတိအသံကို အရှိန်သေအောင် သတ်ထားခြင်း ဖြစ်သည်။ အသတ်ဆယ်မျိုး ရှိသည်။ ထိုအသတ်တယ်မျိုးကား - က သတ် = က် - - (ကက်) င သတ် = င် - - (ကင်) စ သတ် = စ် - - (ကစ်) ည သတ် = ည် - - (မည်) တ သတ် = တ် - - (တတ်) န သတ် = န် - - (ဆန်) ပ သတ် = ပ် - - (အပ်) မ သတ် = မ် - - (ကမ်) ယ သတ် = ယ် - - (ရယ်) ဝ သတ် = ဝ် - - (သောဝ်) စသတ် မှတ်ချက် ကစ် ကို ကစ် သံ ထွက်ရသည်။ ခစ် ကို ခစ် သံ ထွက်ရသည်။ တစ် ကို တစ် သံ ထွက်ရသည်။ ထို့ကြောင့်  တစ်ခု လို့ ရေးသော် တစ်ခု သံ ထွက်ရမည်။ တစ်ကောင် လို့ ရေးသော် တစ်ကောင် သံ ထွက်ရမည်။ တစ်ခါတစ်ရံ လို့ ရေးသော် တစ်ခါတစ်ရံ သံ ထွက်ရမည်။ တစ်ခါတစ်လေ လို့ ရေးသော် တစ်ခါတစ်လေ သံ ထွက်ရမည်။ ထိုအသတ်ပါစာလုံးမှားကို အသတ်သံမထွက်ရဟု သင်ကြား၊ ရေးသား၊ ပြောဟောနေခြင်းသည် မှား၏။ ကိုးကား - ဖျာပုံမြို့ နိုင်ငံတော် တန်းမြင့်ကျောင်း၊ အထက်တန်း မြန်မာစာပြ ဆရာကြီး ဦးဘိုးငွေ ပြုစုပြီး မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းက ၁၉၅၅ ခုနှစ်က ပဌမအကြိမ် ထုတ်ဝေပါတယ်။ ဒေါက်တာတင့်ဆွေ

မဃဒေဝလင်္ကာသစ်ကျမ်းကြီး

မန်လည်ဆရာတော်ကြီးသည် မဃဒေဝလင်္ကာကို စာလုံးပေါင်းသတ်ပုံ မှန်ကန်စွာဖြင့် ရေးသား စီရင်တော်မူခဲ့ပါသည်။ ပုံပါစာအုပ်ကို ၁၉၇၆ ခုနှစ် ဇွန်လက သာသနာရေးဦးစီးဌာန၊ ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်နေ ရိုက်ထုတ်ခဲ့ပါတယ်။ ဒေါက်တာတင့်ဆွေ

World Order by Henry Kissinger ဝါးလ်အော်ဒါ

ဒီဗွီဘီဝဘ်ဆိုက်မှာ ၂၀၁၆ ခုနှစ်က ရေးခဲ့တဲ့စာ။ ကစ်ဆင်ဂျာကွယ်လွန်တဲ့သတင်းကြောင့် ထပ်မံတင်ပြပါတယ်။ မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနဲ့ သံခင်းတမန်ခင်းမှာ နာမည်အကြီးဆုံးလို့ပြောရမဲ့ (ဟင်နရီ ကစ်ဆင်ဂျာ) ဟာ ဟားဗတ်တက္ကသိုလ် ပါရဂူဘွဲ့အတွက် စာတမ်းရေးဘို့ရွေးတဲ့အခါ ၁၇ ရာစုကို ပြန်သွားနေသလားလို့ မြင်ခဲ့ကြတယ်။ ၁၆၄၈ ကဖြစ်ခဲ့တဲ့ (ဝက်စ်ဖီးလီးယား) ငြိမ်းချမ်းရေးကို အခြေခံတဲ့ နိုင်ငံတကာဖြစ်စဉ်ကို ရွေးလိုက်လို့ပါ။ ဒီစနစ်ဖြစ်စဉ်ကနေ အနှစ် ၃၀ စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့တယ်။ ဥရောပနိုင်ငံတကာအရေးမှာ ဘာသာရေးစစ်ပွဲတွေ၊ (ဟိုလီ ရိုမန် အင်ပါယာ)နဲ့ ဥရောပပါဝါမျှခြေတွေကနေ ပုံဖော်တာမဟုတ်ဘဲ၊ ဘာသာရေးအပါအဝင် မတူကွဲပြား တာတွေကို အုပ်စိုးတဲ့ အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့(တိုင်းပြည်စတိတ်) ကနေ ပုံဖော်တယ်လို့ ဆိုပါတယ်။ တပါးနိုင်ငံပြည်တွင်းရေးကို ဝင်မစွက်ရေးမူကို အခြေပြုပြီး၊ အမျိုးသားအကျိုးစီးပွား ကို တွက်တာဖြစ်ပါတယ်။ သူနဲ့သဘောမတူတဲ့ တခြားဟားဗတ်ကျောင်းသားတွေကတော့ အနုမြူဗုံးကနေ ကမာ္ဘ့အရေးမှာ အခြေခံကျကျ ပြောင်းနိုင်ခဲ့တယ်လို့ ဒုတိယကမာ္ဘစစ်နမူနာကို ထောက်ပြကြတယ်။ ဒီအယူအဆ မှာ ကျင့်ဝတ်သဘောနဲ့ ဆန့်ကျင်နေတာ တွေရှိတယ်။ ကောင်းတယ်ဆိုတာကို

မြသန်းတင့် - ခေတ်စမ်း၏ ကိုယ့်ကိုယ်ကိုဝေဖန်ရေး

ချယ်ရီ မဂ္ဂဇင်း (1993 - Dec) မှ မဂ္ဂဇင်းမာတိကာများမှတ်တမ်း  ကျေးဇူး။ ဆရာမြသန်းတင့်ရေးတဲ့ စာအစစ်တို့သည် သတ်ပုံလည်းမှန်၏။ စာအုပ်ထုတ်ဝေခွင့်အမိန့်တော် အကန့်အသတ်ကြောင့် တချို့စာအုပ်တွေ သတ်ပုံတွေ မှားကုန်ခဲ့ပါတယ်။ ဒေါက်တာတင့်ဆွေ

သီတာသောင်ခြေဖွဲ့ ပတ်ပျိုး

(ရေးသူ - တောင်သမန်စား ဦးဖေငယ်) ယမုန်န္နာ သီတာ သောင်ခြေ-ဦးမှာလလေ။  သနားဘွယ်၊ လူ့နှယ်ခေါ်သံ ထူးလို့လေး။   ။  ကြည်နူးဘွယ့် မယ့်တကိုယ်၊  ရွှေဟင်္သာ မောင်နှံငှက်ကယ်တို့၊  ကြင်ဘော်မှာ ကြင်ဘော်ဘက်ကယ်နှင့်၊  တူပျော်ပျော် ဘယ်ခါမှစက်ရပါ့၊  လည်ယှက်ကာ သူတို့လို။   ။  မ, ဖိုခေါ်သံ၊  လူ့နှယ်သူ့ဟန်။  ဘော်ကွာသူ ဆွေးစေဘ်ို့ဖန်။  သဲတဲ့ သဲငွေလျှံ၊  ဝဲတဲ့ ဝဲကာပျံ။   ။  အို - ငါးကြင်းတွေဆန်၊  ငါးတန်တွေ သောင်ရေစီးမှာလ၊  ကိုတံငါ လှေယာဉ်စီးပါလို့၊  ပိုက်ကြီးနဲ့ ရေ-ချလာ။   ။  ဒေါင်-ဒင် သံသာသာနှင်၊့  တံငါလှေလောင်းဆင်း။  အို - နဒီတွင်းမှာလ၊  နှင်းငွေ့ဆော်။  ချမ်းလို့ တုန်၊  မလုံကွေးတယ်၊  ကိုယ်ရေး ကြုံတော့နော်။   ။  တပေါင်း- တန်ခူး၊  မိုဃ်းသား-ကြူး၊  လေရူး ဆော်လှာပုံ။  နဒီ တွင်းမှာလ၊  ကို-ငါးကြင်းငယ်တို့၊  ပိုက်တွင်းမှာ သူတို့ခုန်။   ။  လွမ်းလေ ပူပုံပွားပါလို့၊  ခွန်အားက-ကုန်။  လွမ်းလေ ပူပုံပွားပါလို့၊  အားက-ကုန်။   ။  သောင်ယံမှာ၊ မောင်နှံငှက်ကယ်တို့၊  လည်ချင်းယှက်ပါလို့၊  နွှဲကာပျော်စံ၊  ဆွေးစေဘို့-ဖန်။  ကြင်ဖေါ်ကွဲသူတို့၊  ဝဲကာ ပျံတယ်၊  သည်သောင်ယံက မခွာရက်တယ်၊  ကြံခက်လို့ပန်း။   ။  သဖြန် ရစ်သန်းငယ်ကာ၊  ယမုန္နာ

"အနိစ္စ"

(သိပ္ပံမောင်ဝ) ခွေးတို့၏ လောကကြီးတွင် တနှစ်တကြိမ် အချစ်နာလန် ထသည်မှာ ဓမ္မတာပင် ဖြစ်၏။ တော်သလင်းလ ကျမှဖြင့် ခွေးအပေါင်းတို့ကို ရာဂ နတ်မင်းကြီးသည် ဖမ်းစားလေတော့ သတည်း။ အာမိတ်၊ လွေဇောနှင့် ခွေးနက်ကြီးတို့မှာ သိကြားမင်း၏ သားသမီး မဟုတ်ကြ သောကြောင့် သူတို့လည်း ရာဂ နတ်မင်းကြီး၏ ဖမ်းစားခြင်းကို ခံကြရ ရှာလေသည်။ ရာဂ နတ်မင်းကြီး၏ လက်ဦးဆုံး ဖမ်းစားခြင်း ခံရသူကား လွေဇောနှင့် ခွေးနက်ကြီး ဖြစ်ကြလေသည်။ လွေဇောနှင့် ခွေးနက်ကြီးတို့မှာ နဂိုကပင် တကောင်နှင့် တကောင် ရင်းနှီးရသည့် အထဲတွင် ရာဂ နတ်မင်းကြီးက ဖမ်းစားလိုက် ပြန်သောအခါ အထူးပင် ရူးရူးမူးမူးဖြစ်၍ သွားကြကုန်၏။ လွေဇောနှင့် ကြာသမား ခွေးနက်ကြီးတို့မှာ သွားလည်းတူတူ နေမူမကွာ လွန်စွာမှပင် ပျော်ပါးနေကြ ကုန်၏။ စားရမှန်းလည်း မသိ၊ သောက်ရမှန်းလည်း မသိ။ တကောင်ကို တကောင် ပလူးနေရ၊ နှူးနေရလျှင် ကျေနပ်ကြလေပြီ။ လွေဇောကလည်း အမူပါ။ ကြာသမား ခွေးနက်ကြီးကလည်း အနှူးကောင်း။ သူတို့နှစ်ကောင်မှာ မိုးမမြင် လေမမြင် အပျော်ကြီး ပျော်နေကြကုန်၏။ လွေဇောနှင့် ခွေးနက်ကြီးတို့၏ အဖြစ်အပျက်ကို မြင်ရလျှင် အာမိတ်မှာ မနာလို ဖြစ်မိပေ၏။ မနာလိုဖြစ်ရာမှ ရန်ထောင်လိုသော စိတ် ပေါ်ပေါက်လာ၏။ လွေဇောနှင

ဒသမ

၂၃.၄၄ မှာ ၂၃ဒဿမ ၄၄လား ၂၃ဒသမ၄၄ လား ဘယ်ဟာအမှန်လဲခင်ဗျာ ဒသ = ဆယ်ခု၊ ဒသ = မြင်ခြင်း၊ မြင်သည်၊ ဒသန = သွား ဒသမ = ဆယ်ခုမြောက်၊ ဒသမတန်း (ဆယ်တန်း) ဒဿဂီရိ (ရာမဇာတ်တော်)၊ ဒဿန = မြင်ခြင်း၊ ကြည့်ခြင်း၊ ရှုခြင်း၊ ဒဿနိကဗေဒ =ဖီလော်ဆော်ဖီ ဒဿမာသ = ဆယ်လ ဒဿာ = အဆာ ရာမဇာတ်တော်ထဲမှာ ဒဿဂီရိလို့ရေးကြတယ်။ သတ်ပုံစည်းကမ်းအရ မမှန်ပါ။  ဒသ = ဆယ်ခု၊ ဒသ = မြင်ခြင်း၊ မြင်သည်၊ ဒသမ = ဆယ်ခုမြောက်၊ ဒဿန = မြင်ခြင်း၊ ကြည့်ခြင်း၊ ရှုခြင်း၊ ဂီရိ = တောင်၊ ဒတ်စ် = ၁ဝ။ မြန်မာစကားထဲ ဝင်ရောက်နေတဲ့ ပါဠိ စကားလုံးတချို့လည်း စာလုံးပေါင်း မှား၊ အသံထွက် မှားနေတာတွေ့ရသေးတယ်။ တဆယ်ကို ပါဠိလို 'ဒသ' လို့ခေါ်ပါတယ်။ 'ဒဿ' (သကြီးနဲ့) မဟုတ်ပါ။ မယ်သီတာကိုခိုးတဲ့ ဘီလူးဟာ ခေါင်းဆယ်လုံး ရှိတဲ့အတွက် 'ဒသဂီရိ' လို့ အမည်တွင်တယ်။ 'ဒ - သ - ဂီ - ရိ' လို့အသံထွက်ရတယ်။ 'ဒဿဂီရိ' မဟုတ်ဘူး။ အသံထွက်လည်း 'ဒတ် - သ - ဂီ - ရိ' မဟုတ်ဘူး။ အလားတူ ဆယ်လီစိတ်ကြောင်း ပြညွှန်းတဲ့ အစက်ကလေးကိုလည်း 'ဒသမှတ်'။ ကာလရွေ့လျားတော့ 'ဒသမတ်' ခေါ်ကြတယ်။ အခု 'ဒသမ' ဖြစ်သွားပြီ။ မြန်မာအဘိဓာန်မှာ အဲဒီအတိုင်းပဲ ပြထားတယ်။ &#

ကရင်မျှစ်တာလပေါ့ဟင်းချက်နည်း

(ကူးယူတင်ပြခြင်းသာ ဖြစ်ပါသည်။ ကျေးဇူး။ စာရေးတာလည်း သတ်ပုံမှန်လို့ စားကောင်းမည်။ ကွန်ဂရက်ကျူလေးရှင်း။) မိုးရာသီနဲ့အလိုက်ဖက်ဆုံးဟင်း ရှယ်ဘဲ  ကရင်တိုင်းရင်းသားများရဲ့ ရိုးရာ အစားအစာ တမျိုးလဲဖြစ်ပါတယ်။ ကျွန်မတို့ ဘယ်လိုပင်ချက်တတ်နေစေကာမူ တိုင်းရင်းသားစစ်စစ်များရဲ့ လက်ရာကို မမှီ‌နိုင်ပေ(မမီနိုင်ပေ) ဟင်းရဲ့ အဓိက နေရာကို ယူထားသူကတော့ မျှစ် ပါပဲ ဒီဟင်းကို မျှစ်စိမ်းနဲ့သာ ချက်မှ ပိုပြီး စားကောင်းစေပါတယ်။ ယခု ကာလတွင်မျှစ်စိမ်းများပေါ်ကာစမို့ ရာသီစာ‌လို့ ပြောရင်လဲ မမှာပါဘူးရှင် ကျွန်မတို့ကရင်ပြည်နယ်ဘက်မှာ မျှစ်အမျိုးစားပေါင်းများစွာရှိသည့်အနက် တချို့မျှစ်များက တာလပေါ့ဟင်းချက်စားလို့မကောင်းတာတွေရှိတတ်ပါတယ် ဝါးဂုတ်မျှစ် ကျခပ်မျှစ် ဝါးဖြူမျှစ် နှီးဝါးမျှစ် ဝါးယားမျှစ် ဝါးပိုးမျှစ် ထီးဝါးမျှစ် စသည်ဖြင့် အမှတ်အသားလေးတွေနဲ့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ နှီးဝါးမျှစ်နဲ့ ဝါးဂုတ်မျှစ်က အချိုဓာတ်ပိုပြီး တာလပေါ့ချက်စားလို့အလွန်ကောင်းလှပါတယ်။ တအိုးစာချက်မည်ဆိုပါက မျှစ် ၅ချောင်းခန့်အသုံးပြုနိုင်ပါတယ် မျှစ်ကို မချက်မှီ(မီ) ခပ်ပါးပါးလှီးထားပြီး ရေ ၂ နာရီခန့်စိမ်ထားပါ ရေစိမ်ပြီးသားမျှစ်ကို တရေ ပြုတ်ပြီးသွန်ပေးပါ မျှစ်စ

ဘန်းစကား

ပို့စ်တခု = အရမ်း  ကွန်မင့်တခု = တခုတရာအစားတစ်ခုတစ်ရာလို့သုံးနေကြတာကို အပြင်းအထန်ကာလကြာစွာကန့်ကွက်နေတဲ့ဆရာကြီးက သိပ်ကောင်း အလွန်ကောင်းအများကြီးကောင်း အင်မတန်ကောင်းစတဲ့ မြန်မာစကားတွေကို ကျော်လွန်ပြီး အရမ်းကာရော ရမ်းရမ်းကားကား အရမ်းအရမးကို ကောင်းတာပါပဲရှင်ဆိုတဲ့ အကယ်ဒမီခင်သန်းနူနဲ့ ကျော်ဟိန်းရဲ့ဩဇာကိုမလွန်ဆန်နိုင်ဘူးထင်ပါရဲ့ ထင်မြင်ချက်ကို လူကြီးမင်းသဘောကျ ပေးနိုင်ပါတယ်။ ခေတ်စကားတွေ ဘန်းစရားတွေဆိုတာ ဟိုအရင်ကတည်းက ရှိတယ်။ တချို့စကားလုံးသစ်တွေက ကျန်ရင်ပြီး တချို့ခတ်စကာတွေက နေ့မြင်ညပျောက်။ လှသမိန်ရဲ့ ဘန်းစကားစာအုပ်ကို မကြာခဏ ကိုးကားတင်ပြပါတယ်။ ဘန်းစကားဟူသည် https://burmese-spelling.blogspot.com/2022/08/blog-post_957.html ဒေါက်တာတင့်ဆွေ

နိုး နှိုး

နိုးဆော်ချက်လား နှိုးဆော်ချက်လား ဆရာ သတိပေးနှိုးဆော်ချက် အသိပေးနှိုးဆော်ချက် နှိုး နိုးနိုးကြားကြား မြန်မာစကားပုံ - ဆင်အိပ်ရာ ဆိတ်နှိုး (မှားနေသည်။ ဆိတ်နိုး ဖြစ်ရမည်။) မင်းနှိုးလို့သာ နိုးလာတာ ငါ့မှာ အိပ်မက်ကောင်းနေတုန်း။ လာဘ်နှိုးဂါထာ အိပ်ရာနှိုးတရား မနက် ၆ နာရီမှာ ငါ့ကို နှိုးပါ စက်နှိုးပြီးတာနဲ့ ကားချက်ချင်းမောင်းသင့်လား စားပွဲတင်နှိုးစက်နာရီ လူထု၏ဒေါသကို နှိုးဆွလိုက်သည့် ထောင်တွင်းကွပ်မျက်မှု  နိုး မနက်နိုး ဒေါက်တာနိုးရုပ်ရှင် နိုး မလိုချင်ဘူး စိတ်ကြည်လင်စွာ နိုးထလာသည် နောက်တနေ့၌ အရုဏ်တက်လောက်တွင် အိပ်ရာမှ နိုး၏။ လွန်ခဲ့သော အရုဏ်တက် အိပ်ရာမှ နိုးစဉ်က ချိုသာသော ကြက်တွန်သံကို ကြားခဲ့၏။ လေးနက်သော ကလတက်သံကို ကြားခဲ့၏။ (အနောက်သို့ - မင်းသု၀ဏ်) “ကိုကို- ကိုကို” ဟု ခေါ်ကာ ခင်သန်းမြင့်က လှုပ်၍ နှိုး၏။  (တုပ်ကွေး - သိပ္ပံမောင်ဝ) ဒေါက်တာတင့်ဆွေ

ဖယောင်းတိုင်

ဆရာရဲ့ ၂၀၂၀ က ပို့စ်တခုမှာ ဖရောင်းတိုင်လို့ သုံးထားပြီး ၂၀၁၉ တုန်းက ပို့စ့်မှာ ဖယောင်းတိုင်လို့ သုံးထားတာတွေ့ရပါတယ်။ ရှင်းပြပေးလို့ရမလားရှင့်။ ကျွန်တော်လည်း မှားတတ်တယ်။ အခု ဖရောင်းစာလုံးလိုက်ရှာတာ မတွေ့သေးပါ။ ဖယောင်းချက် ဖယောင်းဝါး ပျားဖယောင်း ဖြားယောင်း ခြောက်သယောင်း သစ်သယောင်း ဝါးသယောင်း ယောင်းယင်ငှက် ဖယောင်းတိုင် ဖ - ဖယောင်းတိုင်၊ ကြာပန်းခိုင်။ (၁) - ဖ - ဖဦးထုပ် ဖဦးထုပ် လူလေးဆောင်းတဲ့ ဖဦးထုပ် ဦးထုပ်ကလေး ဆောင်းလို့ထိုင် တခါတုန်းက ဖယောင်းတိုင် ဖယောင်းတိုင် ဘယ်မှာလင်း ဟော… သည်မှာလင်း။ (တင်မိုး) (၂) သြဘာစာ မိန်းမ မီးနေ ခက်ခဲလေကြောင်း၊ အဆိုဟောင်း ခေတ်ပြောင်း အန်တု။ အသက်နှစ်ခု၊ ချမ်းသာမှုကို ချွေးဥနဖူး၊ စိန်စီလူး၏ ပန်းခူးလိမ္မာ၊ ပညာကြီးမား လှုပ်ရှားနုညက်၊ ဖော့လက် ဖယောင်း ညွတ်ပျောင်း သွယ်နွဲ့။ မရွံ မရှာ အပြာ အနီ၊ လက်သည်ဝမ်းဆွဲ နွံထဲ ဗွက်တဲ၊ ရွာလေးထဲမှ တဲလေး မိုးယို၊ မိုးစိုမမှု ချမ်းမှု ပူမှု၊ ဂရုမထား။ အူဝဲဂီတ၊ သံချိုမြနှင့် လောကထဲမှာ၊ ကလေးလာပြီ ကဗျာ တပုဒ် ပြီးသတည်း။   ။ ကိုလေး (အင်းဝဂုဏ်ရည်) ကဗျာတပုဒ်ကို ကဗျာတပုဒ်လို့ရေးမှသာ သားသမီးရတနာ ချောမောစွာ မွေးဖွားပါသည်။ တစ်မနေရပါ။ ဒေါက်တာတင့်ဆွေ

အရမ်း

၁။ ဆရာ မြန်မာစကားမှာ အရမ်း ဆိုတဲ့ စကားလုံး / စကား ရှိပါသလား။ သမီးလည်း သေချာမသိပါ။ တစ်ခါ(တခါ)ကတော့ ဖတ်ဖူးတဲ့စာအုပ်ထဲမှာ အရမ်း ဆိုတဲ့စကားမရှိပါတဲ့။ ထမင်းအရမ်းစားတာပဲလို့ ပြောမည့်အစား ထမင်းသိပ်စားတာပဲ ထမင်းတွေ အင်မတန်စားတာပဲ ထမင်းတွေအလွန်စားတာပဲလို့ ပြောမှ မှန်မယ်လို့ ပြောပါတယ်။ ဟုတ်ပါသလား။ ၂။ ဆရာ အရမ်း ရဲ့အဓိပ္ပါယ်က မြန်မာစာမှာ ရမ်းကားတာကလွဲပြီး တခြားရှိသေးလားခင်ဗျာ။ လက်ရှိလူတွေပြောနေတာ အထူးသဖြင့် Presenter တွေ၊ စင်ပေါ်တက်ပြောနေတာ၊ နားကြားပြင်းကပ်ရပါတယ်။ အရမ်း၊ ပေါ့နော်၊ ဒါ၊ ဟုတ်ကဲ့ပါ၊ ဒီအလုံးကြီးလေးလုံး ပတ်လည်ရိုက် အပ်ကြောင်းထပ်တတ်ရင် Presenter ဖြစ်နေပြီဆရာ။ ကျွန်တော်တော့ အရမ်း ကို ကောင်းတဲ့အသုံးအနှုန်းအဖြစ် ခံစားလို့မရဘူးဆရာ။ ဆရာ့အမြင်လေးသိပါရစေ။ အရမ်းက ဘန်းစကားဖြစ်လို့ မူရင်းဆိုလိုချက်နဲ့တော့ မညီပါ။ များတာ၊ ကဲတာကိုပြောလိုတာ ဖြစ်ပါမယ်။ ဘန်းစကားတွေက ပြောင်းတယ်။ တချို့စာလုံးတွေသာ ကြာကြာခံတယ်။ တချို့ ကျန်ရစ်တယ်။ တချို့ကတော့ ခဏနဲ့ပျောက်တယ်။ အရန်းလို့ရေးရင်တော့ ဆိုလိုချက် ပျက်တယ်။ မွင်းဂါး၊ မွန်ငါး၊ ပြောကျိတွေ မသုံးသလောက်နည်းလာပြီ။ ကျယ်မ ဖြစ်လာတယ်။ တချို့ဘန်းစကား ခေါ်ခေတ်သုံးတွေက ရိုင်းစိုင

Kissinger ကစ်စင်ဂျာ အသက် ၁၀၀ မှာကွယ်လွန်ပြီ

America has no permanent friends or enemies, only interests အမေရိကမှာ ထာဝရမိတ်ဆွေဆိုတာ မရှိ၊ ထာဝရရန်သူလည်းမရှိ၊ အကျိုးစီပွါးသာရှိတယ်လို့ Henry Kissinger ဟင်နရီကစ်ဆင်ဂျာကပြောခဲ့တယ်။ ကျွန်တော့အမြင် - မြန်မာပြည်သူပြည်သားတွေအတွက်ကတော့ စစ်တပ်ကိုအသုံးချပြီး အာဏာသိမ်းယူသူတွေဟာ ထာဝရရန်သူနဲ့ တူနေပြီ။ ၁၉၆၂ ကစတွက်ရင် ၂၀၂၃ ခုနှစ်မှာ ၆၂ နှစ်ကြာ သက်သေရှိထားပြီ။ ဒေါက်တာတင့်ဆွေ

အ နုံ

၁။ ဆရာရှင့် အလည်းအ၊ နလည်းနမှာ နလည်းနရဲ့အဓိပ္ပါယ်ကဘာပါလဲဆရာ အ = ဖျင်းသည်။ နုံသည်။ အလွန်နလွန်းလှ၏။  ထုံ၊ ထိုင်း၊ နုံ၊ အ။  ၂။ ဆရာ အနုံ အအ နဲ့ အဏုံအအ နှစ်ခုစလုံး မှန်ပါသလားခင်ဗျာ။ ပါဠိမှာက အဏုံ = ငယ်စွာသော လို့ ဖတ်ဖူးလို့ပါ။ စာတပုဒ်ထဲမှာ နုန်အ တယ်လို့ သုံးထားတာ လဲ တွေ့ဖူးပါတယ်။ အမေးအမြန်းထူမိသည်ကို ခွင့်လွှတ်ပါဆရာ။ တခါတရံမှာ စာအုပ်တွေထဲရှာရင်တွေ့နိုင်မှာ သိတဲ့ကြားက အပျင်းထူပြီး ဆရာ့ကိုဘဲ လွယ်လွယ် အပူကပ်မိတာပါခင်ဗျာ။ နုံချာ နုံအ ဏုံ မရှိပါ။ နုန်လည်း မရှိပါ။ ဆာလံကျမ်း - တခါတရံ နုံအစွာဖြင့် ခေါင်းမာတတ်ကြသည်။ ဘုရားသခင်ထံ သင့်နုံအခြင်းကို နာခံခြင်း  ဒေါက်တာတင့်ဆွေ

မိုးပုလဲ

မိုး မိုး၊ သဲ သဲ၊ မိုး မိုး၊ သဲ သဲ။ ဖလတက်လေးတွေ ညံမစဲ။ မိုးဖွဲတပြိုက် ရွာတဲ့ခါ ပျိုးနုတ်ကောက်စိုက် လာခဲ့ပါ။ ဧရာမြစ်ဘေး တက်ရေပြေး ပျိုးတင်လှေလေး ယက်ဖွေးဖွေး။ ကောက်စိုက်မလေး တေးသံသာ တန်းစီစိုက်ကြ တနေ့တာ။ တို့လယ်ယာ မြတခဲ မိုးပေါက်ဖွဲဖွဲ မိုးပုလဲ။   ။ (နုယဉ်) ပို့ပေးသူ ကျေးဇူး။ ဒေါက်တာတင့်ဆွေ

အလယ်တန်း မြန်မာသဒ္ဒါ

(ဦးဖေမောင်တင် စီရင်ရေးသားသည်) ပဌမနှိပ်ခြင်း ၁၉၅၅ ခု၊ မေလ။ ဒသမနှိပ်ခြင်း ၁၉၆၃ ခု၊ ဒီဇင်ဘာလ။ ကြိယာဝိသေသနပုဒ်စု ကြောင့် မိုးကြောင့် စပါးပျက်၏။ မိုးကြီးသောကြောင့် စပါးပျက်၏။ သဖြင့် မိုးကြီးသဖြင့် စပါးပျက်၏။ သည်နှင့် မိုးကြီးသည်နှင့် စပါးပျက်၏။ ၍ ကျွန်တော်သည် ဆင်းရဲသားဖြစ်၍ တဲစုတ်၌ နေပါသည်။ ရကား ကျောင်းသားသည် အဖြေကို မသိရကား ဆရာ့အား မေး၏။ ပြီးသော် ကျွန်တော်သည် ထမင်းစားပြီးသော် ကစားသည်။ သောအခါ ကျောင်းပိတ်သောအခါ ကျွန်တော်တို့သည် ရွာသို့ ပြန်ကြမည်။ ရာ ကျွန်တော်သည် ကျောင်းသို့သွားရာ ဆရာနှင့်တွေ့သည်။ စဉ် ကျွန်တော် စာဖတ်နေစဉ် မောင်မောင်ရောက်လာသည်။ သည်အခိုက် မိုးရွာသည်အခိုက် ကျွန်တော်ထွက်လာသည်။ တိုင်း သူလာတိုင်း ကျွန်တော်မရှိ။ သည်အတွင်း ကျွန်တော်စာဖတ်နေသည်အတွင်း မောင်မောင်ရောက်လာသည်။ မ-မီ မ-ခင် ဆရာ မလာမီ ကျွန်တော်ပြန်ခဲ့သည်။ ဆရာမလာခင် ကျွန်တော်ပြန်ခဲ့သည်။ မ-မခြင်း ဆရာ မလာမခြင်း ကျွန်တော်မသွားဘူး။ ကျွန်တော်သည် ဤအိမ်သို့ ရောက်ကတည်းက မအိပ်နိုင်ပါ။ ၍ မောင်ဘသည် ကျောင်းသို့သွား၍ စာဖတ်သည်။ လျှင်-ခြင်း မိုးရွာလျှင်ရွာခြင်း ကွန်တော်ပြန်လာသည်။ သည်အတိုင်း ဆရာမှာလိုက်သည့်အတိုင်း ပြောပါ။ သည့်နည်းတူ ဆရာလုပ်သည့်

ဝိဘတ်တချို့

မော်လမြိုင်အသင်းက အသင်းသူအသင်းသားများကို အလှူအစုစုအတွက် ကျေးဇူးအထူးတင်ရှိပါသည်ဆိုရင် က  အသုံးနဲ့ ကို သုံးထားတာမှန်ပါလားဆရာ မမှားလောက်ပါ။ ဒါပေမဲ့ ပြုလုပ်သူက ဘယ်သူလဲ။ ဒီဝါကျအတိုင်းဆိုရင်တော့ အသင်းကနေ သူ့သင်းဝင်တွေကို ကျေးဇူးတင်သလိုဖြစ်တယ်။ ဟုတ်ပါတယ်။ အသင်းက ကျေးဇူတင်တာပါ။ ဝိဘတ်တွေကို သတိထားသုံးရပါမယ်။ ၁။ ကတ္တားဝိဘတ် = ပြုသူ၊ ဖြစ်သူ၊ ရှိသူ၊ သို့မဟုတ် ပြုတတ်၊ ဖြစ်တတ်၊ ရှိတတ်သော အရာကို ပြသည့် ဝိဘတ်ကို ကတ္တားဝိဘတ် ဟု ခေါ်သည်။ က မှာ သည်  သဘာပတိကြီးက မိန့်ခွန်း ပြောသည်။  ဆရာမြမှာ ပင်စင်စားတဦး ဖြစ်သည်။  မောင်ဘသည် စာကြည့်ခန်းထဲ၌ ရှိသည်။ ၂။ ကံဝိဘတ် = ပြုလုပ်ခြင်းခံရသောသူ၊ ပြုလုပ်ခြင်းခံရသောအရာကို ပြသည့် ဝိဘတ်ကို ကံဝိဘတ်။  ကို ဆရာက မောင်လှကို ချီးမွမ်းသည်။  အပေါ် သူ သူ့မိန်းမအပေါ် ကောင်းရှာသားဘဲ။ သို့ ထန်းတပင်ကျေးရွာသို့ လျှပ်စစ်မီးပေးပြီ။ အား - သို့ ဘုရားသို့ သွားရောက်ဖူးမျှော်ကြသည်။ (သွားတာကို အထူးပြု) ဘုရားအား သွားရောက်ဖူးမျှော်ကြသည်။ (ဖူးတာကို အထူးပြု) ဒေါက်တာတင့်ဆွေ

Buddhism For World Peace And Humanity အေးငြိမ်းမှုနှင့် လူသားဝါဒအတွက် ဗုဒ္ဓဘာသာ

အလွန်မွှေးပျံ့လှတဲ့ ကြာပန်းဟာ အမှိုက်သရိုက်တွေ စွန့်ပစ်ထားကြတဲ့ လမ်းမဘေးက ရေရှိရာမှာ ပွင့်သကဲ့သို့ အမှိုက်သရိုက်တွေနဲ့ အလားတူတဲ့သတ္တဝါတွေထဲကနေ ဗုဒ္ဓရဲ့သားတော်ရဟန်းမျိုး ပေါ်ပေါက်လာနိုင်တယ်။  ရဟန်းတော်ဟာ သူ့ရဲ့ပညာဉာဏ်အလင်းနဲ့ အကန်းနဲ့တူတဲ့ လောကသုံးပါးကို ထွန်းလင်းစေနိုင်တယ်။ ဒေါက်တာတင့်ဆွေ

တည် တယ်

ထမင်းအိုးတည်လား ထမင်းအိုးတယ်လား ဆရာ တည် ဆိုတာ တည်ဆောက်တယ် ပြင်ဆင်တယ်ဆိုတဲ့ အဓိပ္ပါယ်လား တည် ထမင်းအိုးတည် တည် (ကြက်...) တည် (ဆင်တမျိုး) တည်ကိန်း တည်ကြက် တည်ကြည် တည်ကျွေး တည်ခင်းကျွေးမွေး တည်ငြိမ် တည်တံ့ တည်တည်ပပ တည်ထောင် တည်ထွန်း တည်ပင် တည်ပုဒ် တည်ရှိ တယ် ကယ်တော်ပါလား ခါတယ် ချိုးတယ် ချိုတယ်လူးနွား တင့်တယ်သည် တင့်တယ်လျောက်ပတ် တယ်တိန်ညင် တယ်ကြက် တယ်လီဖုန်း တယ်ကောင်းပါလား ထမင်းအိုးတယ် ပန်းပဲမောင်တင့်တယ် တ​လိမ်​နှစ်​လိမ်သီချင်းမှာ တယ် ၂၆ လုံးပါတယ်။ ဒေါက်တာတင့်ဆွေ

တယ်

ဆရာ မြန်မာစာမှာ ဝါကျအဆုံးကို တယ် နဲ့ မဆုံးပါဘူး။ တယ် ဆိုတာ စကားမှာပဲသုံးတာ။ စာမှာ တယ် နဲ့မသုံးဘူး လို့ လိုင်းပေါ်မှာ အငြင်းအခုန်ဖြစ်နေတာတွေ့ရလို့ ဗဟုသုတရအောင် ပြန်ဖြေပေးစေလိုပါတယ်။ အစဉ်အလာစာရေးသားနည်းအရ ဝါကျအဆုံးမှာ သည်၊ ၏ နဲ့ အဆုံးသတ်တာများတယ်။ တကား၊ သတည်း၊ လတ္တံ့၊ ပါကြောင်း၊ ပါစေ၊ ပါသည်၊ ပေသည်၊ မည်၊ လေပြီစတာတွေလည်း အဆုံးမှာရေးကြတယ်။ ဟိုအရင်က စာကို စာရေးသလိုသာ ရေးခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ စကားပြောသလိုစာရေးနည်း ဖြစ်လာတယ်။ ဖြစ်စမှာ ဆွေးနွေးငြင်းခုန်ခဲ့ကြတယ်။ အဲဒီကာလကို မီလိုက်တယ်။ စိတ်ဝင်စားစရာကောင်းတယ်။ နောက်တော့ စကားပြောသလို စာရေးနည်းကို တွင်ကျယ်လာတယ်။ စကားပြောသလိုစာရေးနည်းမှာ ပိုကောင်းလာတွေရှိသလို သတ်ပုံပျက်လာတာတွေလည်းရှိတယ်။ ကြာလာတော့ အများလက်ခံတဲ့ စကားစာလုံးတွေပါ သတ်ပုံကျမ်းတချို့မှာ ထည့်သွင်းလာတယ်။ တယ် စာလုံးက တခုဖြစ်ပါတယ်။ အများကြီးရှိတယ်။ မနေ့ကတင်လိုက်တဲ့ ရယ် နဲ့ ရီ။ တယ်လို့ရေးတာကို အများလက်ခံလာရာကနေ ဒယ် လို့ရေးတာတွေ့လာတယ်။ မှားတယ်။ တရ် လို့လည်း တွေ့လာတယ်။ မှားတယ်။ တယ် ကယ်တော်ပါလား ခါတယ် ချိုးတယ် ချိုတယ်လူးနွား တင့်တယ်သည် တင့်တယ်လျောက်ပတ် တယ်တိန်ညင် တယ်ကြက် တယ်လီဖုန်း တယ်ကောင်းပါ

မြန်မာသင်ပုန်းကြီး

၅ တန်းကနေ ၁၀ တန်းအထိ အတူကျောင်းဘက်တယောက်က မေးပါတယ်။ သူငယ်ချင်း တို့ငယ်ငယ်ကသင်ရတဲ့ က ကန်စွန်းပင်ရေမှာရွှင် ပါတဲ့ သင်ပုန်းကြီးစာအုပ်နာမည်က ဘယ်လို ခေါ်သလဲ ဘယ်နှစ်လောက်ကစပြဋ္ဌာန်းခဲ့တာလဲ။ မြန်မာသင်ပုန်းကြီး (၁၉၅၀ ခုနှစ်ခန့်) က-ကန်စွန်းပင်၊ ရေမှာရွှင်။ ခ-ခရမ်းသီး၊ ဓားနှင့်လှီး။ ဂ-ဂဏန်းကောင်၊ လက်မထောင်။ င-ငါးပုဏ္ဏား၊ ဟင်းချက်စား။ စ-စပယ်ဖြူ၊ မွှေးကြူကြူ။ ဆ-ဆရာကြီး၊ ခေါင်းလောင်းတီး။ ဇ-ဇလားမှာ၊ ဆန်ထည့်ပါ။ ည-ညနေခင်း၊ လေညင်းညင်း။ တ-တရောသံ၊ တညံညံ။ ထ-ထရံထက်၊ အိမ်မြှောင်တက်။ ဒ-ဒရယ်ဖို၊ ချိုတိုတို။ ဓ-ဓနိငုတ်၊ ဓားနှင့်ခုတ်။ န-နဖားမှာ၊ ကြိုးလျှိုပါ။ ပ-ပလူတွင်း၊ ပုရွက်ဆင်း။ ဖ-ဖယောင်းတိုင်၊ ကြာပန်းခိုင်။ ဗ-ဗလုံထိုး၊ တို့ချောင်းရိုး။ ဘ - ဘယက်မှာ၊ ဒေါင်းရုပ်ပါ။ မ-မရန်းသီး၊ ဆားနဲ့မြည်း။ ယ-ယမနေ၊ သစ်ကောင်းပေ။ ရ-ရထားလှည်း၊ မြင်းနွားဆွဲ။ လ-လနတ္တော်၊ မုံ့ဆန်းလှော်။ ဝ-ဝရီးက၊ ဦးကြီးပ။ သ-သပိတ်လွယ်၊ ငှက်ကျားငယ်။ ဟ-ဟတတ၊ တံခါးဝ။ အမှာ လူ အအ (ဆရာ မင်းသုဝဏ်) မှတ်ချက် -  ကူးတင်ကြတာတွေမှာ အမှားတွေပါနေတယ်။  စပယ် သေးသေးတင်မပါရ။  တရော သည် တယော မဟုတ်။  နှင့် သည် နဲ့ မဟုတ်။  မရန်း သည် မရမ်း မဟုတ်။  မုံ့ သည် မုန့် မဟုတ်။ ဆရာမင်း

ကဗျာ့စွယ်စုံကျမ်းကြီး

ဓမ္မာစရိယ ဦးထွန်းရွှေ ရေး နန္ဒမာလိနီ ခေါ် ကဗျာ့စွယ်စုံကျမ်းကြီး (၁၉၆၃) စာမျက်နှာ ၅၂ ပုံစံ ၁ ၁။ ကျမ်းကဗျာ့ နန္ဒာ လမ်းက ပြန်လာ ဖမ်းဟ မြန်စွာ ဤပုံစံသည် တပိုဒ်နှင့်တပိုဒ် ကာရန်သာစပ်၍ အဓိပ္ပါယ်မစပ် ကာရန်မျိုး ဖြစ်သည်။ ၂။ ကျမ်းကဗျာ့ နန္ဒာ ဆန်းသမျှ ကြံကာ ဝမ်းပထမ ထံတျာ ဤပုံစံသည် တပိုဒ်နှင့်တပိုဒ် ကာရန်လည်းစပ် အဓိပ္ပါယ်လည်းစပ်သော ကာရန်မျိုး ဖြစ်သည်။ ၃။ ကျမ်းကဗျာ့ နန္ဒာ ရေးလို့ စီစဉ် ကောင်းလှ လုံးစုံ ဤပုံစံသည် တပိုဒ်နှင့်တပိုဒ် အဓိပ္ပါယ်သာစပ်၍ ကာရန်မစပ်သော ပုံစံမျိုးဖြစ်သည်။ ဖြည့်စွက်ချက် - ၄။ ကျမ်းကဗျာ့ နန္ဒာ ဖက်ပီး ဖစ် ဘာဒွေလည်း ကျယ်မ မသိ ဤကာရန်မဲ့ပုံစံသည် စာလုံးပေါင်းသတ်ပုံမဲ့ မော်ဒန်လွန် ခေတ်မာရသွန် ထိပ်ဆုံးကပန်းဝင်သည့် ကဗျာမျိုး ဖြစ်၏။ ဒေါက်တာတင့်ဆွေ

သမ္ဗုဒ္ဓေ

သမ္ဘုဒ္ဓေ(သမ္ဗုန္ဓေ) ဂါ‌ထာတော်ကြီးမှာ အစွမ်းထက်လွန်းလို့ ဖျောက်ထားတဲ့ ပါဠိတစ်လုံး(တစ်လုံး) သိချင်လို့ပါဆရာ မသိပါ။ ဆောရီး။ ဆို တင်တင်မြ သမ္ဗုဒ္ဓေ https://www.facebook.com/watch/?v=1445400979022234 ဒေါက်တာတင့်ဆွေ

အာကာသ သျှတ္တရပျို့

ကြာသာပတေး၊  ရန်ဝေးသောက်ြာ၊     ဂြိုဟ်နှစ်ဖြာတို့ တိမ်ဖြာလှစ်ထွင်း၊    လကို နှင်းသော် မင်းနှင့် မိဖုရား၊        နှစ်ပါးစုရုံး နှလုံးချည်ဘူး၊          မရွှင်မြူးလိမ့် ဗုဒ္ဓဟူးကျော်တိုး၊      ချင်းနင်းညှိုးမူ သည်ရိုးကံမြောက်၊   တိမ်းစောင်းပေါက်ကြွေ စနေကြယ်လွန်၊        ချင်္သေ့ဟန်ကြောင့် ပစ္စန္တရွာ၊                   စစ်ကြီးလာအံ့ ပြိတ္တာရာသီ၊             ဂြိုဟ်သောရီသည် ကပ်မှီခရီး၊               လကိုစီးအံ့ စစ်ကြီးပေါ်ရာ၊          အင်္ဂါ စနေ နှစ်ထွေခေါ်ထ၊           နတ်ဒေဝတို့ ဗျဂ္ဃစရိယာ၊               သီဟဇာသွား အစွမ်းအားဖြင့်၊         တခြား မာဃ ပုဏ္ဏပသျှု၊                ခေါ်မှု အသာလိတ် ဖိတ်ဖိတ်ရဲနီ၊      ရေဝတီ စိမ်းမြ၊          ဟဿထတို့ လကို ချင်းနင်း၊          တိုက်ကြလျှင်းအံ့ စိုးမင်းမှူးမတ်၊            စဲပြတ်ခန္ဓာ ပြောင်းကြွကွာချိမ့်၊     အင်္ဂါဂြိုဟ်သည် ရောင်ခြည်တောက်ပ၊  ဝိသာခါ့ထက် တကွချင်းဖြတ်၊          ဖောက်ထွင်းလတ်သော် ငတ်မွတ်ခေါင်းပါး၊     ရေစာရှားအံ့ ပတ္တမြားရောင်နု၊        ဂုရုဂြဟာ ဂြိုဟ်ဆရာသည်၊       လျင်စွာသွားလေ စနေ တသွယ်၊            အင်္ဂါကြယ်တို့ အကယ် မယုတ်၊        နောက်သို့ဆု

မစိုးရိမ်ဆရာတော်ဘုရားကြီး

(အန္တိမဈာပနပွဲတွင် ရေးဖွဲ့ ပူဇော်သည့်စာ) မန်းဂီရိန်  သောင်းကေတုဆီက၊ (မင်းဂီရိန်-မူကွဲ) သြောင်း  ဟေတု ဟေတူ၊ ဒေါင်းရွှေဥ  နေတဆူငယ်၊ ဇေယျတူ  သံရင့်။ ကျောင်းဆောင်မြင့်  ဝေဇယန်ဝယ်၊ နေရဗာန်  လမ်းဖြောင့်ကိုဖွင့်။   ။ ပစ္စည်းနှင့်  ပစ္စယုပ္ပန်၊ နှစ်-ရုပ်နာမ်  ဒွန်ပွင့်၊ ဖြစ်ချုပ်ဟန်  ညွှန်သဖြင့်သာပ၊ ခုနစ်ဆင့်  ဗောဇ္ဈင်။ စက်ဘုန်းရောင်  သာရွှင်မြူးသော်ကြောင့်၊ ကြာခင်ဘူး  ပွင့်မည့်ပြင်ဆင်။   ။ မစိုးရိမ့်  ဘုန်းတောက်သခင်ကို၊ ဆုံးနောက်တွင်  ပူဇော်သဘင့်တွင်မှ၊ သူတော်စင့်  နည်းလောက်စံမှီ၊ ချီးလျှောက်ပြန်ချီ… ။ ကျေးဇူးမြတ်  ဂုဏ်စိုင်မဟီငယ်၊ ကုန်နိုင်မည်  ထင်ဘူးဘုရာ့လေး။   ။ (မင်းကွန်းဆရာတော်ဘုရားကြီး) ရှေးစာကဗျာများ ဒေါက်တာတင့်ဆွေ

မြစ်ဆိပ်

(ဒီနေ့ ဆရာမောင်အောင်ပွင့် ကွယ်လွန်တာ (၅) နှစ်ပြည့်) နွားတွေက သူ့ခြေရာပေါ် နင်း သူက နွားခွာရာပေါ် နင်းနဲ့ အဲဒီနေ့ခင်းက ဖုန်တထောင်းထောင်းထဲ  မြစ်ဆိပ်ကို ဆင်းသွားလိုက်ကြတာ လူက ဦးဆောင်တာလား နွားတွေက ဦးဆောင်တာလား။ နှင်တံကို ထောက်မှီလို့ နောက်ရို့ ရပ်ကျန်တဲ့ ကမ်းပေါ်က သူ့ရုပ်ပုံ မှုန်ဝါးရာက လင်းလာတော့ အိုမင်းပုံ မြန်ဆန်လိုက်တာ။ ခဏနေတော့ သူလည်း နွားတွေလို ရေဆင်းသောက်တော့တာပါပဲ။   ။ (မောင်အောင်ပွင့်) ခုခေတ် တစ်ထောင်းထောင်း တဲ့။ Sunday Coffee - အငွေ့တစ်ထောင်းထောင်းနဲ့ ကော်ဖီခွက်လေး San Nan Daw - အ‌ငွေ့ တစ်‌‌ထောင်း‌ထောင်းနဲ့ Beë with MAY - Woww!! အငွေ့တစ်ထောင်းထောင်းနဲ့ ကြက်ခြေထောက်မာလာ ဘောလုံးကို လှပစွာကစားရင်း အငွေ့တစ်ထောင်းထောင်းနဲ့ တောက်လောင်နေတဲ့စစ်မီးကို ငြိမ်းသတ်ပြခဲ့တဲ့သူ ဒေါက်တာတင့်ဆွေ

Good Vs Bad ဆေးအလှူ နှင့် ကင်ဆာ

ပို့စ် = ယိုင်နဲ့ အိုဟောင်း  ကွန်မင့်တခု = မြန်မာပြည်မှာ တန်ဘိုးရှိသောပြကွက်များမရှိကြတော့ဘူးလားဗျာ မီးမောင်းထိုးပြတယ်ဆိုတာ အမှောင်မှာမတော်တာလုပ်နေတာထက် အမှောင်မှာ အမှန်တရားများ လုပ်နေတာကိုပြတာ ပိုမကောင်းဘူးလား တိုင်းပြည်မှာ ကောင်းတာတွေကိုသာ ဖတ်လိုရင် ကြေးမုံကိုဖတ်ပါ။ မြင်လိုရင် မြန်မာ့ရုပ်မြင်သံကြားကို ကြည့်ပါ။ အရင်ကတော့ လုပ်သားပြည်သူ့နေ့စဉ်မှာ ဆိုရှယ်လစ် ၅ နှစ်စီမံကိန်းတွေ နေ့တိုင်အောင်မြင်နေကြာင်း ဖတ်ခဲ့ရတယ်။ ၁၉၈၇ ကျတော့ LDC ဖြစ်ပါသတဲ့။ စာတပုဒ်ထဲမှာ ရှိရှိသမျှ အကောင်းရော အဆိုးပါ ထည့်မရနိုင်။ ကျွန်တော်က သတင်းဌာနကလည်း မဟုတ်။ တရက်တည်းမှာ ဆေးအလှူပို့စ်လည်း တင်တယ်။ စတုဒိသာပို့စ်လည်း တင်တယ်။ ပံသုကူစာလည်း တင်ပါတယ်။ ကင်ဆာမေးခွန်းလည်း ဖြေရတယ်။ ဒေါက်တာတင့်ဆွေ

ငြီး ညီး

မင်္ဂလာပါ ရှင့် နားညီး /နားငြီး ဘယ်စာလုံးကအမှန်ပါလဲဆရာရှင့်။ ငြီး (ကြိ) = ငြီးငွေ့သည်။ ငြီးငွေ့ (ကြိ) = နှစ်သက်ခြင်း လျော့နည်းသွားသည်။ မနှစ်သက်တော့ကြောင်းပြလိုတဲ့အခါ ငြီးကို သုံးရမှာ ဖြစ်ပါတယ်။ ပြည်သူတို့ကောင်းကျိုးကို တခုမျှပင်မလုပ်ဘဲ မိဘပြည်သူများခင်ဗျာဟုပြောတတ်သော အစိုးရကို ကျွန်ုပ်ရင်ထဲအသည်းထဲကပင် ငြီးငွေ့နေပြီ။ ညီး (ကြိ) = အလွန်တောက်ပသည်။ ကျွန်ုပ်တို့နိုင်ငံသားများ ယခုကဲ့သို့ဆင်းရဲနေရခြင်းအကြောင်းရင်းတရပ်မှာ ပညာမတတ်သောကြောင့် ဖြစ်၏။ နောင်တွင် ထိုသို့မဖြစ်စေရန် ပညာဆီမီး ထိန်ထိန်ညီးအောင် ထွန်းညှိရပေလိမ့်မည်။ ညည်း (ကြိ) =  ၁။ ကိုယ်စိတ် ဆင်းရဲပင်ပန်းကြောင်း ထုတ်ဖော်မြည်တမ်းသည်။  ၂။ ဝေဒနာခံစားရမှုကြောင့် မြည်တမ်းသည်။  ၃။ သီချင်းတိုးတိုးဆိုသည်။  ၄။ ခိုငှက် စသည် အော်မြည်သည်။ ညည်း (နစ) = ရွယ်တူ မိန်းမချင်းဖြစ်စေ၊ မိမိအောက်ငယ်သော မိန်းမကိုဖြစ်စေ ခေါ်ဝေါ်သောစကား။ “ညည်းကို ငါပြောစရာရှိတယ်။” ဟု မယ်မြက မယ်လှကို တိုးတိုးပြော၏။” ညည်းတို့  ညည်းချင်း ညည်းညူ ညည်းတွား နားညည်း ဒေါက်တာတင့်ဆွေ

ပရမတ္ထသံခိပ်ကျမ်း (လယ်တီဆရာတော်)

စာမျက်နှာ ၃၀ (၁၈၉) လျှပ်တပြက်တွင်၊ စိတ္တက္ခဏေ၊ အပေါင်းရေ၊ ကုဋေတသိန်းဟူ။ (၁၉၀) ဆဲ့ခုနစ်ချက်၊ ထိုစိတ်သက်၊ ရုပ်သက်တခုယူ။ (၁၉၂) ဒွာရမုတ်မျိုး၊ တဆဲ့ကိုး၊ ခေါ်ရိုးဝီထိမုတ်။ (၁၉၅) အဟိ မဟန်၊ တချက်လွန်၊ မဟန် နှစ် သုံးလေး။ (၁၉၇) တဆယ် အာဒိ၊ ဆဲ့ငါးထိ၊ လွန်-တိပရိတ္တာ။ (၁၉၈) တဒါ နှစ်ဇော၊ ဝုဋ္ဌော မောဃ၊ လေးဝါရ၊ ယှဉ်ကြစဉ်တိုင်းသာ။ ဒေါက်တာတင့်ဆွေ

ဦးဖိုးလတ် - မြန်မာစကားအဖွင့်ကျမ်း (ပထမတွဲ၊ ဒုတိယတွဲ နှင့် ဖြည်စွက်တွဲ)

မြန်မာသတ်ပုံမှာ မှားတတ်တာတွေကို ရှင်းပြထားတဲ့ ၁၉၆၂ ထုတ် ဦးဖိုးလတ်-မြန်မာစကားအဖွင့်ကျမ်းကို စာဖတ်သူတိုင်း အခမဲ့ အောက်ပါ link မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါပြီ။      https://fliphtml5.com/bookcase/kfunn/ နိဒါန်း “မြန်မာအဘိဓာန်ဋီကာ” ဟု လည်း ခေါ် ဆို အပ် သော၊ ဤ “မြန်မာ စကားအဖွင့်ကျမ်း” တွင် မြန်မာဘာသာ၌ တိမ်မြုပ်ငုပ်လျှိုးနေသော စကား များ၊ အရေး၊ အနက်၊ အသုံးတို့၌ တိမ်းယိမ်းချွတ်ချော်နေသော စကားများ၊ အရေးအနက်အသုံးတို့နှင့် စပ်လျဉ်း၍ ဝိဝါဒရှိသောစကားများ၊ အကြောင်း တခုခုကြောင့် စိတ်ပါဝင်စားဖွယ် ကောင်းသော စ ကား များ အား၊ နည်း အမျိုးမျိုးဖြင့် ကျွန်ုပ်တို့ နှိုက်ချွတ်တူးဖေါ်ရှာဖွေ၊ အလင်းသို့ ဆောင်ကြဉ်းခဲ့ သည်တို့ကို တလုံးတဝတည်း စုပေါင်း၍ ရိုက်နှိပ်တင်ပြထားပါသည်။ စကားများကို သုတေသနပြုရာ၌ လိုအပ်သော လက်နက်ကရိယာများမှာ သတ်ပုံကျမ်းများ၊ ပေါရာဏ ကထာကျမ်းများ၊ ဝေါဟာရ အဖွင့်ကျမ်းများ၊ ကဗျာ ကျမ်းများ၊ ရှေး ကျောက် စာ, မင်စာ, စည့်ကွင်းစာများ၊ မြန်မာ ဘာသာနှင့်ဆက်သွယ်ခြင်းရှိသော ဘာသာကျမ်းများ၊ စသည်တို့ ဖြစ်ပါသည်။ ယင်းလက်နက်ကရိယာတို့မှာ ယခုအခါ မည်သည့်အမျိုးအစား၌မျှ၊ကျေနပ် လောက်အောင် ကောင်းမွန်ပြည့်စုံပြီဟုဆိုဖွယ်မ ရှ

မကောင်းသူကယ် ကောင်းသူပယ်

ပို့စ် = Stethoscope နားကြပ် ကွန်မင့်တခု = ပြန်ရင်ဖြစ်ပါတယ် ပြန်ချင်စိတ်သာရှိဖို့လိုပါတယ် မြန်မာအတွက်စာပေနဲ့ကျေးဇူးဆပ်နေတာကိုတော့ ဝမ်းသာမိပါတယ် မြန်မာမြေကိုသာပြန်လာရင် မြန်မာပြည်သူများအတွက် အများကြီးလုပ်နိုင်မှာပါ မြန်မာမြေအတွက်ကျေးဇူးပြန်ဆပ်ဖို့ အခွင့်အရေးရပါစေ လူကြီးမင်း မသိတာတွေရှိတယ်။ ၂၀၁၈ ခုနှစ်ကပြန်နိုင်တာဟာ ကိုယ့်ပါတီကလူတွေက အစိုးရထဲမှာ။ အဲဒါတောင် အက်စ်ဘီက နောက်နေ တကောက်ကောက်။ အခုအခြေအနေက အလွန်ဆိုးနေပြီ။ ကျွန်တော့မှာ ရန်သူ ၂ မျိုးရှိနေပြီ။ နိုင်ငံရေးရန်သူတွေသာမက မြန်မာစာရန်သူပါ တိုးလာတယ်။ တချို့က အကောင့်အတုတွေနဲ့ ဆဲကြတယ်။ အကောင့်အစစ်နဲ့ ရန်မူသူတွေက ဘာသာရေးခုတုံးလုပ်နေသူတွေ။ ကနေ့ခေတ် မြန်မာစာအာဏာပိုင်တွေက ကျွန်တော့ကို ကြည့်မရကြပါ။ သူတို့နောက်မြီးဆွဲတွေကလည်း များတယ်။ အခုနေမှာ ပြန်ရင် မင်္ဂလာဒုံမှာ ဇာတ်သိမ်းမယ်။ မြန်မာစာလည်း ဒုတိယ ဦးကိုနီဖြစ်တော့မယ်။ စိတ်ရှိပေမဲ့ လက်မပါနိုင်တာတွေ လူတိုင်းမှာ ရှိတယ်။ မကောင်းသူကယ် ကောင်းသူပယ် // မြသန်းတင့် (ဘာသာပြန်) ဒေါက်တာတင့်ဆွေ

Mango tree သာမညဖလ

ရာဇဂြိုဟ်မြို့အနားက ဆရာဇီဝကလှူဒါန်းထားတဲ့ သရက်ဥယျာဉ်မှာ မြတ်စွာဘုရားဟာ အဇာတသတ်မင်းကို သာမညဖလ သုတ္တန်ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။ - ၄ လ တကြိမ် ဗပာိုသွေးဘဏ်ကိုလှူပါတယ်။ ကုသိုလ်ယူခြင်းတမျိုး အများအကျိုး ဆောင်ရွက်ခြင်းလို့ ခံယူထားလို့ ပိတိဖြစ်ရပါတယ်။ လှူဒါန်းနိုင်အောင် ကျန်းမာလို့လည်း ဘုရားကိုကျေးဇူးတင်သလို ဝမ်းသာတယ်။ ကြုံတုန်း ဆရာ့ကိုဝင်ကြွားတာ။ (သူက ကျွန်တော့် တပည့်သူနာပြုဆရာမ ခရစ်ယန်ဘာသာဝင် ဖြစ်ပါတယ်။) ဆရာ မြို့သာမှာ တိုက်နယ်ဆရာဝန်လုပ်ခဲ့တုံးကပေါ့။ ကိုယ်ခွဲပေးမယ့်လူနာကို ကိုယ့်သွေးဖေါက်လှူ သွင်းပေးရင်းနဲ့ ခွဲပေးခဲ့တာ အနည်းဆုံး ၃-၄ ယောက်ရှိမယ်။ - ဒီလိုကြားရတော့ လေးစားအားကျရပါတယ်ဆရာရေ။ ဇီဝကထက်မလျော့တဲ့ ကုသိုလ်ကံအကျိုးပေးကို မလွဲမသွေခံယူရဦးမှာပါပဲလို့ ယုံကြည်ပါတယ်။ ကနေ့နေ့လယ်စာစားနေရင်း တွေးနေတာတခုနဲ့ (ကွန်မင့်) နဲ့က တိုက်ဆိုင်နေတယ်။ တနေ့ကလည်း ဆုကြီးပန်လို့ ရေးတာလည်းဖတ်ရတယ်။ ကျွန်တော်က တတ်နိုင်တာတွေကို တတ်နိုင်သလောက်လုပ်ပါတယ်။ အခမဲ့ဆေးကုပေးတာ၊ မေးတာကိုဖြေတာ စသဖြင့်။ များပြားကြီးမားလှတယ်မဟုတ်ပါ။ ဆုကြီးပန်ဆိုတာမျိုး တခါမှစိတ်ကူးထဲမရှိပါ။ ဇီဝကလိုတော့ဖြစ်ချင်မိတယ်။ ဘုရားကိုဆေးကုပေးနိုင်

Correctness ကောင်းတယ်ဆိုတာ

သူငယ်ချင်းတယောက် ကုသိုလ်ရေးတွေ အတော်လုပ်နေသတဲ့။ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ဇရပ်တွေမှာ သူကလူကြီးထင်ရဲ့။ ဆေးကျောင်းတုန်းကတော့ အတူတူစာအံဘက်။  အဲလိုဘဲ ဆယ်စုနှစ်တွေ အများကြီးကြာလာတော့ တယောက်တမျိုး တွေ့ရလေ့ရှိတယ်။ ညီတော်မောင် ဆရာဝန်ပင်စင်စားကလည်း ဘုရားပုံတွေ နေ့တိုင်းပို့တယ်။ ညီအကိုလိုခင်တဲ့ လန်ဒန်နေ ဆရာဝန်ကလည်း ဘုရားပုံတွေပို့တယ်။ ဆရာဝန်တချို့က အပတ်စဉ်ဆွမ်းလောင်းကြတယ်။ ကျွန်တော့ကိုလည်း ပြောကြလိမ့်မယ်။ နိုင်ငံရေးထဲရောက်သွားခဲ့တာကိုတော့ ၂၀၁၈ မှာ ပြန်တွေ့တော့ ပြောကြတယ်။ ဆေးပညာစာတွေရေးနေတာကိုတော့ ပြောစရာလည်းမလို။ မြန်မာစာ ရေးနေတာကိုတော့ မေးမနေတော့ဘဲ အားပေးကြတယ်။  နိုင်ငံရေးထဲက အမတ်ဟောင်းတယောက်စ နှစ်ယောက်စကတော့ သတ်ပုံစာရေးတာကို သဘောမပေါက်ပါ။ ကုသိုလ်ရေးတွေ လုပ်နေတဲ့သူငယ်ချင်းကို ဘွဲ့ထူးဂုဏ်ထူးပေးနိုင်သူဆိုရင် ပေးချင်တယ်။ ခေတ်ကလည်း သောတာပန်အောင်လက်မှတ် ပေးကြတဲ့ခေတ်။ ဆေးရောင်စုံဒီဇိုင်းနဲ့ ဘုရားက ပိုပြီးတန်ခိုးကြီးတယ်လို့ ထင်ကြတဲ့ခေတ်။ လော်စပီကာ အသံကျယ်တော့ ကုသိုလ်ပိုရတယ် ထင်သူတွေကလည်းမနည်း။ တစ်ရားတော်လို့ ရေးတဲ့နောက်မှာ ဖေါ်လိုဝါသာဝက များလှတဲ့ခေတ်။ တ ရေးရေး၊ တစ် ရေးရေး ပညတ်လို့ ဆိုဆုံးမ

"ခွင့်ပန်ကဗျာ"

(သည်တဝါ သည်တနှစ် မလာဖြစ်လို့ ခွင့်ပန်စာ။) တို့ချစ်တဲ့ တို့အမေ မာစေသာစေဖို့ ဆုတောင်း။ အမေ အသက်ရှည်လေလေ ပြည်သူ့အကျိုး ပြုလေလေမို့ အမေလို ပုဂ္ဂိုလ်မျိုး သွားမကျိုး ဆံမဖြူ ကိုယ်ထူကိုယ်ထ ကလောင်မချ စောင်မ ပါကြောင်း။ မလာရပေမယ့် ဂါရ၀ ပြုလျက်ပါ။ အမေ့ကို ပူဇော်ဖို့ တောင်ပေါ်မှာ ပန်းခူးသွားနေလို့ စကားနဲ့မှာ။ အရပ်ရပ် အရွာရွာ ပူဇာစ အမေ့ပွဲ။ တောင်သမန် ကလောင်သံ တညံညံနဲ့ မပြန်နိုင် တနေ့လုံး တွေ့တုန်းမှာ ဆိုစကားတွေနဲ့ အားရနိုင်ဘဲ။ သည်တဝါ သည်တနှစ် မလာဖြစ်လို့ ခွင့်ပန်စာ။ နောင်နှစ်ခါ အမေ့ကိုဖူးဖို့ ပန်းခူးခဲ့မှာ။ မန်းမြေမှာ ပန်းတွေကြဲလို့ ပူဇော်ပွဲ ကြီးကျယ်စွာ အားရဖွယ် ပန်းမြိုင်လယ်မှာ ပန်းခိုင်အသွယ်သွယ် သီကာကုံးလို့ တနေ့လုံး တညစခန်း မထတမ်း မ၀တမ်း ကဗျာ့ပန်း နန်းဆန်ဆန် မန်းသံ လွမ်းရန် တေးတွေနဲ့ ပျော်ဦးမယ်လေး။ ။ (အမေ လူထုဒေါ်အမာရဲ့ မွေးနေ့ ၂၉၊ ၁၁၊ ၉၉ အကြို) အမေ့သား တင်မိုး ၁၊ နို၀င်ဘာ ၁၉၉၉ တနင်္လာနေ့ နံနက်ခင်း (Khin Maung Lay ကျေးဇူး။)  ဒေါက်တာတင့်ဆွေ

ပံသုကူသင်္ကန်း

(ကျွန်တော်ရေးတာ မဟုတ်ပါ။ ကူးယူတင်ပြခြင်းသာ ဖြစ်ပါသည်။ ကျေးဇူး။ ပုဒ်ထီး၊ ပုဒ်မနဲ့ စာလုံးခြားရေးခြင်းကိုသာ ပြင်ထားပါသည်။) ပံသုကူပစ်ပွဲသည်လည်း တန်ဆောင်မုန်းလ၏ ပွဲတပွဲဖြစ်သည်။ ပွဲတပွဲဟုဆိုရသော်လည်း အခြားပွဲများကဲ့သို့ လူစုလူဝေးများဖြင့် ထင်ထင်ရှားရှား ကျင်းပပြုလုပ်သော ပွဲမျိုးမဟုတ် လူအများကွယ်ရာတွင်ဖြစ်စေ ညမှောင်ချိန်တွင်ဖြစ်စေ သင်္ကန်းစသည့် သံဃာ့ အသုံးအဆောင် ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြသော ပွဲမျိုးတည်း။ အခမ်းအနားဖြင့်ကျင်းပသော ပွဲမျိုးမဟုတ်စေကာမူ ရှေးအခါက ပံသုကူပစ်၍ လှူဒါန်းသူအလွန်များသဖြင့် အများပြုလုပ်သည်ကိုစွဲ၍ ပံသုကူပစ်ပွဲဟု ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။  ပံသုကူပစ်ပွဲသည် ဗုဒ္ဓဘာသာ၏ ကျင့်စဥ်ဓမ္မများဖြစ်သော ဓုတင် -၁၃ပါးတွင် တပါးအပါအဝင်ဖြစ်သည့် ပံသုကူဓုတင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ပွဲဖြစ်သည်။ ပံသုကူဓုတင်အကျင့်ဆိုသည်မှာ ဒကာ ဒကာမများက တိုက်ရိုက်လှူဒါန်းသည့် သင်္ကန်းကိုပယ်၍ အမှိုက်ပုံစသည်၌ လူတို့စွန်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်းပြီး ချုပ်စပ်ထားသည့် သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်သည်။  ပံသုကူ၏ မူလအမည်မှာ ပံသုကူလဟူသော ပါဠိပုဒ်ဖြစ်၏။ ယင်းပါဠိမှ ပံသုကူဟု၄င်း ပံ့သကူဟု၄င်