Skip to main content

Posts

Showing posts from September, 2023

Guard ဂတ်

ဆရာ ကျနော်တို့ငယ်ငယ်က ရဲစခန်းကို ဂတ်တဲ လို့ခေါ်တာကြားဖူးတယ်။ အဲဒီ ဂတ်တဲ ဆိုတဲ့စကားဟာ ဘယ်ကလာပါသလဲ ဆရာ သိပါရစေ။ Guard ဟုတ်ကဲ့ပါ ဆရာ။ သတ်ပုံစာအုပ်မှာတော့ ဂါတ်လို့ရေးတယ်။ ဒါပေမဲ့ အသံထွက်ကိုသာယူလို့ ဂတ်လည်း မမှားပါ။ အစာင့်ကိုလည်း ဂတ်။ မီးရထား ဂတ်ဗိုလ်။ ဂတ်တဲ အတူတူသာဖြစ်ပါတယ်။ Dr. တင့်ဆွေ

Comments ကွန်မင့်များ

ကောင်းတယ်၊ ဆိုးတယ်၊ ကြိုက်လိုက်တာ၊ ဆိုးလိုက်တာ၊ သိပ်မှန်တာဘဲ၊ အမှားကြီး စသဖြင့် ပေးကြတယ်။  တချို့က မြင်းထိန်းငတာ။ တချို့က ဂိုဏ်းဝင်တွေ။ ကွန်မင့်များတာတွေကို စိစစ်လို့ သိလာတာဖြစ်ပါတယ်။  ဆေးခြောက်ပညာပေးစာအောက်မှာ လူတရာကျော်က ဆဲရေးကြတယ်။ တင်ထားတဲ့စာကို ဖတ်ကြတာ မဟုတ်ဘဲ ဆေးခြောက်ဂိုဏ်းဝင်တယောက်က ဆဲတာတွေ့လို့ လိုက်ဆဲကြတာ။ တနေ့ကတင်တဲ့ ကွန်မင့်များတဲ့ အခန်းအနား (အခမ်းအနား) သတ်ပုံစာကလည်း ခပ်ဆင်ဆင်။ တင်ထားတဲ့စာကို ဖတ်ပုံမရ။ အရင်ရေးတဲ့ကွန်မင့်အရ နောက်ကနေသံယောင်လိုက်ကြတယ်။ ရိုင်းရိုင်းစိုင်းစိုင်း။ တချိန်မှာ ကောင်းလိုက်ထာဆိုခဲ့သူတွေက နောက်မှာ ဝိုင်းဆဲကြတယ်။ ဆဲတဲ့သူတွေက သူတို့ဆဲနေတဲ့ အချက်အလက်က ဟုတ် မဟုတ် မစောကြောကြတာများတယ်။ နမူနာအမည်တွေ မထည့်တော့ပါ။ ဖတ်သူများတိုင်း၊ လိုက်ခ် များတိုင်း၊ ဖေါ်လိုဝါများတိုင်း အစစ်အမှန် ဟုတ်ချင်မှ ဟုတ်မယ်။ ကျွန်တော်လည်း ဖေါ်လိုဝါ ၁၂၂ ကေ ရှိသူ။ Blog ကတော့ ရိုးရှင်းတယ်။ အချိန်မရလို့ ကွန်မင့်တော့ ပိတ်ထားတယ်။ စာလာဖတ်တဲ့အကြိမ်ရေ (လူဦးရေ မဟုတ်လောက်) က အတိအကျရှိတယ်။ တင်ထားတာကို ဖတ်ချင်လို့သာ လိုက်ရှာပြီး ဖတ်ကြတာ။ ၁။ တို့စာ တို့စကား တို့တိုင်းပြည်မှာ အခုစာရေးနေချိန်အထိ စာဖတ်တ

ယောက် နှင့် ရောက်

ပို့စ်တင်ထားသူ ဝန်ထမ်း အယောက် ၂၀ ရောက်ကြပြီလား။ ၁။ ဆရာ မင်္ဂလာပါ ကျွန်တော့အသက် ၄၀ နှစ်ပါ ညအိပ်ပျော်နေရင်း အာခေါင်ခြောက်လို့ပါဆရာ ဘယ်ဘက်လည်ပင်းနဲ့ ဘယ်ဘက်ချိုင်းနားတလျောက်နာကြင်မူ့လည်း ဖြစ်ပေါ်နေပါတယ်ဆရာ ရိုသေစွာဖြင့် မေးလိုက်ပါတယ်ခင်ဗျာ သား ၁ရောက် အိမ်ထောင်သယ်ပါဆရာ။ နာကျင်မှုလို့ရေးရတယ်။ တယောက်လို့ရေးရတယ်။ မှုမှာ (့) မလိုအပ်ပါ။ ၂။ ကလေးတရောက်၏ အစားအစာ။ တယောက်လို့ ရေးရ။ ဥပမာ ဆေးရုံသို့ လူနာတယောက် ရောက်လာသည်။ ယောက် ခွက်ယောက်ပန်းကန် ဂယောက်ဂယက် တညင်းလုံးယောက် တယောက် နှစ်ယောက် ပုဆိုးကိုလည်မှာ ယောက်သည် ယောကျ်ား ယောက္ခမ ယောက်ခမ ယောက်ချို ယောက်စောက်မြို့ ယောက်ဖ ယောက်ဖခွေးခေါ်ငှက် ယောက်မ (ဆွေမျိုးဆက်) ယောက်ယက်ခပ်သည် ယောက်ယက်ဆန်သည် ယောက်ယား = ယောက်ျား ယောက်ယီးယောက်ယက် ယောက်ရိုးတံ ယောက်လည်တံ ယောက်လုံး ယောက်သွား ရက်ဖေါက်ယောက် သယောက် = လင်စောင် လင်ငယ် သေယောက်မြို့ ဟင်းမွှေယောက်မ ရောက် ကြားရောက် ခရီးရောက်မဆိုက် ဆိုက်ရောက်သည် ရောက်ချင်သည် ရောက်စိမ့်ရည်၍ ရောက်ဘူးသည် ရောက်ရှိသည် ရောက်ရာပေါက်ရာ ရောက်ရာဘဝ ရောက်အောင်သွား လာရောက် သွားရောက် အရောက်အပေါက် အဝေးရောက် ဒေါက်တာတင့်ဆွေ

ကျပ်တရာတန်ငွေစက္ကူနှင့် ကျပ်ငါးဆယ်တန် ငွေစက္ကူများလို့ ရေးရတယ်

တိုင်းပြည်ပျက်တယ်ဆိုတာ မိခင်ဘာသာစကား အရေးအသားကစ ပျက်တာ။ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့ ၁၉၆၄ ခုနှစ်၊ ကျပ်တရာတန်ငွေစက္ကူနှင့် ကျပ်ငါးဆယ်တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့်ဥပဒေ။ [၁၉၆၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၇။] ၁၃၂၆ ခုနှစ်၊ နယုန်လဆန်း ၇ ရက်။ (၁၉၆၄ ခုနှစ်၊ မေလ ၁၇ ရက်။) အောက်ဖေါ်ပြပါဥပဒေ ကိုထုတ်ပြန်ကျေညာသည်။ နိဒါန်း တော်လှန်ရေးကောင်စီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်၍ ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံးရှိလုပ်သားပြည်သူ အပေါင်းတို့၏ ဘဝကိုမြှင့်တင် ရန်အတွက် လိုအပ်သည့် လုပ်ငန်းအသီးသီးကို ဆောင်ရွက်လျက်ရှိသည်။ ဤလုပ်ငန်းများသည် လုပ်သားပြည်သူတို့ကို အကျိုးပြုသော်လည်း ခေါင်းပုံဖြတ်သမား၊ အမြတ်ကြီးစားတို့ကို အကျိုးမပြုသဖြင့်၊ ၎င်းတို့၏ ဆန့်ကျင်မှုကို နေ့စဉ်နှင့်အမျှ ခံရလျက်ရှိသည်။ နိုင်ငံခြားနှင့် တိုင်းရင်းသား အရင်းရှင်ကြီးများက ပြည်ထောင်စုမြန်မာနိုင်ငံ ၏စီးပွါးရေးကို မချုတ်ချယ် နိုင်စေရန် ရည်ရွယ်၍ ဘဏ်လုပ်ငန်းကို ပြည်သူပိုင်ပြုလုပ်ခဲ့ စဉ်ကတိုင်းရင်းသား နှင့်နိုင်ငံခြားသား ငွေရှင်ကြေးရှင်အမြောက်အမြားသည် ဘဏ်များတွင်၎င်း

Umorok Red ဆင်ဖြူတော်ရောဂါများ

ရွှေလံဘိုငရုတ်ကို တချို့အရပ်မှာ ဆင်အော်လို့ ခေါ်သတဲ့။ ခေတ်အရတော့ ဆင်ဖြူတော်ခေါ်မှ လူရာ (စစ်ရာ) ဝင်သတဲ့။ ဆင်ဖြူတော် ဘွဲ့ရတွေက တိုးတိုးလာတယ်။ အရင်က ဘာမှန်းမသိရင် ဓာတ်တဲ့။ ကြီးရင် ဆင်တဲ့။ ဆန်းရင် ဘင်္ဂလားတဲ့။ ဘင်္ဂလားသရက်။ ပြည်ပလာလာရင် သင်္ဘောတဲ့။ သင်္ဘောဆီးဖြူ။ အင်္ဂလိပ်နဲ့ ပြင်သစ်ကို မျက်နှာဖြူတဲ့။ ပေါ်တူကီနဲ့ အီတလီကို ကုလားဖြူတဲ့။ စစ်အစိုးရ ဒုတိယမျိုးဆက်တက်တော့ အရင်အသုံးတွေက ခေတ်နောက်ကျသွားပြီ။  • တိုင်းကို (တိုင်းဒေသကြီး) တဲ့။  • အကြီးဆုံးကို (ချုပ်မှူးကြီး) တဲ့။  ပိုပြီးခေတ်မီအောင် ဆင်ဖြူတော်လို့ ပြောင်းသုံးရပါမယ်။ ဆင်ဖြူတော်ရောဂါများ • Shingles ဆင်ဖြူတော်ရေယုံ။ • Acne vulgaris ဆင်ဖြူတော်ဝက်ခြံ။ • Chikungunya ခြင်ကတဆင့်ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါတမျိုး၊ ဆင်ဖြူတော် တုပ်ကွေး။ • မပြောကောင်း မဆိုကောင်း နောက်ထပ် ကိုဗစ်မျိုးဆက်သစ်လာရင် ဆင်ဖြူတော်ကိုဗစ်။ • အဆိုးဆုံးကင်ဆာကို ကင်ဆာဘုရင်တဲ့ အမည်ပေးမကောင်းပါ။ ဆင်ဖြူတော်ကင်ဆာ။ • ခေတ်အမီဆုံးကတော့ ဆင်ဖြူတော်ပိုက်ဆံတဲ့။ • ဆင်ဖြူတော်အန် ငှက်ပျောသီး။ • ထပ်တိုးက ဆင်ဖြူတော်အော် ငရုတ်သီး။ Umorok ရွှေလံဘို ငရုတ်သီး ၁။ ကျမတို့မွန်ပြည်နယ်မှာကငရုပ်ရှက်သီးခေါ

Face Mask မေ့ထားကြသူများ

တော်သလင်းလပြည့် အိမ်က ဘုရားစင် မြင်သူတွေက ပြောချင်ကြမှာလည်း သိပါသည်။ သစ်သီးတွေ အခွံမခွါလို့၊ ခွဲစိတ်ခြင်းမပြုလို့၊ ငှက်ပျောသီးလည်း ခွါရမယ်တဲ့။ အိမ်မှာ ကြွက် ခြင် ယင် မရှိပါ။ အဲဒါတွေကြောင့် မဟုတ်။ ဇွန်းခက်ရင်း၊ လက်ဆေးရေ၊ လက်သုတ်ပုဝါ၊ တစ်ရှူးနဲ့ ဆင်နတိုက်ဇာတွေလည်း လိုသေးသတဲ့။ ဘုရားစင်လို့ ရေးတာကိုလည်း ကျောင်းတော်မဟုတ်လို့။ ကိုဗစ်ကာလမှာ ဆင်းတုတော်တွေကို မတ်စ် ကပ်လှူခဲ့ခြင်း မရှိပါ။ ဘုရားဆင်းတုတွေရဲ့ ရွှေကလည်း ၂၄ ကရက် မရှိပါ။ မတတ်နိုင်ပါ။ ကန်တော့။ ကျောင်းနေဘက်တယောက်က ကွန်မင့်ရေးတယ်။ (စ) ငါ့သူငယ်ချင်းကတော့လေ အတော်ကပ်သီးကပ်သပ်စဉ်းစားပါ့။ ဟုတ်တော့လည်းဟုတ်သား ကိုဗစ်ကာလ၊ ဘယ်သူမှမြတ်စွာဘုရား ဆင်းတုတော် မတ်စ် မကပ်ကြပါ။ (ဆုံး) COVID-19 vaccine and booster dose! ကာကွယ်ဆေးနဲ့ ဘူစတာဒို့စ်လည်း မေးထားကြတယ်မဟုတ်လား သူငယ်ချင်း။ ယူအက်စ်အေမှာလည်း လစ်ဘာတီအရုပ်ကို နှာခေါင်းစည်းတပ်ပေးဘို့ မေ့ကြသတဲ့။ နေပြည်တော်က အရုပ်ကြီးတွေတော့ ဝေးနေလို့ မသိရ။ The Statue of Liberty wearing a maskThe statue of liberty wearing a mask during coronavirus, Covid-19 outbreak in New York, USA. Photography and digital art by... more

Chukrasia tabularis ရင်းမာပန်းပွင့်တဲ့ တော်သလင်းလ

၁။ တော်သလင်းနေ ပုဇွန်သေတဲ့ ၂။ တော်သလင်းနေ ပုစွန်သေတဲ့ ပုစွန် (ဦးသာမြတ်သတ်ပုံကျမ်း) ပုစွန် (မြန်မာစာအဖွဲ့ မြန်မာအဘိဓာန်) ပုစွန် (ကဝိဓဇသတ်ပုံကျမ်း) ပုဇွန် (ဂုဏ်ထူးဦးသိန်းနိုင်)  ဗုဇွန်တုပ် (ကဝိလက္ခဏ သတ်ညွှန်း) ၃။ တော်သလင်းမိုးကတော့ကန်သင်းကျိုးနေပြီဆရာ တော်သလင်းတိမ်ညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမစဲ။ တော်သလင်းနေ ပုစွန်သေ။ တော်သလင်းမိုး ကန်သင်းကျိုး။ တော်သလင်းမြစ်တွင်း သင်ဖြူးခင်း။ တော်သလင်းလ လှေပြိုင်ပွဲတော်။ ရာသီပန်း ယင်းမာပန်း။ တော်သလင်းလမှာ နေအလွန်ပူပြင်းတယ်။ မြစ်တွေမှာ ရေလျှံနေတယ်။ မိုးတိမ်တွေဖုုံးနေလို့ ထင်းမီးနဲ့ ချက်ပြုတ်ရသူတွေ မီးဖိုအတွက် ခက်ခဲကြရှာတယ်။ စာဆိုရှင်လူဦးမင်းက ရေယဉ်စမ်းငယ်နှင့်၊ သောင်ကမ်းငယ်ပြည့်လျှံ၊ မြစ်လုံးငယ်ညံသည်၊ လှော်တက်သံ မြိုင်မြိုင်နှင့် လှေပြိုင်ကျင်းတဲ့လကိုလေးလို့ စပ်ဆိုခဲ့တယ်။ တော်သလင်းလရဲ့ ဆယ်နှစ်ရာသီ ပွဲတော်ဟာ လှေပြိုင်ပွဲဖြစ်တယ်။ (နဝတ) လက်ထက်မှာ ဝါဒဖြန့်လှေပြိုင်ပွဲတွေ လုပ်ခဲ့သေးတယ်။ ကင်းဝန်မင်းကြီးဦးကောင်းက ပန်းရွှေရင်းမာ၊ လှိုင်စွာပျံ့သင်း တော်သလင်းလို့ စပ်ဆိုခဲ့တယ်။ ရင်းမာပန်းတွေပွင့်တယ်။ ရင်းမာပန်းက အလွန်မွှေးတယ်။ လေယူရာပါလာရင် တတောလုံးအနှံ့ မွှေးကြိုင်ပ

ပင်လယ်ခရုဘွဲ့

၁။ ဆရာခင်ဗျ တွေ့ဖူး တွေ့ဘူး ဘယ်ဟာ အမှန်ပါလဲခငိဗျ ဆရာကြီးလုပ်သူများကိုယ်တိုင်က ဗူးဘုရားကို မရောက်ဘူးသူ။ ဗူးသီးကြော်လည်း မစားဘူးသူ။ ၂။ ဗူးသီးကြော် မစား'ဖူး'သူလို့ဖြစ်ရမှာပါဆရာ ၃။ မရောက်ဘူးသေးသော ကလော - မရောက် (ဖူး) ဖြစ်မလား လို့ဆရာ။ မရောက်ဘူးသေး မရောက်ဖူးသေးဘူး မသွားချင်သေးဘူး။ ဘူးလို့ ရေးမိတိုင်း ကွန်မင့်တွေ လာပါတယ်။ ဆောရီး။ ကျွန်တော်တို့ကျောင်းသားဘဝက စာရေးတာမှာ အခုခေတ်လို တသွေးတသံတမိန့် ရှားတယ်။မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) ဘူး = တားမြစ်ငြင်းပယ်ကြောင်းပြ ကြိယာနှင့် တွဲ၍သုံးသော စကားလုံး။ (မရှိဘူး၊ မသွားဘူး၊ မလာဘူး စသည်။) ဘူးကွယ် ဘူးခံ ဘူးမှုတ် (ဗူးမှုတ် ရှု) ဘူးလုံးနားမထွင်း (ဗူးလုံးနာမထွင်း၊ ဗူးလုန်းနားမထွင်း ရှု) နဘူးနွယ်ပင် ကြားဘူးနားဝ (အငြင်း မဟုတ်) ဘုရားဖူးဘူးသည် (အငြင်း မဟုတ်) ဘူးကွယ်သည် ဘူးခံ (နောက်သတ်ပုံ) ဘူးပင် (နောက်သတ်ပုံ)၊ ဗူးပင် (ယခင်သတ်ပုံ) ဘူးလုံးနားမထွင်း (နောက်သတ်ပုံ) ဘူးလည်သီးခတ်ချည် (နောက်သတ်ပုံ) ဘူးသပိတ်ပင် (နောက်သတ်ပုံ) မကြားဘူး မဖြစ်ဖူးဘူး (နောက်သတ်ပုံ) မမြင်ဘူး မလိုက်ဘူး (နောက်သတ်ပုံ) မရောက်ဘူး ဆေးဘူး (နောက်သတ်ပုံ)၊  ဆေးဗူး (ယခင်သတ်ပုံ) ထောင်ဘူးဝ (နောက်

ဖ ဖရုံပေါ တို့ယာတော

ဖရဲပတ်ပျိုး ဖရဲတတန်း သဲတလမ်း သာဆန်းရဂုံဘွေ။ (Ko Nyo Aung) မိတ်ဆွေတယောက်က ငေးကြည့်လောက်အောင်လှတဲ့ ဖရဲခင်းပုံနဲ့ တင်ထားတယ်။ အခုပုံ မဟုတ်ပါ။ ဒီမှာက တကယ်ရှိ။ ဟိုတနှစ်က အခင်းတွေကို သွားကြည့်တယ်။ ဖရုံခင်း။ ခူးချင် ဆွတ်ချင်တာ တနိုင်ခူး။ အထွက်မှာ ပိုက်ဆံ စတိလောက်စာ ပေးရတယ်။ လမ်းကြုံရင်  ၅ လုံးလောက် သယ်ခဲ့မယ်။ ကျွန်တော်က ဖရုံညွန့်ကို ဗူးညွန့်ထက် ပိုကြိုက်တယ်။ ဖရုံပွင့်ဆို သိပ်ကြိုက်တယ်။ အရေစပ်စပ်၊ ငရုတ်စပ်စပ်၊ ဆီပါလေကာ၊ ငပိကောင်းကောင်းလေးနဲ့။ အပွင့်လေးတွေနဲ့ အတူ အသီကင်းလေးတွေပါ ပါသေးတာ။ ဒေါက်တာတင့်ဆွေ

တချောင်း တကျပ်

တင်ထားပြီးတာ ကြာပြီ။ ၂-၃ ယောက်ကနေ ပုံပို့ပေးကြတယ်။ ခုခေတ်မှာ တကျပ်နဲ့ မရတော့။ ကြိမ်လုံးဈေး တက်နေပြီ။ တမူးမြို့အမည်ကိုပါ စသတ်တာတွေ့ဘူးလာပြီ။ မြန်မာစာ ဈေးဇောက်ထိုးကျနေ၏။ ဒေါက်တာတင့်ဆွေ

ပါဠိရွှေခြူ

တဆယ် တရာ Dhamma Ganga ကျေးဇူး။ ဒေါက်တာတင့်ဆွေ

တောင်ကြီးမြို့ကို အလည်တခေါက် ကိုယ်မရောက်တယ်

တောင်ကြီးဧည့်သည် ရေး ကိုသက်မှုး ဆို လားရှိုးသိန်းအောင် တောင်ကြီးမြို့ကို အလည်တခေါက် ကိုယ်ရောက်တယ် ဆွေသစ်မိတ်သစ် စုံလို့ပါပဲကွယ် ဖော်ရွေလာ သူတွေများထဲမယ် ပါးချိုင့်ကလေးခွက်လို့ သူပြုံးပြနေတယ် ချောတယ် ယဉ်တယ် အသက်လည်း ခက်ငယ်ငယ် တကယ်ပါပဲ မောအလှပျိုနှမရယ် စေတနာတွေ ပိုရှာလွန်းလှတယ် ဒါကြောင့်လည်းဘဲ တို့ရင်းနှီးကာရယ် ကိုယ်လည်းမင်းလိုပါဘဲ ရင်ထဲမယ် စကားလက်စ ဆုံစည်းလာတော့ကွယ် အကြင်နာတွေ ပိုကာတိုးလို့ရယ် မမျှော်လင့်ဘဲနဲ့ ချစ်မေတ္တာတွေ ဖလှယ် ခုတိုင်မပြယ်နိုင် စိတ်ထဲစွဲကာရယ် အမူအရာလေး မခို့တရို့ ချစ်ပါသတဲ့ကွယ် ရင်ဝယ်အို ဘယ်လိုမှန်း မသိတယ် တမျိုးကြီးဘဲ ခံစားရတယ်ကွယ် သူကလေး တက္ကသိုလ် ပြန်သွားပါရမယ် အချစ်ကလေး သွားနှင့်စိတ်အားမငယ်နဲ့ကွယ် မကြာမကြာ စာမှန်မှန်ရေးကြမယ် ပညာရေး စနစ်သစ် မွန်မြတ်လှပေတယ် မင်းလို မကြာခင် ငါလည်းမြို့ပြန်မယ် စာမျှော်ရင်း လွမ်းစိတ်ဖြေဖို့ရွယ် ငိုမယောင်ယောင် သူလေးသနားစရာ့ကွယ် လက်ကလေးဝှေ့လို့ သူနူတ်ခွန်းဆက်ရှာတယ်။   ။ ဒီနေ့တောင်ကြီးစျေးနေ့ (J BOX) ဒေါက်တာတင့်ဆွေ

အခြေအနေကောင်းရှိမှသာ

ဆရာ စာလုံးပေါင်း မှန် မမှန် ဂရုစိုက်သလို တိုင်းပြည်ရဲ့ ပညာရေးစနစ် မှန် မမှန်လဲ ဂရုစိုက်သင့်တယ်။ ဟုတ်။ အဘယ့်ကြောင့် စာကိုမှန်အောင်မရေးကြသနည်းစာ တင်ပြထားတယ်။  စာဆိုတာ ပညာသင်လို့သာ တတ်တယ်။ စာဖတ်လို့ ပိုသိလာတယ်။ ပညာဆိုတာ မြန်မာစာတခုတည်းသာမကပါ။ ဘာသာစုံ။ ပညာနည်းတိုင်း စိတ်ကောင်းမနည်းတတ်သလို အတန်းပညာတွေတတ်တိုင်းလည်း စိတ်ကောင်းမရှိတတ်ပါ။ အတန်းပညာနဲ့ စာဖတ်လို့ရလာတဲ့ဆိုတာကလည်း အတန်းကျောင်းမှာ မှန်အောင်သင်ပေးမှနဲ့၊ ဖတ်တဲ့စာအုပ်တွေက စာလုံးပေါင်းသတ်ပုံသာမက အချက်အလက်တွေပါ မှန်မှသာ မှန်နိုင်တယ်။ ပြောင်းပြန်ဆိုရင် ပြောင်းပြန်သာ ရကြပါမယ်။  သတ်ပုံတွေ လွဲအောင်ပြင်ခိုင်းတာလည်း နိုင်ငံရေး။ စစ်တပ်ထဲကလူတွေလည်း စာတတ်ကြတယ်။ စာလည်းဖတ်ကြတယ်။ အယူအဆ အတွေးအမြင်ကသာ မူမမှန်ကြတာ။ တိုင်းပြည်အကျိုးကို မူတည်စဉ်းခြင်း တစက်ကလေးမှ မလုပ်ကြတာ။ မကျန်းမာဘဲ ဘာလုပ်လုပ် အဆင်မပြေနိုင်။ အဲတာကြောင့် နိုင်ငံရေး၊ ဆေးပညာနဲ့ မြန်မာစာတွေ ရေးပါတယ်။ ၁၀ နှစ်ကျော်ပြီ။ ပုဒ်ရေ တသောင်းကျော်ပြီ။ အခြေအနေကောင်းရှိမှာသာ ကောင်းတာတွေသင်လို့၊ ပြောလို့၊ ရေးသားလို့၊ လုပ်ကိုင်ဆောင်ရွက်လို့ ဖြစ်နိုင်တယ်။ ဒေါက်တာတင့်ဆွေ

မုသားလင်္ကာ

ဂျင်းစိမ်းနှင့်မိဿလင်  မောင်မကြင်ထော့ ခင်လဲကြဉ်မယ်  အစဉ်မပြတ် နှောင်ရစ်ထပ်နှိုး  ခံဆိုးသေါစိတ် စေတသိက်ကြောင့်  သိပ်-သိပ်မုန်းကြောင်း ရေးမိသည်။ ။  တကယ်ဆိုမူ ရေးလိုညွှန်းရာ ကိုယ့် လင်္ကာမှ   ဖွေရှာအမုန်း ဖွင့်မသုံးလည်း  နှလုံးမရွှင် ရွှေရင်မချိ သိသိစေတော့ ရစ်မော့နွယ်လိမ်  နှောင်ဖွဲ့အိမ်မှ ပြေးချိန်ဖွေခိုက်  လိပ်ပြာမိုက်မို့ မောဟိုက်ဖိုကြွမ်း  စိတ်အနွမ်းနှင့် ကွန်းထောက်မနား  တုံ့မသွားဘဲ ကိုယ်စားချစ်ကြောင်း  ကာရန်ပေါင်းစု ရေးသီမှုမှ  မုန်းဟန်ပြုသည့် ကိုယ့် လင်္ကာ။ ။ ဪ...ဂျင်းစိမ်းနှင့် မိဿလင်  မောင်မကြင်တော့ ခင်လဲကြဉ်မယ်  အစဉ်မပြတ် နှောင်ရစ်ထပ်နှိုး ခံဆိုးသောစိတ် စေတသိက်ကြောင့် သိပ် သိပ်မုန်းကြောင်းရေးအုံးမည်။  ယုဝတီကလောင်ရှင် မမြတ်နွဲ့ (၁၆၂၃) မေမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၃၂ (၁၉၆၁ ဇန္နဝါရီလ) LH အသံစာအုပ် အခုခေတ်မှာ စင် ဆင် စဉ် မှားသူတွေများတယ်။ တကယ်ကိုမှန်အောင်မရေးခြင်းကတော့ နိုင်ငံတော်မူ။ ခေတ်ကလည်း မုသားလင်္ကာ မြန်မာစာ။ ဒေါက်တာတင့်ဆွေ

ဒါးတွေ ပြန်တွေ့ပြီ

တမြန်နေ့က ဒါးတလက် သင်္ကန်း။ ကနေ့ ဒါးတချောင်း ထပ်တွေ့တယ်။ ပါတိတ်။  မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန် (၁၉၉၁ စက်တင်ဘာလ) ထုတ်မှာ ဒ၊ ဒါ ပြီးတော့ ဒါး မပါတော့ဘဲ ဒိ လာတယ်။ ပ အောက်မှာ ပြဒါးလို့တော့ ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဒါးတံဆိပ်မီးခြစ်ဆိုတာ ရှိခဲ့တယ်။ ဆေးကျောင်းရောက်တော့ မန္တလေး ဒါးတန်းက သူငယ်ချင်းသစ်တွေ တွေ့တယ်။ ဆရာဝန်ဖြစ်တာ့ ခွဲစိတ်ဒါးကိုင်ရတယ်။ နိုင်ငံရေးရောက်ပြီး တိုင်းပြည်ကထွက်ရတော့ ဒါးပျောက်သွားတယ်။ ဓားတဲ့။ ဓါးလို့ရေးတာတောင် မမှန်ဘူးတဲ့။ ဒါး စာလုံးကို မထည့်တာ ဘာကြောင့်လဲ။ ကျွန်တော်သံသယရှိတာ တခုရှိတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းစက  ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကို ဗိုလ်နေဝင်းက ဒါး ဒါးချင်း၊ လှံ လှံချင်း ဆိုင်ဘို့သာ ရှိတယ်လို့ ပြောစကား ၉-၇-၁၉၆၂ နေ့ထုတ် ရန်ကုန်သတင်းစာမျက်နှာဖုံးမှာ ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒါးကြိမ်း မကြိမ်းသလို သမိုင်းကို ဖျောက်လိုသလား ထင်နေတယ်။ သတ်ပုံစာအုပ်သစ်ထုတ်ပြီးတော့ နီးရာဓါးကြောက်နေသူတွေက ရှိသမျှဒါးစာလုံးတွေကို ဓားလို့သာ ပြင်ရေးလာကြတယ်။ ဓားကိုလည်း ဓါးလို့ရေးရင် မှားတယ်ထင်နေကြတယ်။ မင်းဆွေရေးတဲ့ ဒါးစာအုပ်ကို ဓားလို့ရေးမှသာ ထုတ်ဝေခွင့်ပေးတယ်။  အခုတေ

ယခင်အမှား ယခုအမှား

တင်ထားပြီးသား စာတွေထဲမှာ မှားနေတာ၊ ကျကျန်တော၊ လွဲနေတာတွေကို ပုံရိုက်ပြီး ထောက်ပြပါတယ်။ ကျေးဇူး။ တချို့စာတွေက တင်ထားတာကြာပြီ။ ၂၀၂၁ ကလည်းပါတယ်။ လိုက်ရှာရဦးမယ်။ အချိန်အတော်ကုန်မယ်။ မအားသေးပါ။ ဆောရီး။ အဲလိုဘဲ ပြင်ရပါတယ်။ ပျက်အစဉ် ပြင်အတော်ကြာ။ ဒေါက်တာတင့်ဆွေ

လွဲအောင်ပြင်ဂိုဏ်းကြီး

မက်ဆေ့ချ်တခု ရတယ်။ ကျေးဇူး။ ဦးလူဖေဝင်းရဲ့လက်ရေးမူနဲ့အတ္ထုပတ္တိပုံနှိပ်၊ အဲဒါပြန်တင်တဲ့သူကတော့တတွေတ စ်ပြင်ပေးထားတယ်ဆရာ။ မှားနေတယ်ထင်လို့လားမသိဘူး။ ပုံက မရှင်းလင်းတဲ့အတွက် ဆောရီး။ ဟုတ်ပါ့။ အဲလိုစာတွေကသာ လွှမ်းမိုးထားတယ်။ အရင်ကမှန်ခဲ့တာတွေကို သတ်ပုံစာအုပ်သစ်အတိုင်း လိုက်ပြောင်းထုတ်ဝေမှသာ စာအုပ်ထုတ်ခွင့်ရတဲ့ခေတ်က ၁၉၉၀ လောက်ကတည်းကစတယ်။  ကျောင်းတွေ၊ ရုံးတွေနဲ့ လွှတ်တော်မှာပါ ပြင်ထားတာကိုလိုက်နာကြရတယ်။ စာဖတ်သူတွေက အဲဒီမှားအောင်ပြင်ထုတ်စာအုပ်တွေကိုသာ  ဖတ်ကြရတယ်။ မျိုးဆက် ၂ ခုရှိပြီ။ စာပေစိစစ်ရေးမရှိတော့ပေမဲ့ ၈၀% လောက်က အကျင့်မကောင်းတာကို မစွန့်နိုင်ကြတော့ပါ။ လူဦးရေ ၈၀-၉၀% လောက်က အမှန်လို့ ထင်ကုန်ကြတော့တယ်။ မူရင်းအမှန်စာအုပ်ကို ပုံရိုက်ပြတော့ အဲဒီစာအုပ်ကြီးက သတ်ပုံမှားနေတယ်လို့ ပြန်မေးသူ ၁၀-၂၀ ယောက်ရှိပြီ။ အခုတနှစ်အတွင်းမှာ လွဲမှားနေခဲ့တဲ့ နိုင်ငံတော်မူကို ခုခံအာခံမှု တိုးများလာနေတယ်။ ဒါပေမဲ့ နံရံထူထူကြီးကို လက်လေးတချောင်းနှစ်ချောင်းနဲ့တော့ မရနိုင်သေးပါ။ အလားအလာ ရှိတယ်လို့ ထင်နေတယ်။ တိုင်းပြည်မှာ အခြေအနေနဲ့ စည်းစနစ်ကောင်းလာမှသာ ရမယ်။ ပညာကို ပညာနဲ့ဆန်းစစ်မှုလုပ်ရဲသူတွေ များလာမှသာ မြန်မာစာအပါအဝင

ခေတ်ဟုခေါ်သည်

ကျေးဇူးပါ ဆရာ အတော်များများက စာလုံးပေါင်း အမှားတွေ ရေးနေတာ ဖတ်နေရတယ် ကျေးဇူး။ စာလုံးပေါင်းသတ်ပုံ၊ အသံထွက်၊ ဝါကျရေးနည်း၊ ပန်ကျူယေးရှင်း စတာတွေရေးနေတာ ၉ နှစ်ရှိပြီ။ လက်ခံသူတချို့နဲ့ ဆဲရေးတိုင်းထွာသူတချို့ တွေ့ပါတယ်။ ဟိုအရင်ကတော့ ဗမာစာသည် တို့စာ။ အခုခေတ်မှာတော့ မြန်မာစာကို ချစ်သူ၊ မုန်းသူ၊ ချစ်ယောင်ဆောင်သူတွေ ရှိတယ်။ ခေတ်အပြောင်းအလဲသဘောဖြစ်ပါတယ်။  အရင်ကတော့ မြန်မာစာ ဘာ့ကြောင့်အရေးကြီးတာလဲ။ အခုတော့ အရေးမကြီးပါဘူးကွာ။ ဒေါက်တာတင့်ဆွေ

ကံ နှင့် ဆူး

• ၁၉၉၀ ခုနှစ်အကုန် ကံကိုယုံလို့ နဝတ ဆူးပုံ နင်းခဲ့သည်။  • မောင်သာရက ဆူးစူးတာ ဆူးနဲ့ထွင်ရပါသတဲ့။ • အနှစ် ၂၀ ကြာတော့ သုမနကျော ဖြစ်ခဲ့သည်။ • နှစ်အစိတ်မှာ ဆီဇာမဟုတ်ဘဲ ဘရူးတပ်စ်တွေနဲ့ တွေ့ပါသည်။ • ကံကဖေးမလို့ လူအိုဖြစ်လာချိန်မှာ အမာရွတ်တွေ ပျောက်ကုန်ပါတော့သည်။ ဒေါက်တာတင့်ဆွေ

စစ်နှင့် လုလင်

လွတ်လပ်ရေးဟု ရေး မြိတ် ကုန်စင်၊ ချင်းတွင်းဝင်သည် လုလင် တိုက်ပွဲ ဆိုင်ခဲ့၏။   ။ တော်လှန်ရေးဟု ရန်ကြွေးဆပ်ချင်၊ တောခိုဝင်သည် လုလင် သေနတ် ကိုင်ခဲ့၏။   ။ ပွဲတခုတွင်၊ တိုက်ကင်းပြင်သော် အရှင် လှလှ၊ ရန်ဓားပြကို လက်ရဖမ်းလေ၊ မှာလိုက်ချေလည်း သေမင်းသခင်၊ သွေးနတ်ဝင်သည် လုလင် မထိန်း နိုင်ခဲ့ပြီ။   ။ (ဇော်ဂျီ) ရှေးစာကဗျာများ ဒေါက်တာတင့်ဆွေ

ပိဿာလေး

ညမအိပ်ခင်က ရေးတင်တဲ့စာတခုမှာ အခမ်းအနား နဲ့ အခမ်းအနား မှားတာကို ထောက်ပြကြပါတယ်။ အဲဒီစာလုံးကတော့ ကြာလှပြီ ရေးတိုင်း အမှားများတယ်။ ကျေးဇူး။  ကွန်မင့်များပြီဆို သေချာပြီ ဝိုင်းဆော်ကြတော့မည်။ ဘလော့လိုပါက စိတ်မဆိုးပါခင်ဗျား။ နာရီစင်ရေးတာကို ထောက်ပြသူကတော့ ရိုးရိုးသာရေးတယ်။ တချို့အမှားထောက်တွေကတော့ ပိဿာလေး။ ကျွန်တော်က ပါဖက်မဖြစ်။ စင်းလုံးချော မဟုတ်။ စာရေးတိုင်း၊ စကားပြောတိုင်း ကျတာ၊ ကျန်တာ၊ လွဲတာ၊ မှားတာတွေ ပါလေ့ရှိတယ်။ ဆက်ရေးနေဦးမှာတော့ ၁၀၀% ဖြစ်သူတွေက ဘလော့ကြရင် တကယ်ကို စိတ်မဆိုးပါခင်ဗျား။ ကျေးဇူး။ ဒေါက်တာတင့်ဆွေ

ကသစ်ပန်

ဒီသီချင်း ရေးတဲ့ကာလမှာ တဝမ်းပူတွေကို ရန်ရှာမဲ့သူတွေ မမွေးကြသေးပါ။ မူရင်းစာသားမှာ မြင့်မိုရ်လို့ ရေးတယ်။ မြင်းမိုရ်က မှားတော့ မမှား၊ မူကွဲ။ (တေးရေး - မြို့မငြိမ်း) နတ်စည်ငယ်လေ ပုစွန့်လက်ရိုးအာလမ္ဗရာ ကျော်ဟွမ်းသံဝါ ဆော်ရွမ်းညံစာစာ တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလွှာ အုံ့မှိုင်းညိုပြာ မိုးထက်ကဲဝဠာ ကိုးရပ်နယ်မှာ တိမ်ခိုးယှက် မိုးစက်ကလေးတွေရွာ ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင့်မိုရ်ထက်သို့တက်လို့ စစ်ထွက်တဲ့အခါ အုံ့ကာလေ တဖွဲဖွဲ ရွာလေ တသည်းသည်း။ လွဲခဲ့ကြရရှာ နတ်တို့နတ်ရွာဝတိံသာ အသူရိန်တွေဟာ ဘုံသာဝေယံ နန်းမြင့် ကသစ်ပန်းပွင့် ရတုဖြာ သဘင်ပွဲ အပြုမှာ လွဲခဲ့ကြရရှာ နတ်တို့နတ်ရွာဝတိံသာ အသူရိန်တွေဟာ ဘုံသာဝေယံ နန်းမြင့် ကသစ်ပန်းပွင့် ရတုဖြာ သဘင်ပွဲ အပြုမှာ အို သခွပ်ဖြူစွာ အပွင့်ကိုသာ မြင်တော့မှ ဝတိံတွင် မဟုတ်ပါလား ဟရို့ သေနင်ဗျူဟာ နတ်အသူရာမင်းငယ်လေး စစ်ခင်းလုမယ်လာ ရှေးရှုဝတိံသာ။ ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ အသူရာ ဒေါသထွကလို့ မြင့်မိုရ်ထက်သို့တက်လို့ စစ်ထွက်တဲ့အခါ အုံ့ကာလေ တဖွဲဖွဲ ရွာလေ တသည်းသည်း။ အာလိန်ငါးဆင့် နဂါးနှင့် ဂဠုန်ရံ ဂုမ္ဘာန်ယက္ခ စတုမဟာ

မှန်ကင်းတလှည့် ထင်းတလှည့်

မှန်ကင်းတစ်လှည့်  ထင်းတစ်လှည့်ဆိုတာ ဘာကို ပြောချင်တာလဲခင်ဗျ မှန်ကင်းတစ်လှည့်  ထင်းတစ်လှည့်ကိုတော့ မသိပါ။ မှန်ကင်းတလှည့် ထင်းတလှည့်ကို သိတယ်။ မိုးတဆယ့်နှစ်ပါးလင်္ကာ မှန်ကင်းတလှည့် ထင်းတလှည့် လယ်ယာလုပ်သား စကားပုံများ (ဟံသာဝတီ ဦးဘရင်) မှန်ကင်းတလှည့် ထင်းတလှည့် သစ်သားသည် ပြာသာဒ်၏ အထွတ်အမြတ် နေရာ၌ မှန်ကင်း ဖြစ်ရသည့် အခါ ရှိသကဲ့သို့ မီးဖို၌ ထင်းဖြစ်ရသည့် အခါလည်း ရှိတယ်။ လူ့ဘဝမှာ လောကဓံတရားအရ အထွတ်အထိပ် စံစားရတဲ့အလှည့် ရှိသလို နိမ့်ပါးရတဲ့ အလှည့်လည်းရှိတယ်။ ရွှေမှန်ကင်းအစစ်က မြေယံထင်းဖြစ်ခဲ့လေပြီ မန္တလေးမြို့ကြီးကို ၁၂၂၁ မှာ တည်ဆောက်တယ်။ ၁၃၂၁ ခုနှစ်မှာ နှစ်တရာပြည့်တယ်။ မန်းရာပြည့် ကျွန်တော်က ၁၁ နှစ်သားရှိပြီ။ မန္တလေးနန်းတော်ကြီးကို သစ်မာနဲ့ ကျွန်းသားတွေနဲ့ တည်ဆောက်ထားတယ်။ မြန်မာဘုရင်နန်းကျပြီးနောက် နန်တော်ကြီးပါ ပျက်စီးတယ်။ မန္တလေးနန်းတော်ကြီးကို မင်းတုန်းမင်းလက်ထက်မှာ ၁၈၅၇ ခုနှစ်ကနေ ၁၈၅၉ ခုနှစ်အထိကြာ တည်ဆောက်ခဲ့ရတယ်။ ၁၈၈၅ ခု နိုဝင်္ဘာလ ၂၈ ရက်နေ့မှာတော့ ဗြိတိသျှကိုလိုနီတပ်တွေက ဝင်ရောက်သိမ်းပိုက်တယ်။ ဒပ်ဖရင်ခံတပ်အဖြစ် ပြောင်းလဲလိုက်တယ်။ ၁၉၄၅ ခု ဒုတိယကမ္ဘာစစ်မှာ ဗုံးဒဏ်ကြောင့် နန်းတော်ကြီး အကုန

Long Story Short နိုင်ငံရေးဇာတ်လမ်းရှည် သံခိပ်

ရေးထာတာ ၃ နှစ်ရှိပြီ။ ဆရာ ကျနော်သိချင်တာလေး မေးပါရစေ ခင်ဗျာ။ တချို့အတုအရောင်(အယောင်) နိုင်ငံရေးသမားတွေ မြန်မာပြည်မှာ အများကြီး ရှိနေကြတယ် သူတို့ကျတော့ နိုင်ငံရေးနယ်ပါယ်မှာ နေရာတွေ အသီးသီး ရနေကြပြီး တချိုု့အစစ်အမှန်တွေ လူမသိသူမသိ လှုပ်ရှားခဲ့သူတွေကျတော့ မြန်မာပြည် နားတောင်ကပ်ခွင့် ဝင်ခွင့်မရကြတာ ဘာကြောင့်ပါလဲဆရာ။ အထက ၂ မုံရွာ ကျောင်းသားဟောင်း တယောက်ပါ။ ဟုတ်။ ရေးရရင် ရှည်မယ်။ အဆင်သင့်တဲ့အခါ ရေးပါမယ်။ နိုင်ငံရေးဆိုတာ သည်လိုပဲလို့ပြောရင် တာဝန်မကင်းရာကျမယ်။ လူ့အသိုင်းအဝန်း ခေါ် ကွန်မြူနတီတခုရဲ့ အရည်အသွေး အတွေးအမြင် ယဉ်ကျေးမှုနဲ့ နောက်ခံသမိုင်းတွေအရ မျက်မှောက်ကာလ နိုင်ငံရေးကိုပုံဖေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့ စတယ်။ ကိုလိုနီဖြစ်ရတယ်။ လွတ်လပ်ရေးရတယ်။ ၁၉၄၈ ကနေ ၁၉၆၂ အထိ ၁၄ နှစ်ကာ ပါလီမာန်ဒီမိုကရေစီခေတ်လို့ခေါ်ကြတယ်။ အာဏာသိမ်းနဲ့ မဆလ ခေတ် ၂၆ နှစ်ကြာတယ်။ နောက်စစ်တပ် အာဏာပြန်တာ ၂၂ နှစ်နဲ့ ကနေ့အထိ။ အဲတော့ အုပ်ချုပ်ခံသူတွေဟာ ဘုရင်နဲ့ အာဏာရှင်စနစ်နဲ့ ကြီးပြင်းလာသူတွေသာဖြစ်ကြတယ်။ ဆယ်စုနှစ်တွေ ကြာမြင့်ခဲ့လို့ အထက်ကဆို အလိုလိုလိုက်နာချင်ကြတဲ့အကျင့်ပါနေကြတယ်။ ဘုရင့်နားမှာ ဘောင်းတော

စာဆိုတော်

အခဏ်း (၁) နောင် ဒိုင်းဟု နှစ်ချက်ဆင့် ဆင့်နှက်လိုက်သော ဗဟိုရ်စည်တော်သံကြီးမှာ ရတနာပုံနေပြည်တော်ကြီး တခုလုံး တုန်ဟီးလျက် -  ကြက်သေရေမင်္ဂလာနှင့် ပြည့်စုံစေရန်၊ အသံသြဇာဖြင့် ဖြန့်ချီ ပေးဝေဘိသကဲ့သို့ ရှိလေ၏။ အချိန်ကား  - လင်းအားကြီးပြီဖြစ်၍ နေမင်း၏ရှေ့တော်ပြေးဖြစ်သော ရောင်နီတန်းမှာ အရှေ့ဘက် ရှမ်းရိုးမတောင်တန်းကြီးပေါ်မှ ပေါ်လွင်ထင်လျှား၊ အလင်းအားကို အောင်စေတော့၏။ ရတနာပုံရွှေမြိုကတော်ကြီးမှာ ကြည်လင် ငြိမ်သက်၊ ကြာမျိုးငါးပါးနှင့် ပြည့်နှက်သည့် ကျုံးတော်ကြီး လေးဘက်အလည်တွင် မြင့်မတ်သော မြို့ရိုးနှင့် ပြအိုး၊ ပစ္စင်တို့၏ ဒုပိကာထိပ်ဖျားမှ တချွင်ချွင်မှ တချွင်ချွင်မည်သော - ဒဂုန်ခင်ခင်လေး ရေးသားတဲ့ စာဆိုတော် စာမျက်နှာပေါင်း ၁၀၂၄ ပါတယ်။ ခုနှစ် မတွေ့ပါ။ ဒေါက်တာတင့်ဆွေ

စကားပုံကပြောသော ဒဿန

(စန္ဒာဆွေ) ၁၉၇၇ - သြဂုတ်လ အသိပညာအမြင် တခါသေဘူး ပျဉ်ဘိုး နားလည် ခဲမှန်ဘူးသော စာသူငယ် ရွယ်ရုံနဲ့ လန့် မှားဘူးမှ မှန် ကြုံဘူးမှ ရဲ ဟူသော စကားပုံများသည် တကြိမ်တခါ အတွေ့အကြုံရှိပြီးမှသာလျှင် သက်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင် လိမ္မာမှု အသိတရားများ တိုးပွားနိုင်သည်ဟု ဆိုလိုပေသည်။ ဒေါက်တာတင့်ဆွေ

The Exiles စည်းအပြင်ကလူ

လွန်ခဲ့တဲ့ ၉ နှစ်တိတိက ယူအက်စ်အေကိုရောက်ရောက်ချင်း ရေးတဲ့စာ။ နယူးဒေလီကနေ မထွက်ခင်မှာ ဒီလိုစာမျိုးကို ရေးလို့မရနိုင်ပါ။ ထွက်မရအောင် တိုင်မဲ့သူတွေက စောင့်နေကြတယ်။ အဲဒီမှာ ဆက်နေစေချင်တာတော့ မဟုတ်။ သူတို့လည်း အော်ကြတာ ဒီမိုကရေစီတဲ့။ အခု ၂၀၂၂ မှာလည်း သတိရှိကြပါ။  တိုင်းပြည်ကနေထွက်ပြေးပြီး နိုင်ငံရေးလုပ်ဘို့ဖြစ်စေခဲ့တာက 'စင်ပြိုင်အစိုးရဖွဲ့ရေး' မှာပါလို့ဖြစ်ပါတယ်။ လူအရင်းအနှီးတွေ အများကြီးပေးပြီး ၁၈-၁၂-၁၉၉ဝ နေ့မှာ ဖွဲ့ဖြစ်အောင်ဖွဲ့ကြတယ်။ 'စင်ပြိုင်' ဆိုတာထက် 'အဝေးရောက်' လို့ပြောတာက ပိုမှန်တယ်။ 'မာနယ်ပလော' ကျပြီးနောက်မှာ 'ပြည်ပရောက်' ဖြစ်လာပါတယ်။ ပြည်ပဆိုတာလဲ လူတွေက ထိုင်း၊ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စု၊ သုံးနိုင်ငံမှာနေကြရတယ်။ ကျွန်တော်ကတော့ တောက်လျှောက် အိန္ဒိယမှာ ၂၄ နှစ်မကကြာခဲ့တယ်။ ကိုယ့်အစိုးရကို ၂၄-၉-၂ဝ၁၂ နေ့မှာ ကိုယ့်အဆုံးအဖြတ်နဲ့သာ ဖျက်သိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တပါတ်တိတိကျမှ ကျွန်တော် အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ဘို့ရာ ရောက်လာပါတယ်။ အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ချိန်မှာတော့ တရားဝင်ပြောရရင် အဖွဲ့ဝင်ဦးရေ ၃-၄ ယောက်သာရှိပါတော့တယ်။ တဦးကတော့ အ

A Poem ကဗျာတပုဒ်

ရှယ်လီရဲ့ကဗျာတွေကို ကြိမ်ဖန်များစွာ ပြန်ထုတ်ကြပေမဲ့ မူရင်းကဗျာပါ စပယ်လင် မပြင်ပါ။ မြန်မာလိုရေးတဲ့ ကဗျာတွေကို ပြန်ထုတ်ရင် မှားအောင်သာပြင်ထုတ်ကြတယ်။ ဒီလိုပုံနဲ့ စာလုံးပေါင်းသတ်ပုံမဲ့ကဗျာခေတ် ဖြစ်ပေါ်လာပါတော့တယ်။ ကဗျာတပုဒ် (တင်မိုး) ကဗျာကို ဘယ်လိုရေးရပါ အတွေးဟာ အရင်လာ၍ အလင်္ကာ နောက်မှာသ,ရင်လ လှလေလိမ့် ထင်မိဘယ်။ အဘိဓာန် အထွေထွေက စကားတွေ အခံ့သားကိုလ ကြွားရအောင် တမင်ယူ၍ ကျမ်းဆူဆူ ကျေသကောရယ်လို့ ဂုဏ် ဒေါသာ ဝိဘာဝတွေနဲ့ သုတဥာဏ် ကိုယ်ထင်ပြချင်လို့ ဆင်သတယ် ထိုအခါတော့ ချိုကဗျာ ပျောက်ကာပြေး မှေးမှိန်လိမ့်မယ်။ စိတ်ဖြူရင် အယူဖြောင့်ပေလိမ့် အမှောင့်လို ထိုအကြွားကိုတော့ စာနားမှာ မသီစေနှင့် ဤမြေမှာ လူအများရယ်နဲ့ သွေးသားနှယ် တခင်ခင်ပေါ့ ပတ်ဝန်းကျင် လူမှုရေးဆီသို့ အတွေးကို တမန်စေလိုက်ပါ့ ဥာဏ်အာခြေ အကြံပွင့်ပါလို ရင့်ပါလိမ့် အတွေးနယ် ကြွယ်ပါလိမ့် စာစကား။ တေးဆိုမည့်ကြံ ဂိုဏ်းဂုဏ်တွေ မှန်မမှန်နဲ့ စာပေတံ အသာချပါလို့ ဘဝမှာ ပျော်ပျော်ဝင်လိုက်ပါ့ သည်အမြင် သည်အကြား သည်အမှား သည်အမှန်သို့ အမြင်သန် ဥာဏ်သဘောတွေနဲ့ လူတောမှာ အခြေတည်ခဲ့ မှန်သည်ကို ကိုယ်လိုလား မှားသည်ကို ကိုယ်မလိုဘဲ့ စိတ်ဆိုရာ ကဗျာတပုဒ်ပါဘဲ စာအုပ်တွေ တလှ

ပေါက်ပေါက်ရှာရှာ

ဆရာ မြန်မာစကားမှာ ကြည့်ကြက်လုပ်ကြ မြည်းမြက်ကြည့်အုံး အိပ်ရာလေးဘာလေး ပြင်ပြက်ပေးအုံး စတဲ့စကားတွေမှာ ကြည့်ကြက် မြည်းမြက် ပြင်ပြက် စတဲ့အသုံးတွေဟာ ဘယ်လိုဖြစ်လာပါသလဲ။ ဘယ်လိုခေါ်ပါသလဲ ဆရာ။ မရေးဖြစ်သေးပါ။ သိတဲ့သူတွေက ရေးထားကြတယ်။ အဆင်သင်တဲ့အခါ တင်ပြပါမယ်။ DrZaw Min ကတိမ်းကပါး ကတိုက်ကရိုက်လာ ကတုံးကတိုက်လုပ် ကတောက်ကဆတ်ဖြစ် ကမကထပြု ကမန်းကတန်းကြီး ကမောက်ကမ ကလိမ်ကကျစ် ကလေးကလားတွေ ကလေကချေ ကလေကလွင့် ကလေကဝ ကသောင်းကနင်း ကိစ္စဝိစ္စ ဂျီလေးဂျာလေး စကောစက စတိုင်မလိုင် စရိတ်စက ဆိုတာတွေလိုပေါ့။ ဆီကလေးပျားကလေး ညစ်တီးညစ်ပတ်တွေ တောက်တီးတောက်တဲ့တွေ ဒလျှိုဒလန် ဒွတ်ဒက်ရွှတ်ရှက် ပြက်တီးပြက်ချော်မလုပ်နဲ့ ပလုပ်ပလောင်း ပလူးပလဲ ဖလောင်းဖလဲ ရူးကြောင်မူးကြောင် လုပ်ငန်းကိုင်ငန်း အကြမ်းပတမ်း အရူးအမူး ဘုဏ္း သီရိ ကားမောင်းလာတာ ရဲ က တားပြီး ယာဥ်မောင်းလိုင်စင် စစ်တာ သက်တမ်းက ကျော်နေတော့ အဲ့ဒါ ရဲနဲ့ ကြည့်ကြက်လုပ်လိုက်တယ်။ (စကားပြော) မနေ့က ချက်ထားတဲ့ ဟင်းတွေ မြည်းမြက်ကြည့်ဦး သိုးနေဦးမယ်။ (စကားပြော) ဧည်သည်က ညအိပ်မှာတဲ့ အိပ်ရာလေးဘာလေး ပြင်ပြက် ပေးလိုက်ဦး။ (စကားပြော) ပိုက်ဆံအိတ် က ဘယ်နား ထားမိလို့လဲ ခေါင်းအုံးအောက်တို့ ဖျာ အောက်တ

ကျောက်စာ နှင့် ကြောက်စာ

စာကို မှန်အောင်ရေးထားတဲ့ ကျောက်ပြား၊ လဲလျောင်းရာနားမှာ မားမားစိုက်ထောင်ထား၏။ တချို့ကျောက်ပြားများ စာမှားရေးထား၏။ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်များမှာ ရေးထိုးစိုက်ထူထားသည့်စာများကိုမူကား ပညာရှင်များကသာ ဖတ်တတ်ကြပေသည်။ တိုင်းပြည်လွတ်လပ်ရေးရပြီးနောက် ရေးထိုးသည်များကိုမူကား လွတ်လပ်ရေးကျောက်တိုင်ကအစ ကောင်းစွာဖတ်တတ်ပါသည်။ အရေးအသား မှန်ကန်ပါသည်။ တချို့ကျောက်ပြားများ စာမှားရေးထား၏။ လမ်းဘေးရေချမ်းစင်တွေမှာ ပန်းရံဆရာတို့၏လက်ရေး ချွတ်ချော်နေစေကာမူ သောက်ရေမှာမူကား အေးမြလှပေသည်။ ဆရာကြည်အောင်နဲ့ ဆရာအောင်သင်းတို့၏ ကျောက်ပြားများကား သတ်ပုံပျက်ခေတ်ဆိုးကြီးထဲမှာ အထူးခြားဆုံးသော၊ ဂုဏ်ပြုလိုက်သော၊ ဂုဏ်ယူထိုက်သော အရေးအသားများပင် ဖြစ်ပါတော့သည်။ ဆရာနှစ်ဦး၏ ကျောက်ပြားပုံများကို မကြာခဏတင်ပြထားပြီးဖြစ်၍ ထပ်မံမတင်တော့ပါ။  တချို့စာရေးဆရာများမှာမူ ကွယ်လွန်ပြီးမှ စာမှားရေးသားသူဟု ကျောက်ထက်အက္ခရာ အတင်ခံကြရတော့၏။ ကလောင်အမည်တွေ မထည့်တော့ပါ။ ကျောက်ပြားပေါ်မှာ သတ်ပုံမှားရေးထားသည့်စာကို “ကြောက်စာ” ဟု ခေါ်ပါသည်။ "တသက်တာမှာ လမင်းတရာ သာပါစေသတည်း" ဒေါက်တာတင့်ဆွေ

"ရှောင်လေးဝေးဝေး သတ်ပုံဘေး"

တင်ထားတာတခု တွေ့ပါတယ်။ “အမိတို့တွေ တက္ကသိုလ်ဘုန်းနိုင် ဖန်ဆိုရှောင်” တဲ့။ ထပ်ဖြည့်ပါရစေ။ သူတို့က တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့စာတွေကို သတ်ပုံတွေပြင်ပြီး နေ့ရောညပါ တင်နေကြတယ်။  (၁) “သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင်” ကို “သူငယ်ချင်းလို့ 'ပဲ' ဆက်၍ခေါ်မည်ခိုင်” တဲ့။ “ခိုင်” ကနေ “ဆိတ်မ” ဖြစ်သွားရော။ (၂) သစ္စာကဗျာ ငါ့စာဖတ်၍၊ မမြတ်တိုင်စေ၊ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်၊ တွေးဖွယ်ထိုက်ရာ၊ “တစ်” ပိုဒ် “တစ်” လေ၊ တွေ့ငြားပေမူ၊ စာပေကျေးကျွန်၊ ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူ့ပေါ်၊ ခေါင်းကိုကျော်၍၊ ငါသော်ဆရာ၊ မလုပ်ပါတည်း။ ။ “သစ္စာမဲ့ကဗျာ” ဖြစ်သွားရော။ (၃) ၁၉၇၂ ခုနှစ် အမျိုးသားစာပေဆု နှင်းငွေ့တထောင့် မိုးတမှောင့် (ဝတ္ထုရှည်ဆုရ) နှင်းငွေ့ “တစ်” ထောင့် တဲ့။ မိုး “တစ်” မှောင် တဲ့။ မြန်မာပြည်မှာ နှင်းငွေ့သည်လည်းကောင်း မိုးသည်လည်ကောင်း မဝေနိုင် မရွာနိုင် တစ်၍သာ နေပါတော့သည်။ ကလောင်အမည်ကိုတော့ “တစ်ကသိုလ်ဘုန်းနိုင်” လို့ မပြင်ကြသေးတဲ့အတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ

အဆုံးအဖြတ်

တခါတုန်းက ရွာတရွာတွင် ဟင်းချက်ကောင်း သည့်ကိုဖိုးသာဆိုသူရှိ၏။ ထို့ကြောင့် ကိုဖိုးသာသည် ထိုရွာရှိ အလှူပွဲများတွင် အမြဲဟင်းချက်ပေးရသည်။ အကယ်၍ ကိုယ်တိုင် မချက်နိုင်က ချက်ပြီးဟင်းကို အ ပေါ့အငန် အဆုံးအဖြတ်ပေးရစမြဲ ဖြစ်သည်။ တနေ့အလှူတခုတွင် ကြာဇံဟင်းခါးချက်ပြုတ်ရာ ၌ ကြာဇံဟင်းလျာနှင့် ကိုဖိုးသာ ရေစက်မဆုံကြ။ ကိုဖိုးသာ ခရီးလွန်နေသောကြောင့်ဖြစ်သည်။ သို့သော် ဟင်းအိုးကျက်ချိန်၌ ကိုဖိုးသာ ပြန်ရောက် လာလေ သည်။ ရောက်လျှင်ရောက်ချင်း ကိုဖိုးသာသည် မီးဖို ချောင်သို့ဝင်ကာ ချက်ပြီးသော ကြာဇဟင်းကိုမြီး၏။ အတန်ကြာ စဉ်းစားပြီး ဆားအနည်းငယ် ထပ်ထည့် ရန် ညွှန်ကြားကာ အပြင်သို့ထွက်သွား၏။ ဟင်းချက် သူများသည် ကြာဇဟင်းကို မြီးကြည့်သောအခါ ပေါ့အငန် အနေတော်ဖြစ်သဖြင့် ဆားလုံးဝမထည့်ကြပေ။ မကြာမီ မီးဖိုချောင်တွင်းသို့ ကိုဖိုးသာပြန်ရောက် လာ၏။ ဟင်းချက်သူများကို “ဆားထပ်ထည့်ပြီးပြီ လား”ဟု မေး၏။ ဟင်းချက်သူများက “ထည့်ပြီးပြီ” ဟု ပြောလိုက်ကြသည်။ ကိုဖိုးသာလည်း ထိုဟင်းကို တဇွန်းမြီးပြန်သည်။ ထို့နောက် သူအဆုံးအဖြတ်ပေးလိုက်သော စကား ကြောင့်ဟင်းချက်သူများ တခိခိရယ်မောကြလေသည်။ ကိုဖိုးသာပြောလိုက်သည်မှာ "ခုမှဘဲအချိုပိုလေး သွားတော့တယ်" ဟူသ

ရွာသစ်ကြီးနွားနို့ယို

နွားနို့ယိုဆို ရွာသစ်ကြီးက နာမည်ကြီးရှင့် ခနခန(ခဏခဏ) မေးနေကြတဲ့ ချစ်သောတို့အတွက် ကိုယ်အမြဲရောင်းနေကြ(ကျ) ရွာသစ်ကြီး နွားနို့ယိုလေး ပြန်မှာလို့ရပါပြီရှင့် ဘယ်လောက်အပိုမှာမှာ မလောက်ဘူး ဒီမှာစားနေကြ(ကျ) နွားနို့ယိုတွေလို သကြားခဲတွေအတုံး လိုက်စားရတာမျိုးမဟုတ်ဘဲ နွားနို့ကတက်လာတဲ့ မလိုင်ကို သေချာဆယ်ပြီးမှ ယိုထိုးတာပါနော် မနက်ခင်းပေါင်မုန့်လေးနဲ့ပဲစားစား နံပြားလေးနဲ့ပဲစားစား ဒီတိုင်းပဲစားစား စိတ်ကြိုက်သုံးဆောင်ပါရှင့် ၂၀သား တဘူး-၃၅၀၀ ကျပ် လာမယ့်အပတ်ထဲရောက်ပါ့မယ် ရောက်ကုန်ပစ္စည်းဖြစ်ပြီး အရမ်းရောင်းကောင်းတာမို့ ကြိုမှာပေးပါနော် (San San Wai) နည်းနည်းလေး ပြင်လိုက်တယ်။ ရွာသစ်ကြီးနွားနို့ယိုကို ဆေးကျောင်းသားကတည်းက ကြိုက်တယ်။ ရွာသစ်ကြီးသားသူငယ်ချင်းက အမြဲယူယူလာတာ။ ကျေးဇူး။ မနေ့က အိမ်မှာ ပြောမိကြသေးတယ်။ ဒေါက်တာတင့်ဆွေ

Peter Chan ကျွန်တော်နှင့် USA

ထိုင်ဝမ်ရောက်မြန်မာမိသားစု များအဖွဲ့  (ကူးယူတင်ပြတာ ဖြစ်ပါတယ်။) (၁) ထိုင်ဝမ်ရှိ မြန်မာတန်းမှာ ကျွန်တော်တယောက်ထဲ လက်ဖက်ရည်သောက်နေသည်။ ဒီနေ့က ပိတ်ရက်ဆိုတော့ (ဝှားရှင်းကျဲ) မှာ လူစည်ကားနေ သည်မှာ မဆန်း... တချို့က ညဆိုင်း၊ တချို့က နေ့ဆိုင်းဆိုတော့ ဆုံကြဖို့ရာ သိပ်မလွယ်... ကျွန်တော့်အာရုံထဲမှာ လူတယောက်က အကဲခပ်နေသည် ဟု ထင်နေသည်။ ခါးဆန့်ပြီးနောက် လှည့်အကြည့်မှာ မြင်ဖူးသော လူတယောက်က ပြုံးပြသည်။ သိပ်မမှတ်မိတော့... "ကိုမောင် ... ကျွန်တော့်ကို မမှတ်မိတော့ဘူးလား" "အေးဗျာ...စဉ်းစားနေတာ ဘယ်သူများပါလိမ်လို့" ထိုသူက ခပ်ငိုက်ငိုက် ဆောင်းထားသော ဦးထုပ်ကို ချွတ်လျက်... " အောင်ကြီးလေဗျာ... ခင်ဗျားနဲ့ အတူတူ လွန်ခဲ့တဲ့ ၈ နှစ်လောက်က သုံးလလောက် အလုပ် တူတူ တွဲလုပ်ခဲ့ဖူးတယ်လေ" "ဟုတ်သားပဲ...စိတ်မရှိပါနဲ့ဗျာ... မှတ်မိပါပြီ...အခု ဘယ်မှာလုပ်နေလဲ" "XXX ဆိုင်မှာပါ..." "ဆရာကြီး ဖြစ်ပြီလား" "မဖြစ်ပါဘူးဗျာ...တဆိုင်ပြီး တဆိုင် ပြောင်းလဲလက်ထောက်ပါပဲ ...မိန်းမနဲ့ ကလေးတွေလည်း မခေါ်နိုင်သေးဘူး...ဒီလိုပဲ လုပ်လုပ် စားစား ဘ၀ပါပဲ... "သားတွေရော...တက္ကသိုလ်ပြီးသွာ

Am I Wrong? ပေ့ချ် နေရာက ကွန်မင့် တခု

ပေ့ချ် နေရာက ကွန်မင့် တခု မြန်မာစာမှာ စာလုံးခွဲပြီးမှ ရေးရတာကို မှတ်သားမိပါတယ်ဗျ။ဒါပေမဲ့ ဆရာကြီး ရေးတဲ့စာတွေမှာ မြန်မာစာပေအရ စာလုံးခွဲတာကို သိပ် မတွေ့ရလို့ပါ။ ခု ပိုစ့် အရ ဆိုရင် • ကိုဗစ်ဆိုရင် ဆေးသုတေသနမလုပ်တာတွေ တော်မေးကြတယ်။ မြန်မာပြည်မှာဖြစ်နေတာကလည်း  တယောက်တမျိုး။ ဆိုတဲ့ အနေအထားမှာ  ဆေးသုတေသန နဲ့ မလုပ်တာတွေ ရဲ့ ကြားမှာ စာလုံး ခြားရမယ်လို့ ယူဆ မိတာဘဲဗျ။(မြန်မာစာပေရဲ့ အစဉ်အလာ အရပေါ့) စာလုံးပေါင်းက ဘဲ အရေးကြီးတာလား။  တော် မေးကြတယ် ဆိုတာက အမှန်လား  တော်တော် မေးကြတယ်ဆိုတာက အမှန်လားဗျ။ပြီးတော့ ပုဒ်ဖြတ် တွေကကော အရေးမကြီးဘူးလို့ ဆရာကြီးက ယူဆ ထားတာလားဗျ Edit လုပ်ပြီးတော့ မပြင်နဲ့နော်။ကျွန်တော် Screenshot ရိုက်ထားပါတယ် ခင်ဗျ Maung Zwe လူကြီးမင်းသဘော။ စာရိုက်ကျတာ၊ လွဲတာ တွေ့တိုင်း စည်းနဲ့ကမ်းနဲ့၊ စေတနာနဲ့ ပြင်ပေးနေသူတွေ ရှိတယ်။ သူတို့က ထောက်ပြ ပြင်ပေးကြရင် ပြန်ပြင်တယ်။ သူတို့က ပုံရိုက်ထားပြီး အပုပ်မချကြပါ။ ပြင်စရာနေရာကလည်း ၄ နေရာ။  ၁။ ရိုးရိုး ဖေ့စ်ဘွတ်၊ ၂။ ပေ့ချ်၊ ၃။ တယ်လီဂရမ်နဲ့ ၄။ ဘလော့ခ်။ ကျွန်တော်က ပြင်ပြီးတာနဲ့ သူတို့ရေးတာကို ဖျက်သွားကြတယ်။ ပြင်ပေးကြတာကလည်း အများအားဖြင့် မက်စင်ဂျာက။ လက

ပြီးပါပြီ (၂)

၁။ ကီမိုဆေး ၃ ကြိမ်သွင်းပီးပါပီး (ပြီးပါပြီ) ၂။ ဆရာ ကျတော့ကလေးက ၉လ ရှိပါပီ(ပါပြီ) ဝမ်းသွားတာ ၅ရက်ရှိပါပီ(ပါပြီ) အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်ပါပီ(ပါပြီ) ပီး(ပြီး)တော့ ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး(ပြီး) ကလေးတွက် ဝမ်းသွားနေချိန်မှာ vitamin ဆေး သို့မဟုတ် အားဆေး တခုခုတိုက်ချင်ရင် ဘာဆေး တိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပာပီ(ပါပြီ) ရရစ်မပါတာ ၆ လုံးတိတိ။ ပါပြီလို့ရေးရ။ ပါပီ = ခွေးကလေး။ ၃။ Share ပါပီ ဆရာ ပါပြီလို့ရေးရ။ ပါပီ = ခွေးကလေး ၄။ ဟုတ် ကျေးဇူးပါ ဆရာ ဖတ် ပီးပါပီ ပြီးပါပြီ လို့ ရေးရပါတယ်။ ပါပီဆိုရင် တမျိုးဖြစ်သွားပြီ။ ၅။ ဆရာအသက် ၂၄ပါ မိန်းကလေးပါ အဖြူတေ(တွေ)တအားဆင်းp(ပြီး) ယားpး(ပြီး) ယောင်(ရောင်)နေလို့ပါ အပျိုပါ ကျေးဇူးပြုပီး(ပြီး) ပြောပြပေးပါရှင် ၆။ မင်္ဂလာပါဆရာ ကျမအသက်က ၂၂ပါ ရာသီကျော်တာ ၂ပတ်ရှိပါပီပါပြီ။ ဆီးစစ်ကျိတာ(ကြည့်တာ) တစ်ကြောင်း (တကြောင်း )ပဲပေါ်ပါတယ် ရာသီမပေါ်ပဲ အဖြူတေ(တွေ)ပဲဆင်းနေပါတယ်ဆရာ  ကိုယ်ဝန်ရှိလို့လား ဘာလုပ်ရမလဲသိချင်လို့ပါ။ ရာသီတပတ်နောက်ကျချိန်ထက်မစောပဲ ဆီးစစ်တာ မပေါ်သူမှာ ကိုယ်ဝန်မရှိ။ လိင်ကတဆင့် ကူးစက်ရောဂါလည်း စဉ်းစားရ။

နေ့စဉ် ရက်ဆက်

‘စက်’ နဲ့ ‘ဆက်’ မှားရေးတာတခု တွေ့လိုက်တယ်။ ကင်ဆာစာတွေဖြစ်ဖြစ်၊ ဒုက္ခနဲ့ ပြေးလွှားနေရကြောင်းစာတွေကိုဖြစ်ဖြစ် သတ်ပုံပြင်ရတာ အင်မတန် အားနာစရာကောင်းတယ်။ ယဉ်ကျေးမှုလည်း မဟုတ်လို့ အဲလိုပို့စ်တွေအောက်မှာတော့ မပြင်ပါ။ ပို့စ်မှာ ယူသုံးရင်တော့ ပြင်တယ်။ ဆောရီး။  ကင်ဆာနေရာတွေမှာတော့ ‘ဖြစ်’ ကို ‘ဖစ်’၊ ‘တွေ’ ကို ‘တေ’၊ ‘မှာ’ ကို ‘မာ’၊ ‘ရ’ ကို ‘က’၊ ‘ညီမ’ ကို ‘ညမ’၊ ‘ကျယ်မ’ စသဖြင့် ရေးတာတွေကိုတော့ ပြင်ပေးချင်တာ အတော်ကို လက်ယားတယ်။  ပို့စ်မှာ ယူသုံးရင်တော့ ပြင်တယ်။ ဆောရီး။  သတ်ပုံစာတင်ရင် ‘တ’ နဲ့ ‘တစ်’ လို့သာ စွပ်စွဲကြတယ်။ စွပ်စွဲသူတွေက ‘ဖတ်’ နဲ့ ‘ဖက်’၊ ‘တတ်’ နဲ့ ‘တက်’ ကို မသိကြသူတွေ။ ရက်စက်သူတွေ ကျဆုံးပါစေ။ မြန်မာစာကင်ဆာ ကျဆုံးပါစေ။ ဒေါက်တာတင့်ဆွေ

တသက်လုံး

တသက်လုံးလည်း မှန်။ မြန်မာစာဆရာကြီးတွေက မမှန်ကြပါ။ တပည့်လည်း မှန်။  မြန်မာစာဆရာကြီးတွေရဲ့ တပည့်တချို့က မမှန်ကြပါ။ သုတလည်း မှန်၏။ ကာတွန်းဆရာ ကွန်ဂရက်ကျူလေးရှင်း။ မကြာမီ သုတစ်လို့ ရေးလာကြတော့မည်။ ဘယ်နှစ်နှစ်လို့ ရေးရတယ်။ ဆောရီးပါ မြန်မာစာ။ ဒေါက်တာတင့်ဆွေ

သီချင်းခေါင်းစဉ်

သီချင်းခေါင်းစင်(ခေါင်းစဉ်)က ရွဲလိုက်တာလားစန္ဒာရယ်။ နားဆင်ပါရစေ ရွဲ့လိုက်တာလားစန္ဒာရယ်(မေလှမြိုင်) https://m.facebook.com/groups/1837266772968942/permalink/2239034506125498/?mibextid=Nif5oz ခေါင်း ခေါင်းကျိန်း  ခေါင်းချင်းရိုက်  ခေါင်းခု ခေါင်းခဲ  ခေါင်းစဉ် ခေါင်းစည်းကြိုး ခေါင်းစီးစာကြောင်း ခေါင်းဆတ်  ခေါင်းဆောင် ခေါင်းညိတ် (ခေါင်းညိမ့်) ခေါင်းတည်  ခေါင်းတပ်  ခေါင်းတုံး (ဦးပြည်း) ခေါင်းနားပန်းကြီး  ခေါင်းပန်းလှန်  ခေါင်းပါး  ခေါင်းပုံဖြတ်  ခေါင်းပေါင်း ခေါင်းဖြီးသည့်ဘီး ခေါင်းမြီးခြုံ  ခေါင်းမာ  ခေါင်းရွတ်ဗျပ်ထိုး  ခေါင်းရှုပ်  ခေါင်းရိတ်  ခေါင်းလျှော်ရည် ခေါင်းလောင်း ခေါင်းအုံ  ခေါင်းအုံးစွပ် တောခေါင်း  မီးခိုးခေါင်းတိုင် လိပ်ခေါင်းရောဂါ  လူသေအခေါင်း  ဝမ်းခေါင်း  ဝါးလုံးခေါင်း အခေါင်းပေါက်  ဦးခေါင်း စင် စဉ် ဆင် https://burmese-spelling.blogspot.com/2022/08/blog-post_45.html ဒေါက်တာတင့်ဆွေ

ဝါကောက်ချိန်

ဖွေးဖွေးဖြူ၊ ဝါပေါက်ဂွမ်းတို့  ဖုံးလွှမ်းသည့် တို့ယာမြေ  ကြည့်စမ်းပအေ။ ငွေသားနှင့် မခြားပေ ချည်မျှင်ရှည်ဝါဂွမ်း တို့တတွေ နေကုန်ကောက်ရတယ်  ချွေးပေါက်ပေါက်လွှမ်း။ ချွေးပေါက်တွေ မြေမှာကျရတဲ့  တို့ဘဝ အစွမ်းလေ  သိပါစအေ။ လူသားတို့အတွက်ပေ  ဝတ်ထည်တွေ ရက်ဖို့အရေး။  ချည်မျှင်ရှည် သည်ဝါပေါက်ကို  တို့ကောက်လို့ပေး။ စိတ်လက်ညီ တတပ်တအားနဲ့  လက်စားလိုက် ရွာ့လူကုန်  မြူးလိုက်ကြပုံ။  ရသမျှ တေးအစုံ  အသံကုန် ဟဲသူဟဲ။  ၀ါကောက်ချိန် တို့ယာတောမှာ  သာမောသည်ဘဲ။ (မောင်ယဉ်လှိုင်) ငွေတာရီမဂ္ဂဇင်း (၁၉၇၀ စက်တင်ဘာလ) Listener's Heaven Audiobooks - အသံစာအုပ် ကျွန်တော်တို့ငယ်ငယ်က အညာဒေသတွေမှာ ဝါခင်းတွေများပြီး ဝါစက်တွေလည်းပေါတယ်။ တောသူတောင်သားတွေက ဝါစိုက် ဝါကောက်ကြရပြီး ဝါစက်အများစုကို တရုပ်တွေက ပိုင်တယ်။ ကျွန်တော်ဆရာဝန်ဖြစ်တော့ ဝါတွေ သိပ်မစိုက်ကြတော့ပါ။ မဆလ စီမံကိန်းတွေ မအောင်မြင်။ ဝါစက်တွေလည်း ဘဝပြောင်းရတယ်။ ဝါလှန်းတဲ့ ကွန်ကရစ်ခုံပေါ်မှာ တင်းနစ်ကွင်းလုပ်တယ်။ ချည်ထည်တွေလည်း သိပ်မဝတ်ကြ။ ချည်ထည်ကောင်းမှန်း ပြန်သိလာတော့ တရုပ်ပြည်နဲ့ အိန္ဒိယကနေ သွင်းယူကြရတယ်။ ရက်ကန်းသမားတွေ အိန္ဒိယသွား အလုပ်လုပ်ကြရတာ ကနေ့အထိ။ ကဗျာထဲက တိ

Varanda ဝရန်တာ

ဆရာရှင့် balcony ကို မြန်မာလိုပြန်တဲ့အခါ မွေးစားစကားလုံးဆိုတော့ ဝရန်တာလား ဝရံတာပါလားရှင့် ဝရန်တာလို့ သင်ပေးလိုက်တာ ကလေးအိမ်က ဆရာမက ဝရံတာဆိုပြီးပြောနေလို့ပါ Balcony လသာဆောင် Varanda ဝရန်တာ  - banister, rail of a balcony; balustrade  - rail or beam used to dry or air clothes or corn  အသံထွက်ကို ယူရတာဖြစ်လို့ ရန် နဲ့ ရံ မကွာပါ။ အသံမှာ r သံထွက်မှသာ မှန်မယ်။ ဝယံတာလို့တော့ မရေးရပါ။ အသံထွက်ကို ယူရတာဖြစ်လို့ ရန် နဲ့ ရံ မကွာပါ။ အသံမှာ r သံထွက်မှသာ မှန်မယ်။ ဝယံတာလို့တော့ မရေးရပါ။ အတိအကျဆိုရင် ဝရန်ဒါ။  ဒါပေမဲ့ မြန်မာမှုပြာထာတာဖြစ်တော့ မူရင်းအသံထွက်အတိုင်းထွက်ရင် လူရယ်စရာဖြစ်ပြန်ရော။ တာသံထွက်ရင် သူများတိုင်းပြည်တွေရောက်တော့ အရယ်ခံရရော။ အဆင်ပြသလိုကြည့်ပြီးရေး သူများနားလည်သလို အသံထွက်နေရတော့တယ်။  မိခင်မြန်မာစာလုံးတွေကို မှန်အောင်မရေး၊ မှန်အောင်အသံထွက်တာကိုတော့ ပြင်သင့်ကြပါတယ်။ ဒေါက်တာတင့်ဆွေ

တသက်တာစာပေ

တောပန်းတပွင့် ပို့ပေးသူ ကျေးဇူး တောပန်းတပွင့်၏ တသက်တာသည် တိုတောင်းလှ၏တကား။ ဒေါက်တာတင့်ဆွေ

Whooping cough ဟု အမျိုးသမီးပါ

အာရုံကြော အားနည်းတာကို အင်္ဂလိပ် လို ဘယ်လိုခေါ်သလဲ တကယ်တော့ အဲလို အရပ်ပြောရောဂါ မရှိပါ။ ပြောတော့ အတော်ပြောကြတယ်။ ဘယ်နေရာမှာ ဘယ်လိုဖြစ်နေ၊ ဘယ်လို လုပ်မရ၊ စသဖြင့် ပြောရင် ဆရာဝန်တွေက စမ်းသပ် စစ်ဆေးမယ်၊ ရောဂါအမည် သိလာပါမယ်။ တခုခုကို အာရုံစူးစိုက်လို့မရဘူး ခေါင်းမူးတယ် ခြေဖျား လက်ဖျားထုံတယ် နေမကောင်းသူ ကလေး-လူကြီး-အသက်-ကျား-မ မသိပါ။ လူကြီးဆိုရင် သွေးဖိအား သိရမယ်။ အမျိုးသမီးဆိုရင် သွေးအားနည်း မနည်း သိရမယ်။ မေးတဲ့အကောင့်အမည်ကတော့ အမျိုးသမီးနဲ့တူတယ်။ ဒါပေမဲ့ မေးသူတယောက် ဖြစ်သူတယောက်တွေလည်း လာတတ်တယ်။ ဟု အမျိုးသမီးပါ အသက် ၃၆ ပါ ဟုတ်လို့ ရေးရ။ whooping cough ကြက်ညှာချောင်းဆိုးသံကို  ဟု ဟု ဟု လို့ အသံထွက်တယ်။ အာရုံကြော အားနည်းတဲ Video ကြည့်တယ် အာရုံကြော အားနည်းတဲ Video ကြည့်တယ် ပုံတွေ ဗီဒီယိုတွေ မကြည့်ပါ။ စာနဲ့သာ တိတိကျကျ ရိုးရိုးရှင်းရှင်းရေးသားပါရန်။ ဒေါက်တာတင့်ဆွေ

Yogi ယောဂီ Yoga ယောဂ

ဆရာ ယောဂီ နဲ့ ယောကီ ဘယ်ဟာကအမှန်လဲဆရာ Yogi ယောဂီ 1. a person who practices Yoga ယောဂအလေ့အကျင်ကို လိုက်စားသူ။ 2. an adherent of Yoga philosophy ယောဂ ဖီလော်ဆော်ဖီကို စွဲမြဲသူ။ ယောဂီဆိုသောစကားသည် ယောဂဟူသော ဆန်းစ်ကရစ် ခေါ် သင်္သကရိုက်ဘာသာမှ ဆင်းသက်လာသည့် စကားဖြစ်သည်။ အစုအရုံး၊ အပေါင်း အသင်း၊ အဖွဲ့အစည်းဟူသော အဓိပ္ပာယ်ရှိသည်။ ယောဂီပညာသည် ဟိန္ဒူဘာသာဝင်၊ တောရပ်မှီသော ရသေ့ကဲ့သို့ လောကီအာရုံ ကာမဂုဏ်အများကို ချိုးနှိမ်ပယ်ဖြတ်၍ သမထလုပ်ငန်းကို ကြိုးပမ်းကျင့်ကြံခြင်းဖြင့် မိမိတို့၏ စိတ်နှလုံးဖြူစင်သန့်ရှင်းကာ၊ သိဝအမည်ရှိ မိမိတို့ ဘုရားရှင်နှင့် တွေ့ဆုံပေါင်းမိနိုင်မည်ဟု အယူရှိကြသည်။ အိန္ဒိယနိုင်ငံတွင် ထိုပညာကို လေ့လာ လိုက်စားသူများအား ယောဂီဟု ခေါ်ကြသည်။ မြန်မာပြည်တွင်မူ ယခင်က ဘာသာရေးလိုက်နာ ကြင့်ကြံသူများကိုသာ ခေါ်ဆိုကြသည်။ ယခုအခါ ယောဂ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သူတွေကိုမူ ယောဂလေ့ကျင့်သူများလို့ခေါ်ကြပြီး၊ ယောဂီဟု မခေါ်ပါ။ ဒေါက်တာတင့်ဆွေ

မြန်မာ့ရိုးရာဟာသ

ဓူဝံကြယ် တောင်ဘက်ရွေ့သွားပြီ ရှေးအခါက ရွာတရွာတွင် မြေးအဘိုး ၂ -ယောက် သည် ညချမ်းအခါတွင် အိမ်ရှေ့ ကြမ်းပြင်သို့ထွက်ကာ ထွေရာလေးပါး စကားပြောနေကြလေသည်။ ထိုသို့ စကားပြောရင်းက မြေးကလေးသည် တိမ်ကင်းစင်နေ သောမိုးကောင်းကင်ကို မော် ကြည့်ရင်း အဘိုးအား မေးမြန်းလေသည်။ “အဘိုး...ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲ”  “ဟဲ့ - ဓူဝံကြယ်မှ နင် မ သိ ရော့ သ လား ဟယ်၊ ဟိုတောင်ဘက်က ပြောင်ပြောင် ၂ နဲ့ဟာပေါ့”  အဘိုးလုပ်သူသည် မသိသည်ကိုမသိဟု မပြောလို၊ ဝန်မခံလို၊ မြေးဖြစ်သူက မသိ၍မေးသည်ကို မိမိက အဘိုးဖြစ်ပါလျက် မဖြေနိုင်လျှင် ရှက်စရာကောင်းမည် ကြောင့် ဖြစ်သလို ဖြေလိုက်ခြင်း ဖြစ်ပေသည်။  ဤတွင် မြေးလုပ်သူက ကြားဘူးနားဝ ရှိသူဖြစ် သောကြောင့်  “ဒါဖြင့် ဘိုးဘိုး ကျွန်တော်ကြားဘူး တာနဲ့ လွဲနေပြီ၊ ကျွန်တော်ကြားတာက (မြောက်မှာ ဓူဝံ့၊ တောင်မှာတံငါကွန်) လို့သာ ဆိုပါလား”  ထိုအခါ အဘိုးဖြစ်သူက မိမိအပြောမှားနေသည် ကို သိသွားလျှင် ပို၍ အရှက်ရမည်ဖြစ်သောကြောင့် အခိုင်အမာ တခုပြမှ တော်တော့မည်ဟု သဘော ပေါက်ကာ  “ဟယ်- ဓူဝံကြယ် တောင်ဘက်ပြောင်း သွားတာ ဘာမှ မကြာသေးဘူး၊ ၄-၅-ရက်လောက် ဘဲ ရှိသေးတယ်။ အဲဒါ ဘယ်သူမှ မသိသေးဘူး၊ ငါသာ သိသေးတာ။ တိတ်တိတ်သာနေ--သူများ ကြားသွားမယ်